Connect with us

Hi, what are you looking for?

သတင်း

ဝမ်းတွင်းတွင် ရေဘေးကယ်ဆယ်ရေးများ မရောက်သေး၍ သက်ကြီးရွယ်အိုနှင့် ကလေးငယ်များ ပိတ်မိနေ

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်ရှိ ရေကြီးနေသော ကျေးရွာအများအပြားသို့ ရေဘေးကယ်ဆယ်ရေးများ ရောက်မလာသေး၍ သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်များ ပိတ်မိနေကြောင်း ဒေသခံများက ပြောသည်။

ဝမ်းတွင်းမြို့နယ်အတွင်း ပိတ်မိနေသောပြည်သူအချို့အား တွေ့ရစဥ်။ဓာတ်ပုံ-CJ

ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်ရှိ ရေကြီးနေသော ကျေးရွာအများအပြားသို့ ရေဘေးကယ်ဆယ်ရေးများ ရောက်မလာသေး၍ သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်များ ပိတ်မိနေကြောင်း ဒေသခံများက ပြောသည်။

စမုံဆည်နှင့် ကင်းတားဆည်မှ ရေများလွှတ်နေ၍ ယနေ့ (စက်တင်ဘာ ၁၂ရက်) နံနက်ပိုင်းတွင် ဝမ်းတွင်းမြို့နယ်ရှိ ဆူးပန်း၊ ကြွယ်ကန်၊ ကျောက်အိုး၊ သပြေသာ၊ ရိုးစုံ၊ညောင်အုပ်ဖီး၊ ကုန်းရွာ၊ ဒုန်းကုန်း၊ဆားတောင် စသည့်ကျေးရွာများ ရေများဝင်ရောက်ကာ နစ်မြုပ်နေပြီး အရေးပေါ်ကယ်ဆယ်ပေးရန်လိုအပ်နေကြောင်း ဒေသခံများက ပြောသည်။

ဝမ်းတွင်းမြို့နယ်အတွင်း ပိတ်မိနေသောပြည်သူအချို့အား တွေ့ရစဥ်။ဓာတ်ပုံ-CJ

” ကယ်ဆယ်ရေးတွေမလာသေးဘူး။ အသက်ကြီးတဲ့လူကြီးတွေ ဘယ်မှကို ထွက်လို့မရတော့ဘူး။ ကလေးတွေကော အသက်ကြီးတဲ့သူတွေကော အကုန်ပိတ်မိနေတယ်။ မိုးကလည်းမတိတ်ဘူး။ အကုန်ဒုက္ခရောက်နေကြတယ်။”ဟု ဆားတောင်စံပြကျေးရွာဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စက်တင်ဘာ ၁၀ရက်ကတည်းက သည်းထန်စွာရွာသွန်းနေသောမိုးကြောင့် ဝမ်းတွင်းမြို့နယ်ရှိ စမုံဆည်နှင့် ကင်းတားဆည်မှာ ရေများ ဖွင့်ချနေရပြီး ယမန်နေ့(စက်တင်ဘာ၁၁ရက်)ညပိုင်းတွင် ဆည်အောက်ဘက်ရှိ ကျေးရွာအများအပြားအား ပြောင်းရွှေ့ခဲ့ရသည်။

ဝမ်းတွင်းအောက်ဘက်ရှိ မြစ်သားမြို့နယ်တွင်လည်း ကျေးရွာအများအပြင် မြို့ပေါ်၌ပါ ရေကြီးရေလျှံနေ၍ ရွှေ့ပြောင်းနေရကြောင်း မြစ်သားဒေသခံများက ပြောသည်။

ဝမ်းတွင်းအထက်ဘက်ရှိ ပျော်ဘွယ်၊ ရမည်းသင်း၊ နေပြည်တော်၊ တောင်ငူမြို့နယ်များတွင်လည်း ရေကြီးရေလျှံမှု ဆိုးရွားစွာဖြစ်ပေါ်နေပြီး ပြည်သူအချို့ သေဆုံးမှုများပင် ရှိနေသည်။

“ဘာကယ်ဆယ်ရေးမှမရှိပါဘူး။ကိုယ်ထူကိုယ်ထပဲ။”ဟု Voice Of Wundwin အဖွဲ့ဝင်တစ်ဦးက ပြောသည်။

စစ်ရှုံးနေသော စစ်ကောင်စီတပ်သည် တိုက်ခိုက်ရေးကိုသာမဲနေပြီး ရေဘေးအတွက် မည်သည့်အစီအမံမျှ ကြိုတင် ပြင်ဆင်ထားခြင်းမရှိ၍ ၎င်းတို့ရုံးစိုက်ရာ နေပြည်တော်၌ပင် ရေဘေးဆိုးရွားစွာ ကြုံတွေ့နေရသည်။

မနက်ဖြန်မွန်းတည့်ချိန်အထိ ခန့်မှန်းချက်အရ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကြောင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းနှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကာ ရွာရန်ရာနှုန်းပြည့်ဟု မိုးလေဝသပညာရှင်များက ခန့်မှန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရေဘေးနဲ့ မြေပြိုဘေး ဆိုးရွားစွာကြုံတွေ့ခဲ့ရတဲ့ လောင်းလုံးမြို့နယ်၊ တောကျဲကျေးရွာမှာ ဒီကနေ့ ရုပ်အလောင်း ၁လောင်း ထပ်မံတူးဖော်တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

နီပေါနိုင်ငံ အလယ်ပိုင်းက ကုန်းမြင့်ဒေသတွေမှာ ရေကြီးမှုတစ်ခု ကြုံတွေ့ခဲ့ပြီး အိမ်တွေ၊ အဆောက်အအုံတွေ၊ တံတားတွေ ရေစီးနဲ့ မျောပါ ပျက်စီးကုန်သလို လူ ၅ ဦးထက်မနည်း ပျောက်ဆုံးနေကြောင်း သိရပါတယ်။

သတင်း

ဧရာဝတီတိုင်း၊မြန်အောင်မြို့နယ်ထဲကမမြဆည် တာဘောင်အိကျမှုပိုဆိုးလာပြီး ကျိုးကျမယ့်အန္တရာယ်ကြောင့် ဆည်အောက်ဖက်ကျေးရွာတွေက ဒေသခံတွေ ဘေးလွတ်ရာတိမ်း​ရှောင်နေကြရပါတယ်။

နိုင်ငံတကာ

ရေကြီးမှုတွေအတွင်း ဖြစ်ပေါ်ခဲ့တဲ့ အဆုံးအရှုံးတွေကြောင့် ပြည်ပကို ကြက်ဥ တင်ပို့မှုတွေ လျှော့ချထားဖို့ ထိုင်းအာဏာပိုင်တွေက ကြက်မွေးမြူရေး ကုမ္ပဏီတွေကို တိုက်တွန်း တောင်းဆိုထားပါတယ်။