Connect with us

Hi, what are you looking for?

သတင်း

ဝမ်းတွင်းတွင် ရေဘေးကယ်ဆယ်ရေးများ မရောက်သေး၍ သက်ကြီးရွယ်အိုနှင့် ကလေးငယ်များ ပိတ်မိနေ

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်ရှိ ရေကြီးနေသော ကျေးရွာအများအပြားသို့ ရေဘေးကယ်ဆယ်ရေးများ ရောက်မလာသေး၍ သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်များ ပိတ်မိနေကြောင်း ဒေသခံများက ပြောသည်။

ဝမ်းတွင်းမြို့နယ်အတွင်း ပိတ်မိနေသောပြည်သူအချို့အား တွေ့ရစဥ်။ဓာတ်ပုံ-CJ

ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်ရှိ ရေကြီးနေသော ကျေးရွာအများအပြားသို့ ရေဘေးကယ်ဆယ်ရေးများ ရောက်မလာသေး၍ သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်များ ပိတ်မိနေကြောင်း ဒေသခံများက ပြောသည်။

စမုံဆည်နှင့် ကင်းတားဆည်မှ ရေများလွှတ်နေ၍ ယနေ့ (စက်တင်ဘာ ၁၂ရက်) နံနက်ပိုင်းတွင် ဝမ်းတွင်းမြို့နယ်ရှိ ဆူးပန်း၊ ကြွယ်ကန်၊ ကျောက်အိုး၊ သပြေသာ၊ ရိုးစုံ၊ညောင်အုပ်ဖီး၊ ကုန်းရွာ၊ ဒုန်းကုန်း၊ဆားတောင် စသည့်ကျေးရွာများ ရေများဝင်ရောက်ကာ နစ်မြုပ်နေပြီး အရေးပေါ်ကယ်ဆယ်ပေးရန်လိုအပ်နေကြောင်း ဒေသခံများက ပြောသည်။

ဝမ်းတွင်းမြို့နယ်အတွင်း ပိတ်မိနေသောပြည်သူအချို့အား တွေ့ရစဥ်။ဓာတ်ပုံ-CJ

” ကယ်ဆယ်ရေးတွေမလာသေးဘူး။ အသက်ကြီးတဲ့လူကြီးတွေ ဘယ်မှကို ထွက်လို့မရတော့ဘူး။ ကလေးတွေကော အသက်ကြီးတဲ့သူတွေကော အကုန်ပိတ်မိနေတယ်။ မိုးကလည်းမတိတ်ဘူး။ အကုန်ဒုက္ခရောက်နေကြတယ်။”ဟု ဆားတောင်စံပြကျေးရွာဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စက်တင်ဘာ ၁၀ရက်ကတည်းက သည်းထန်စွာရွာသွန်းနေသောမိုးကြောင့် ဝမ်းတွင်းမြို့နယ်ရှိ စမုံဆည်နှင့် ကင်းတားဆည်မှာ ရေများ ဖွင့်ချနေရပြီး ယမန်နေ့(စက်တင်ဘာ၁၁ရက်)ညပိုင်းတွင် ဆည်အောက်ဘက်ရှိ ကျေးရွာအများအပြားအား ပြောင်းရွှေ့ခဲ့ရသည်။

ဝမ်းတွင်းအောက်ဘက်ရှိ မြစ်သားမြို့နယ်တွင်လည်း ကျေးရွာအများအပြင် မြို့ပေါ်၌ပါ ရေကြီးရေလျှံနေ၍ ရွှေ့ပြောင်းနေရကြောင်း မြစ်သားဒေသခံများက ပြောသည်။

ဝမ်းတွင်းအထက်ဘက်ရှိ ပျော်ဘွယ်၊ ရမည်းသင်း၊ နေပြည်တော်၊ တောင်ငူမြို့နယ်များတွင်လည်း ရေကြီးရေလျှံမှု ဆိုးရွားစွာဖြစ်ပေါ်နေပြီး ပြည်သူအချို့ သေဆုံးမှုများပင် ရှိနေသည်။

“ဘာကယ်ဆယ်ရေးမှမရှိပါဘူး။ကိုယ်ထူကိုယ်ထပဲ။”ဟု Voice Of Wundwin အဖွဲ့ဝင်တစ်ဦးက ပြောသည်။

စစ်ရှုံးနေသော စစ်ကောင်စီတပ်သည် တိုက်ခိုက်ရေးကိုသာမဲနေပြီး ရေဘေးအတွက် မည်သည့်အစီအမံမျှ ကြိုတင် ပြင်ဆင်ထားခြင်းမရှိ၍ ၎င်းတို့ရုံးစိုက်ရာ နေပြည်တော်၌ပင် ရေဘေးဆိုးရွားစွာ ကြုံတွေ့နေရသည်။

မနက်ဖြန်မွန်းတည့်ချိန်အထိ ခန့်မှန်းချက်အရ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကြောင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းနှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကာ ရွာရန်ရာနှုန်းပြည့်ဟု မိုးလေဝသပညာရှင်များက ခန့်မှန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်နဲ့တန့်ဆည်မြို့နယ်တွေမှာရက်ဆက်မိုးကောင်းနေတာကြောင့်ဒေသတွင်းမူးမြစ်ကမ်းတလျှောက်ရှိရွာအချို့ ရေဝင်နေပြီးဒေသခံတွေနဲ့စစ်ရှောင်ပြည်သူတွေ ရေဘေးရင်ဆိုင်နေရတယ်လို့ဒေသတွင်းသတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

မြို့နယ်‌‌၂၀ထက်မနည်း ရေကြီးနစ်မြုပ်၊ နေအိမ်အချို့ ပျက်စီး

ဆောင်းပါး

ကျနော်တို့ မြန်မာနိုင်ငံမှာ ရေဘေးက နှစ်စဥ် လာလေ့ရှိပြီး တစ်နှစ်ထက်တစ်နှစ် ပိုပိုဆို၀းလာခဲ့တယ်။ သစ်တောပြုန်းတီးတာ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးတာတွေကြောင့် ပိုမိုဆိုးရွားတဲ့ ရေဘေးအန္တရာယ်ကို မကြာခဏ ရင်ဆိုင်ရတယ်။ ဒီနှစ်မှာဆိုရင် ဧရာဝတီတိုင်းက လေးမျက်နှာမှာ ငဝန်မြစ်ရေကာတာကျိုးလို့ ရေကြီးနေတဲ့အပြင် အထက်ပိုင်းက မန္တလေး၊ စစ်ကိုင်း၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာ...

သတင်း

လေးမျက်နှာရေဘေးမှာရေမြုပ်နေတဲ့အိမ်တွေကို ထမင်းထုပ်လိုက်ဝေတဲ့ဒေသခံလူငယ်တဦးရေစီးနဲ့ မျောပါသေဆုံးသွားပါတယ်။