Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံခရိုင်တိုက်ပွဲအတွင်း ဌာနဆိုင်ရာစာရွက်စာတမ်းများ ဖျက်ဆီးထွက်ပြေးသည့် NonCDM များအား မှတ်တမ်းရယူထား

မြင်းခြံခရိုင် အထူးစစ်ဆင်ရေးအဖြစ် မြို့သုံးမြို့အားတိုက်ခိုက်ခဲ့သည့်တိုက်ပွဲအတွင်း ဌာနဆိုင်ရာ စာရွက်စာတန်းများနှင့်ပစ္စည်းများ ဖျက်ဆီးပြီးထွက်ပြေးသွားသည့် NonCDM ဝန်ထမ်းများအရေးယူနိုင်ရေး သက်သေအချက်အလက်များ ရယူထားကြောင်း အဆိုပါဒေသပြည်သူ့အုပ်ချုပ်ရေးတာဝန်ရှိသူများက ပြောသည်။

နွားထိုးကြီးမြို့အား PDFများသိမ်းပိုက်ပြီးနောက် တွေ့ရသော စစ်ကောင်စီရုံးများ။ ဓာတ်ပုံ - NPDF

မိထက်/People’s Spring

မြင်းခြံခရိုင် အထူးစစ်ဆင်ရေးအဖြစ် မြို့သုံးမြို့အားတိုက်ခိုက်ခဲ့သည့်တိုက်ပွဲအတွင်း ဌာနဆိုင်ရာ စာရွက်စာတန်းများနှင့်ပစ္စည်းများ ဖျက်ဆီးပြီးထွက်ပြေးသွားသည့် NonCDM ဝန်ထမ်းများအရေးယူနိုင်ရေး သက်သေအချက်အလက်များ ရယူထားကြောင်း အဆိုပါဒေသပြည်သူ့အုပ်ချုပ်ရေးတာဝန်ရှိသူများက ပြောသည်။

“Non CDM တွေထွက်ပြေးတုန်းက စာရွက်စာတမ်းတွေ ဖျက်ဆီးသွားတာရှိတယ်။ ရုံးပစ္စည်းတွေ တရားမဝင်ယူသွားတာ၊ ဖျက်ဆီးသွားတာ‌တွေရှိတယ်။ အများပြည်သူနဲ့သက်ဆိုင်တာကို အခုလိုဖျက်ဆီးယူဆောင်သွားသူတွေကို စနစ်တကျစာရင်းပြုစုပြီး တချိန်ချိန်မှာ အရေးယူဖို့ စာရင်ပြုစုထားပါတယ်”ဟု တောင်သာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ကောင်စီကလည်း တိုက်ပွဲဖြစ်ပွားနေသော မြင်းခြံ၊ တောင်သာနှင့် နွားထိုးကြီးမြို့များရှိ ဌာနဆိုင်ရာရုံးများမှ စာရွက်စာတန်း၊ ပစ္စည်း၊ ငွေကြေး ယန္တရားများ ရွှေ့ပြောင်းရန်အမိန့်ပေးသူ၊ ရွှေ့ပြောင်းသူ ဝန်ထမ်းများအား အပက(၃) အများပြည်သူပိုင်ပစ္စည်းများကာကွယ်စောင့်ရှောက်ရေးဥပဒေဖြင့် အရေးယူရန် ပြင်ဆင်နေကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အသိပေးထားသည်။

မြင်းခြံခရိုင် အထူးစစ်ဆင်ရေးအဖြစ် မြင်းခြံ၊ နွားထိုးကြီးနှင့်တောင်သာမြို့များမှ စစ်ကောင်စီစခန်းများကို ဩဂုတ် ၁၀ရက်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့သည်။

တိုက်ပွဲအတွင်း NonCDM ဝန်ထမ်းများလည်း ထွက်ပြေးသွားရာ အထက်ပါသုံးမြို့နယ်၌ စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားရပ်ဆိုင်းသွားပြီဟု တော်လှန်ရေးအင်အားစုများနှင့် ဒေသခံများက ပြောသည်။

” မြင်းခြံ‌ရော၊ နွားထိုးကြီးရော၊ တောင်သာပါ စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားရပ်ဆိုင်းသွားပါပြီ။ ရွာတွေရော မြို့တွေပါ ရပ်တာပါ”ဟု မြင်းခြံမြို့ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီဝန်ထမ်းအချို့သည် မြင်းခြံမြို့ရှိ သံမဏိစက်ရုံဝင်းအတွင်း၌ စစ်ကောင်စီအစောင့်အရှောက်ဖြင့် စုဝေးနေပြီး အများစုမှာ မိတ္ထိလာ၊ ပုပ္ပါး၊ကျောက်ပန်းတောင်း၊ ညောင်ဦးနှင့် မန္တလေးမြို့များသို့ ထွက်ပြေးသွားကြောင်း သတင်းရရှိသည်။

တောင်သာမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဟန်သူရလည်း ပုပ္ပါးဘက်သို့ ထွက်ပြေးသွားကြောင်း မြေပြင်တော်လှန်ရေးအင်အားစုများက ပြောသည်။

မြင်းခြံခရိုင်အတွင်း မြင်းခြံ၊ နွားထိုးကြီး၊တောင်သာမြို့နှင့် ငါန်းဇွန်မြို့တို့ပါဝင်သည်။စစ်ဆင်ရေးဖြင့် မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့တို့ကိုသာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် ယနေ့(ဩဂုတ် ၁၉ရက်)တွင် ငါန်းဇွန်မြို့နယ် ငါန်းမြာရဲစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။