Connect with us

Hi, what are you looking for?

သတင်း

ရက္ခိုင် အမ်းမြို့နယ်ဦးတည်လာသည့် စစ်ကောင်စီတပ်ကို PRA ကြားဖြတ်တိုက်ခိုက်

ဗိုလ်ကြီးအပါအဝင် ၁၅ဦး ထိခိုက်သေဆုံးဟု အသိပေး

လူထုတော်လှန်ရေးမဟာမိတ်အင်အားစု(PRA-Magway)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - PRA

ဟန်နွေ/People’s Spring

ရက္ခိုင်ပြည်နယ် အမ်းမြို့နယ်ဘက်သို့ ထွက်ခွာလာသည့် စစ်ကောင်စီတပ်ကို မကွေးတိုင်း ငဖဲမြို့နယ် ပဒါန်း-အမ်း လမ်းပိုင်း၌ ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း လူထုတော်လှန်ရေးမဟာမိတ်အင်အားစု(PRA-Magway)စစ်ဦးစီးချုပ် ကိုနောင်သူရိန်က ပြောသည်။

ဩဂုတ် ၂၉ရက် နံနက် ၅နာရီကျော်တွင် ပဒါန်းအခြေစိုက် အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(မစခ-၉၀၅)မှ ထွက်လာသည့် အင်အား ၆၀ ခန့်ပါ စစ်ကောင်စီ ယာဉ် ၂စီးကို ပဒါန်း-အမ်း လမ်းပိုင်း စပ်စီကျေးရွာ အထက်တွင် စောင့်ကြို မိုင်းစွဲတိုက်ခိုက်ခဲ့သည်ဟု PRAက ထုတ်ပြန်ထားသည်။

အပြန်အလှန်ပစ်ခတ်မှု နာရီဝက်နီးပါး ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်သူများကို သယ်ဆောင်ကာ ပဒန်းဘက်သို့ ပြန်ဆင်းလာရာ စပ်စီကျေးရွာအနီး ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ဟုဆိုသည်။

Public Service Announcement

Public Service Announcement

” ဒီစစ်ကောင်စီ စစ်ကြောင်းက မစခ(၉၀၅)ထဲကနေ ထွက်လာတယ်။အမ်းဘက်ကို စစ်ကူသွားဖို့ ဆိုတဲ့ ပုံစံမျိုးပေါ့။ အရင်ကတည်းကလည်း စစ်ကူသွားတာမျိုး အင်အား အချိန်းအပြောင်းလုပ်တာမျိုးတွေ လုပ်တက်တယ်။ ကျနော်တို့ ဒီကားတက်လာမယ်ဆိုတာကို ကြိုသတင်းရလို့ စောင့်ကြိုပြီး တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်”ဟု PRA စစ်ဦးစီးချုပ်က ပြောသည်။

လက်နက်ခဲယမ်းအပါအဝင် အခြေအနေအမျိုးမျိုးကြောင့် ရှင်းလင်းရေး မလုပ်နိုင်ခဲ့၍ စစ်ကောင်စီထံမှ လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှု မရှိဟု ဆိုသည်။

တိုက်ပွဲအတွင်း ကပစ(၁၄)မှ ဗိုလ်ကြီး မျိုးကျော်သူ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ဦးခန့် ထိခိုက်သေဆုံးသည်ဟု မြေပြင်သတင်းကို ကိုးကားပြီး PRAက ထုတ်ပြန်သည်။

ဗိုလ်ကြီးမျိုးကျော်သူသည် ငဖဲမြို့ရှိ စစ်မှုထမ်း ကိစ္စများနှင့် ပတ်သက်ပြီး တာဝန်ယူထားသူဖြစ်သည်ဟု ဆိုသည်။

ဩဂုတ် ၉ရက်ကလည်း ငဖဲမြို့နယ် စွန်ပျော်ကျေးရွာတွင် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၂ဦး သေဆုံးခဲ့ကြောင်း၊ ဩဂုတ် ၁၁ရက်ကလည်း စစ်ကောင်စီ၏နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေး ရေဒါစခန်းကို PRAထုတ် ၆၀ မမ ရော့ကတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု အသိပေးထားသည်။

PRAသည် မင်းဘူးခရိုင်အတွင်းအခြေပြုလှုပ်ရှားလျက်ရှိပြီးနိုင်ငံတဝန်း စစ်နယ်ဝန်း ကျယ်ပြန်လာမှုနှင့်အတူ တပြေးညီ အကောင် အထည်ဖော်နိုင်ရန် တိုက်ပွဲဝင်လျက်ရှိကြောင်း၊ စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

ယခု စစ်ကောင်စီတပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့သည့် ပဒါန်း-အမ်းလမ်းပိုင်းသည် ရက္ခိုင် ပြည်နယ်အတွင်း အဝင်အထွက် လမ်းပေါက်များထဲမှ တစ်ခုဖြစ်ကြောင်း PRA စစ်ဦးစီးချုပ်က ပြောသည်။

” ရခိုင်ဘက်မှာ လည်းတိုက်ပွဲတွေပြင်းထန်နေတဲ့အခါမှာ မင်းဘူး-အမ်းလမ်းက နပခ(အမ်းမြို့ အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်) ရဲ့ပြေးပေါက်လို့တောင် ပြောလို့ရတယ်။”ဟုလည်း ၎င်းက ပြောသည်။

တော်လှန်ရေး၏ တိုးတက်ပြောင်းလဲမှုကို မြင်တွေ့နေရပြီဖြစ်ပြီး PRA အနေဖြင့် ယခုထက်ပိုမို စစ်ရှိန်မြှင့်နိုင်ရေး ကြိုးပမ်းနေသည်ဟု အသိပေးသည်။

အာရက္ခတပ်တော်(AA)အနေဖြင့် နပခ စစ်တိုင်း အပါအဝင် ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်အားလုံး ကင်းစင်အောင် တိုက်ခိုက်မည်ဟု အသိပေးထားပြီး လက်ရှိတွင်လည်း ရခိုင်ရှိ မြို့နယ် ၁၇ခုအနက် မြို့နယ် ၁၀ခုထက်မနည်းကို AAက သိမ်းပိုက်ထိန်းချုပ်ထားပြီး ကျန် မြို့နယ် များကိုလည်းဆက်လက်သိမ်းပိုက်နိုင်ရေး တိုက်ခိုက်မည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။