ဟန်နွေ/People’s Spring
ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူဒေသရှိ စစ်ကောင်စီ ရဲစခန်းကို ယနေ့ သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော်(DPLA) ပြောရေးဆိုခွင့်ရှိသူ ကိုအမောင်က ပြောသည်။
DPLAသည် စက်တင်ဘာ ၆ရက်တွင် စစ်ကောင်စီတပ် နှင့် တိုက်ပွဲ ၃ကြိမ်ဖြစ်ပွားခဲ့ရာ ကျောက်ဂူရဲစခန်း အနီး တစ်ကြိမ်၊ စစ်ကောင်စီတပ် စစ်ကြောင်းနှင့် နှစ်ကြိမ် တိုက်ပွဲဖြစ်ခဲ့သည်ဟုဆိုသည်။

Public Service Announcement
” ရဲစခန်းကို ကျနော်တို့ သွားတိုက်တာပါ။ ထိခိုက်မှုကတော့ အသေးစိတ် မသိရသေးဘူး” ဟု ကိုအမောင်က ပြောသည်။ လက်ရှိတွင် နှစ်ဖက် စစ်ဆိုင်ထားသည့် အခြေအနေဖြစ်ကြောင်းလည်း ကိုအမောင်က ပြောသည်။
DPLAသည် ဩဂုတ် ၈ရက်ကလည်း ကျောက်ဂူဒေသ၌ စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ် ၉ဦးသေဆုံးပြီး စစ်သုံ့ပမ်း ၈ဦးနှင့် လက်နက် ၁၉လက်ကို သိမ်းရခဲ့သည်။
ယနေ့တွင်လည်း ရဲစခန်း တိုက်ခိုက်မှုအပြင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ခဲ့ကြောင်း DPLFက ထပ်မံ အသိပေးထားသည်။ တိုက်ပွဲအသေးစိတ် အခြေအနေများကို ဖော်ပြမထားပေ။
DPLAသည် တအာင်းတပ်မတော်(TNLA)နှင့်လက်တွဲပြီး ရှမ်းမြောက်ဒေသ စစ်ဆင်ရေးတွင်လည်း ပါဝင်နေသည့် တပ်ဖွဲ့ဖြစ်သည်။


















































