Connect with us

Hi, what are you looking for?

သတင်း

ရှမ်းပြည်နယ်အရှေ့ပိုင်း၌ မိုးကြီးပြီး ရေဘေးကြုံနေ

ရှမ်းပြည်နယ်အရှေ့ပိုင်း၌ မိုးသည်းထန်စွာရွာနေ၍ မယ်ဆိုင်ချောင်းရေလျှံကာ တာချီလိတ်မြို့ပေါ်ရပ်ကွက်များရေဘေးဆိုးဝါးစွာကြုံတွေ့နေသည်။

တာချီလိတ်မြို့တွင် ယနေ့ နံနက်ပိုင်း ရေကြီးနေစဉ် ဒေသခံများအား လူမှုကူညီရ ရေးအဖွဲ့များကဘေးလွတ်ရာသို့ပို့ဆောင်နေစဉ်။ ဓါတ်ပုံ - U Hla Moe

မိထက်/People’s Spring

ရှမ်းပြည်နယ်အရှေ့ပိုင်း၌ မိုးသည်းထန်စွာရွာနေ၍ မယ်ဆိုင်ချောင်းရေလျှံကာ တာချီလိတ်မြို့ပေါ်ရပ်ကွက်များရေဘေးဆိုးဝါးစွာကြုံတွေ့နေသည်။

စက်ဝင်ဘာလ ၉ရက် မွန်းလွဲပိုင်းမှစ၍ မိုးသည်းထန်စွာရွာပြီး ယနေ့(စက်တင်ဘာလ ၁၀ရက်) မနက်အစောပိုင်းတွင် မြို့ထဲရပ်ကွက်များအတွင်းသို့ပါ ရေစတင်ဝင်ရောက်ခြင်းဟု တာချီလိတ်မြို့ခံများကပြောသည်။

ရေများဆက်တိုက်တက်လာပြီး နေအိမ်အောက်ထပ်များသို့ပါ ရေဝင်​နေသည်။ ​ရေဝင်လာသဖြင့်မြေနိမ့်ပိုင်းနေရာများမှဒေသခံများကို လူမှုကူညီရေးအဖွဲ့များနှင့်ဒေသခံများက ဘေးလွတ်ရာသို့အရေးပေါ်ရွှေ့ပြောင်းပေးနေရသည်။

Public Service Announcement

Public Service Announcement

“တံတားကိုပါ ရေကျော်သွားပြီ။ ထိုင်းဘက်မှာလည်းရေတွေကြီးနေတယ်။ တာချီလိတ်လည်းတော်တော်ဆိုးနေတယ်။ ဒီတခါ ရေတက်တာ အဆိုးဆုံးပဲ” ဟု တာချီလိတ်မြို့ခံတဦးကပြောသည်။

တောင်တရုတ်ပင်လယ်တွင်ဖြစ်ပေါ်ခဲ့ သော တိုင်ဖွန်းမုန်တိုင်း ယာဂီသည် တရုတ်နှင့် ဗီယက်နမ်နိုင်ငံတို့ကို ဖြတ်သန်းတိုက်ခတ်ပြီး ကုန်းတွင်းမုန်တိုင်းငယ်အဖြစ်အားလျော့သွားကာ မုန်တိုင်းမှ အကြွင်းအကျန်တိမ်တိုက်များနှင့် လေပွေလှိုင်းများသည် မြန်မာနိုင်ငံ အရှေ့ပိုင်းမှတဆင့် ရှမ်းပြည်နယ်သို့ ဝင်ရောက်နေခြင်းဖြစ်သည်။ထို​ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီးတာချီလိတ်မြို့အပြင် ရှမ်းပြည်နယ်အရှေ့ပိုင်းမှမြို့နယ်များ ရေကြီးနစ်မြုပ်မှုများကြုံတွေ့နေရသည်။

တာချီလိတ်မြို့တွင် ယနေ့ နံနက်ပိုင်း ရေကြီးနေစဉ် ဒေသခံများအား လူမှုကူညီရ ရေးအဖွဲ့များကဘေးလွတ်ရာသို့ပို့ဆောင်နေစဉ်။ ဓါတ်ပုံ – U Hla Moe

” ဝ‌‌ဒေသဘက်လည်း ရေဘေးတော်တော်ဆိုးတယ်။ ရှမ်းအရှေ့မှာ မြို့တော်တော်များများ ရေဘေးထိနေတယ်။ မိုးက သည်းလိုက် ရပ်လိုက်နဲ့ ဖြစ်နေတယ်” ဟု မိုင်းယွန်းမြို့မှဒေသခံတဦးကပြောသည်။

လတ်တလောရေဘေးကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေများကိုမူမသိရှိရသေးပေ။

ယာဂီမုန်တိုင်းအရှိန်ကြောင့်ဖြစ်ပေါ်လာသည့် တိမ်တိုက်များနှင့်လေ ပွေလှိုင်းများသည်ရှမ်းပြည်နယ်ကို ဝင်ရောက်ပြီးနောက်မန္တလေးတိုင်းကိုဆက်လက်ဖြတ်သန်းမည်ဖြစ်၍မန္တလေးတိုင်း၊ မကွေးတိုင်းမြောက်ပိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းအရှေ့ပိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် မိုးများလာနိုင်ကြောင်းမိုး​လေဝသ​စောင့်ကြည်​သောကွန်ယက်များက သတိပေးချက်များထုတ်ပြန်ထားသည်။

စက်တင်ဘာလ ၉ရက်မှ စက်တင်ဘာလ ၁၂ရက်အတွင်း ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ရှမ်းပြည်နယ်တို့တွင်မိုးကြီးနိုင်၍ ရေဘေးနှင့် မြေပြိုမှုဘေး အထူးသတိပြုနေထိုင်ကြရန်အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာန (MOHADM) က သတိပေးချက်ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မိုးရာသီရောက်တိုင်းရေဘေးနဲ့မြေပြိုမှုဘေးရင်ဆိုင်နေရတဲ့ကချင်ပြည် နယ်၊ဖားကန့်မြို့နယ်မှာသုံးရက်ခန့်မိုးကြီးပြီးတဲ့နောက်ဒီကနေ့(ဇွန်လ ၁၄ရက်)မနက်ပိုင်းကစပြီး ရပ်ကွက်နဲ့ကျေးရွာအချို့ရေဘေးကြုံတွေ့နေရပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်းမြို့နယ်အချို့မှာ ရေကြီးနစ်မြုပ်မှုဆက်တိုက်ရင်ဆိုင်နေရပြီး ယမန်နေ့(‌ဇွန်လ ၆ရက်)ကလည်း ရွှေညောင်မြို့မှာ တောင်ကျရေကြောင့် မြေနိမ့်ပိုင်းနေရာတွေ ရေကြီးမှုဖြစ်ခဲ့ပါတယ်။

သတင်း

ဘင်္ဂလားပင်လယ်အော်မှာမေလနှောင်းပိုင်းအတွင်းလေဖိအားနည်းရပ်ဝန်း ထပ်မံဖြစ်ပေါ်နိုင်ပြီး ရန်ကုန်တိုင်းအပါအဝင် တိုင်းနဲ့ပြည်နယ် ၁၀ ခုမှာ မိုးကြီးနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MOSLHA )ကထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းမှလောက်ကိုင်မြို့အပါအဝင်ကိုးကန့်တပ်မတော် (MNDAA) ထိန်းချုပ်ဒေသအချို့နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းမှတာချီလိတ်မြို့တွင် မိုးကြီးပြီးနောက် ရေးဘေးတကျော့ပြန်ရင်ဆိုင်နေရသည်။