Connect with us

Hi, what are you looking for?

သတင်း

ယင်းမာပင်ခရိုင်ဗျူဟာ(၄၈)ရဲဘော်များ အထူးတိုက်ခိုက်ရေး သင်တန်းတက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်ဗျူဟာ(၄၈) ရဲဘော်များသည် အထူးတိုက်ခိုက်ရေးသင်တန်းတက်ရောက်ခဲ့ကြောင်း အဆိုပါဗျူဟာ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ဓာတ်ပုံ - ယင်းမာပင်ခရိုင်ဗျူဟာ(၄၈)

ရဲခေါင်/People’s Spring

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်ဗျူဟာ(၄၈) ရဲဘော်များသည် အထူးတိုက်ခိုက်ရေးသင်တန်းတက်ရောက်ခဲ့ကြောင်း အဆိုပါဗျူဟာ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

လေ့ကျင့်ရေးသည် စစ်ဆင်ရေးဖြစ်ပြီး စစ်ဆင်ရေးသည် လေ့ကျင့်ရေးဖြစ်၍ ပြည်သူ့စစ်သားကောင်းများအဖြစ် စစ်ကောင်စီအား တိုက်ခိုက်မည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“အားလုံး တာဝန်အသီးသီး ထမ်းဆောင်နေကြပါပြီ။စစ်ရေးလုံခြုံရေးအရတော့ နေရာကိုတော့ မပြောတော့ပါဘူး”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

ယင်းမာပင်ခရိုင် ဗျူဟာ(၄၈)တွင် ယင်းမာပင်ခရုင် တပ်ရင်း -၃၊ တပ်ရင်း -၄ နှင့် တပ်ရင်း -၅တို့ဖြင့်ဖွဲ့စည်းထားကြောင်း သိရသည်။

ယင်းမာပင်ခရိုင် တပ်ရင်းအချို့သည့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မြို့သိမ်းတိုက်ပွဲများ၌ တိုင်းရင်းသား လက်နက်ကိုင်များနှင့်ပူးတွဲတိုက်ပွဲဝင်နေမှုများလည်း ရှိသည်။

ဆက်စပ်သတင်းများ