Connect with us

Hi, what are you looking for?

သတင်း

သီပေါ ခလရ(၁၄၇)နှင့် ပြည်သူ့စစ်စခန်းများ MNDAA တိုက်ခိုက်သိမ်းပိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်မှ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ(၁၄၇)နှင့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်စခန်းများကို ကိုးကန့်တပ်(MNDAA)က တိုက်ခိုက်သိမ်းပိုက်လိုက်သည်။

ကိုးကန့်တပ်(MNDAA)မှ ရဲဘော်များ။ ဓာတ်ပုံ - MNDAA

မိထက်၊ ဟန်​နွေ /People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်မှ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ(၁၄၇)နှင့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်စခန်းများကို ကိုးကန့်တပ်(MNDAA)က တိုက်ခိုက်သိမ်းပိုက်လိုက်သည်။

သီပေါမြို့မှ နမ့်လန်မြို့ဘက်သို့ အထွက်လမ်း၌တည်ရှိပြီး စစ်ကောင်စီ အခိုင်အမာတပ်စွဲထားသည့် ခလရ(၁၄၇)ကို ယမန်နေ့( ဩဂုတ် ၂၁ရက်)တွင် တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

“ခလရ(၁၄၇)ကို မနေ့သိမ်းတယ်။အဲဒီမတိုင်ခင်မှာ ပြည်သူ့စစ်စခန်းတွေကို သိမ်းထားတာ။ တပ်ရင်း‌ထဲမှာ ကိုးကန့်အလံထောင်လိုက်ပါပြီ”ဟု အဆိုပါသတင်းရင်းမြစ်က ပြောသည်။

သီပေါမြို့နယ် နောင်ကော်ကြီးကျေးရွာတွင် အခြေစိုက်ထားသည့် ခမရ(၁၄၇) ကို ပြီးခဲ့သည့် ဇူလိုင် ၂၆ ရက်မှ စတင်ပြီး MNDAAက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီက လေကြောင်းမှအပြင်းအထန်ခုခံခဲ့သည်။

တစ်လနီးပါးအကြာတွင် MNDAA က သိမ်းယူနိုင်ခြင်းဖြစ်သည်။ တပ်ရင်းအနီး၌ စစ်ကောင်စီလက်အောက်ခံ ဆင်ကျော့ပြည်သူ့စစ်စခန်း သုံးခုရှိပြီး စခန်းအားလုံးသိမ်းပိုက်ပြီးဖြစ်ကြောင်း သတင်းရရှိသည်။

” ခလရ(၁၄၇)ကျတာ အတည်ပြုလို့ ရပါတယ်။ အဲဒါ နောင်ကော်ကြီး အထိုင်တပ်။ သီပေါနဲ့ ၁၇မိုင်ဝေးပါတယ်။ မနေ့က ၂နာရီမှာ ကျတယ်လို့ ပြောတယ်။ သီပေါ မြို့ အခြေအနေက ၂ရက်၊ ၃ရက် အတွင်းဗုံးကြဲတာရော၊ တိုက်ပွဲသံရော ငြိမ်နေပါတယ်တဲ့။အဓိကကတော့ ခလရ(၂၃)ပဲ ကျန်တော့တာပါ။ခမရ(၅၀၃)နဲ့ (၅၀၄)ထဲမှာက တပ်အင်အားကို မရှိတော့တာ”ဟု သီပေါဒေသခံက ပြောသည်။

သီပေါမြို့မှ စစ်ကောင်စီစခန်းများကိုလည်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် မဟာမိတ်များက တိုက်ခိုက်နေသည်။ TNLA ဦးဆောင်သည့်ပူးပေါင်းတပ်များက

သီပေါမြို့မရဲစခန်း၊ ထွေအုပ်ရုံးအပါအဝင်စစ်ကောင်စီစခန်းများကို ဩဂုတ် ၁၀ရက် ကစ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်များသည် အဆိုပါနေရာများမှ ထွက်ပြေးသွားပြီးနောက် ခလရ(၂၃)၊ ခမရ (၅၀၃)၊ ခမရ(၅၀၄)အတွင်းသို့ ဆုတ်ခွာသွားပြီး ယနေ့အထိခုခံ တိုက်ခိုက်နေဆဲဖြစ်သည်။ တိုက်ပွဲကာလအတွင်း စစ်ကောင်စီက လေကြောင်းမှာတိုက်ခိုက်ရာ အရပ်သား ၁၄ဦး သေဆုံးပြီး ၄၂ဦးဒဏ်ရာရရှိထားကြောင်း TNLAက သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA)ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ဒေသခံပြည်သူတွေ အခက်အခဲ ပြဿနာတွေ ကြုံနေရကြောင်း ရှမ်း(သျှမ်း)လူငယ်ကွန်ဂရက်က ဒီကနေ့ မေလ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ပြီး MNDAAအနေနဲ့ ဒေသခံတွေကို ဒုက္ခမပေးဘဲ ဒီမိုကရေစီစံနှုန်း ဖက်ဒရယ်စံနှုန်းနဲ့ ကိုက်ညီတာတွေကိုသာ စီမံဖို့ တိုက်တွန်းလိုက်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့အနီး တနေရာ ဒီနေ့ မေလ ၂၄ရက် ညနေပိုင်းက ရှော့တိုက်ဒုန်းနဲ့ပစ်ခတ်ခံရပြီး ပြင်းထန်တဲ့ပေါက်ကွဲမှု ၂ကြိမ်ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA)နဲ့ တအာင်းတပ်မတော်(TNLA)တို့ဟာ မကြာသေးမီက အချင်းချင်း တိုက်ပွဲတွေဖြစ်ခဲ့ပေမယ့် မဟာမိတ် အာရက္ခတပ်တော်(AA) ရဲ့ ဒီကနေ့ ကျရောက်တဲ့ တပ်မွေးနေ့ကို နှစ်ဖွဲ့ ပူးပေါင်းပြီး ဂုဏ်ပြု သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

ဆောင်းပါး

MNDAAရဲ့ လားရှိုးမြို့သိမ်းတိုက်ပွဲကနေ ‌ထွက်ပြေးသွားတဲ့ စစ်ဗိုလ်ချုပ်တစ်ဦးဟာ သမ္မတဘွဲ့ခံ အာဏာသိမ်းခေါင်း‌ဆောင်ရဲ့ မြှောက်စားမှုနဲ့အတူ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဖြစ်လာပါပြီ။