Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲပြန် BLDF ရဲဘော်များအား ပြည်သူများကြိုဆို

စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းရှိ တိုက်ပွဲအသီးသီးမှပြန်လာသော ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF)တပ်ဖွဲ့ဝင် ရဲဘော်များအား ပြည်သူများက အောင်သပြေပန်းများဖြင့်ဂုဏ်ပြုကြိုဆိုခဲ့သည်။

တိုက်ပွဲပြန်ရဲဘော်များအား ကြိုဆိုနေစဥ်။ ဓာတ်ပုံ-BLDF

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းရှိ တိုက်ပွဲအသီးသီးမှပြန်လာသော ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF)တပ်ဖွဲ့ဝင် ရဲဘော်များအား ပြည်သူများက အောင်သပြေပန်းများဖြင့်ဂုဏ်ပြုကြိုဆိုခဲ့သည်။

ယနေ့(သြဂုတ်၃၁ရက်)တွင် BLDFရဲဘော်များအား ပြည်သူများက အောင်သပြေပန်းများဖြင့် ကြိုဆိုနေသည့်ဓာတ်ပုံများကို ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

“ရှေ့တန်းတိုက်ပွဲနေရာ အသီးသီးကနေ တိုက်ပွဲဝင်ပြီး စစ်ရေးစီမံချက်အတိုင်း ဆက်လက်ချေမှုန်းတိုက်ခိုက်ဖို့နောက်တန်းကို ပြန်စုဖွဲ့ဖို့ ခဏ ပြန်လာတာပါ။”ဟု BLDF ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

BLDFမှ ရဲဘော်များသည် ကနီမြို့၊ ဘုတလင်မြို့၊ ဆားလင်းကြီးမြို့၊ ပုလဲမြို့ရှိ စစ်ကောင်စီတပ် စခန်းများနှင့် ယင်းမာပင်မြို့နယ် ဘန့်ဘွေးပျူစောထီးကျေးရွာအား တိုက်ခိုက်ချေမှုန်းသည့် တိုက်ပွဲများတွင် ပါဝင်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့အပြင် မြိုင်မြို့နယ်ရှိ ကိုင်းတောမစခန်းသိမ်းတိုက်ပွဲတွင်လည်း မဟာမိတ်တော်လှန်ရေးအင်အားစုများနှင့်အတူ ပါဝင်တိုက်ခိုက်ကာ စစ်ကောင်စီစခန်းအချို့ကို ချေမှုန်း သိမ်းပိုက်နိုင်ခဲ့ကြောင်း BLDFက အသိပေးသည်။

ထို့အပြင် စစ်ကိုင်းတိုင်းအောက်ပိုင်းရှိ စစ်ကောင်စီစခန်းတစ်ခုအား မဟာမိတ်တပ်များနှင့် ပူးပေါင်း၍ ၂လကျော် ပိတ်ဆို့ဝန်းရံထားကြောင်း BLDFက ထပ်မံအသိပေးသည်။

BLDFသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် အမှတ်(၁)စစ်ဒေသ၏ အမိန့်ပေး ကွပ်ကဲမှုစနစ်အောက်တွင် ရန်သူတပ်စခန်းအချို့အား တိုက်ခိုက်နေကြောင်း သိရသည်။

ထို့အပြင် BLDFသည် မဟာမိတ်တော်လှန်ရေးပူးပေါင်းတပ်များနှင့် ပူးပေါင်း၍ စစ်ကောင်စီစခန်းများအား ချေမှုန်းသိမ်းပိုက်နိုင်ရေး စုဖွဲ့ပြင်ဆင်နေကြောင်း ထုတ်ပြန်ထားသည်။

(တိုက်ပွဲပြန်ရဲဘော်များအား ကြိုဆိုနေစဥ်။ ဓာတ်ပုံ-BLDF)

ဆက်စပ်သတင်းများ

သတင်း

​စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ ကင်းပုန်းဝပ်ဖို့ ပြင်ဆင်နေတဲ့ စစ်တပ်စစ်ကြောင်းကိုတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ရာ စစ်တပ်က ၇ ဦးခန့် သေဆုံးကြောင်း ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်မှာ နေအိမ်တွေ မီးရှို့နေတဲ့ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ သေဆုံးသူတွေနဲ့ ဖမ်းမိသူတွေရှိတယ်လို့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF) တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ စစ်ကောင်စီရဲ့ ထွေအုပ်ရုံးက လက်နက်ကြီးနဲ့ မြို့အစွန်ရပ်ကွက်တွေကို ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၅ဦး သေဆုံးပြီး ၄ဦးထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ BLDFအညာမိုင်းတပ်ခွဲက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် မှန်ချိုကျေးရွာကို ဒီနေ့ မနက်ပိုင်းက စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာမို့ အမျိုးသမီးနှစ်ဦး သေဆုံးပြီး ၈ဦးခန့် ဒဏ်ရာ ရခဲ့တယ်လို့ BLDF တပ်ခွဲအညာမိုင်း တပ်ဖွဲ့က ပြောပါတယ်။