Connect with us

Hi, what are you looking for?

သတင်း

မန္တလေးရှိ တက္ကသိုလ် ၁၅ ခုမှ ကျောင်းသားသမဂ္ဂများစုပေါင်း၍ ရဲဘော်များနှင့် စစ်ဒဏ်သင့်ပြည်သူများအတွက်ကူညီရန် “ရွှေမန်းဆီသို့” ကမ်ပိန်း ပြုလုပ်ရန် စီစဥ်နေ

မန္တလေးအခြေစိုက် တက္ကသိုလ် ၁၅ ကျောင်းမှ ကျောင်းသားသမဂ္ဂများစုပေါင်း၍ ရဲဘော်များနှင့် စစ်ဒဏ်သင့်ပြည်သူများအတွက် ရန်ပုံငွေရှာ​ဖွေမည့် “ရွှေမန်းဆီသို့ ကမ်ပိန်း ပြုလုပ်သွားမည်ဟု သတင်းရရှိသည်။

၂၀၂၁ ​ဖေ​ဖော်ဝါရီလက မန္တလေးမြို့၌ စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့သည့် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ရဲဘော်များအားတွေ့ရစဥ်။ဓာတ်ပုံ-CJ

ဇေအောင်/People’s Spring

မန္တလေးအခြေစိုက် တက္ကသိုလ် ၁၅ ကျောင်းမှ ကျောင်းသားသမဂ္ဂများစုပေါင်း၍ ရဲဘော်များနှင့် စစ်ဒဏ်သင့်ပြည်သူများအတွက် ရန်ပုံငွေရှာ​ဖွေမည့် “ရွှေမန်းဆီသို့ ကမ်ပိန်း ပြုလုပ်သွားမည်ဟု သတင်းရရှိသည်။

မန္တလေးဒေသတွင်း ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ စစ်ရေးအရှိန် မြင့်တက်နေကြောင်း၊ မိုးကုတ်၊ သပိတ်ကျင်း၊ စဥ့်ကူးမြို့များကို တော်လှန်ရေးတပ်ဖွဲ့များ(EROs)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နှင့် ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ထားပြီး မတ္တရာ၊ ပုသိမ်ကြီး၊ နွားထိုးကြီး၊ မြင်းခြံ၊ တောင်သာ မြို့များတွင်လည်း တော်လှန်ရေးအင်အားစုများက ထိုးစစ်ဆင်နေကြောင်း မန္တလေးအခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများက စက်တင်ဘာ ၁ရက်တွင် ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

စစ်ရှုံးနေသော စစ်ကောင်စီကလည်း ပြည်သူလူထုအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်နေပြီး ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ၍ နေထိုင်စားသောက်ရေး၊ ကျန်းမာရေး အခက်အခဲများရှိနေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့ကြောင့် မန္တလေးအခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများက ထိုးစစ်ဆင်တိုက်ခိုက်နေသော ရဲဘော်များနှင့် စစ်ဒဏ်သင့်ပြည်သူများအား ဝန်းရံကူညီအားဖြည့်ရန် ရန်ပုံငွေရှာ​ဖွေရေးအစီအစဥ်များ ဆောင်ရွက်သွားမည်ဟု အသိပေးသည်။

“လက်ရှိကမ်ပိန်းမှာတော့ ရတဲ့ရန်ပုံငွေအားလုံးကို မန္တလေးဒေသတွင်း/မန္တလေးဒေသအခြေပြု မြေပြင်တပ်ဖွဲ့တွေကိုအများစုပေးအပ်သွားမှာဖြစ်တယ်။ သပိတ်အဖွဲ့တွေ ၊ စစ်ဘေးရှောင်ရန်ပုံငွေအတွက်လည်း ရာခိုင်နှုန်းတခု ပေးအပ်လှူဒါန်းသွားမှာဖြစ်ပါတယ်။ပြည်သူတွေကိုတော့ ကျွန်တော်တို့ ကမ်ပန်းမှာ တတ်နိုင်သလောက် ဝန်းရံပါဝင်ပေးကြဖို့ တိုက်တွန်းပြောကြားချင်ပါတယ်။”ဟု မန္တလေးအခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများအဖွဲ့မှ ကမ်ပိန်းအဖွဲ့ဝင် ကို Stanက ပြောသည်။

ထို့ကြောင့် မန္တလေးဒေသတွင်း တော်လှန်ပြည်သူများအနေဖြင့် ပြုလုပ်မည့်အစီအစဥ်များတွင် ပူးပေါင်းပါဝင်ရင်း မန္တလေးသူ မန္တလေးသားအချင်းချင်း သွေးနီးကြောင်း ပြသပေးရန် မန္တလေးအခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများက တိုက်တွန်းနှိုးဆော်ထားသည်။

မန္တလေးအခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများသည် မန္တလေးမြို့ရှိ ရတနာပုံတက္ကသိုလ်၊ မန္တလေးနိုင်​ငံခြားဘာသာတက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ မန္တလေး နည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး)၊ မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ်၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(မန္တလေး)၊ ဆေးတက္ကသိုလ်(မန္တလေး)ကျောင်းသားများသမဂ္ဂ တော်လှန်ရေးတပ်ဦး၊ မန္တလေး ကွန်ပျူတာ တက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်(မန္တလေး)၊ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်(မန္တလေး)၊ အမျိုးသားယဥ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)၊ နည်းပညာတက္ကသိုလ်(မန္တလေး)၊ တိုင်းရင်းဆေးတက္ကသိုလ်၊ သူနာပြုသင်တန်းကျောင်း(မန္တလေး)အစရှိသည့် တက္ကသိုလ် ၁၅ ကျောင်းများမှ ကျောင်းသားသမဂ္ဂများ စုပေါင်းထားသည့် တပ်ပေါင်းစုဖြစ်ကြောင်း၊ အဖွဲ့ဝင်များသည် စစ်တပ်အာဏာသိမ်းပြီးနောက် လမ်းပေါ်သပိတ်ကာလမှ ယခုလက်နက်ကိုင်တော်လှန်ရေးအထိ နယ်မြေအသီးသီး၌ စစ်အာဏာရှင်ဆန့်ကျင်ရေးလုပ်ငန်းစဉ်များ၌ ပါဝင်ထမ်းဆောင်နေဆဲဖြစ်ကြောင်း မန္တလေးတကသများအဖွဲ့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်ကောင်စီတပ်က လုံခြုံရေးအကြောင်းပြ ပိတ်ထားတဲ့လမ်းတွေကို ပြန်ဖွင့်ပေမယ့် တရုတ် ကောင်စစ်ဝန်ရုံး ရှေ့ကလမ်းကိုတော့ ဆက်လက်ပိတ်ဆို့ထားကြောင်း ဒေသခံ တွေကပြောပါတယ်။