Connect with us

Hi, what are you looking for?

သတင်း

အလုံမြို့နယ် မီးပွိုင့်အနီး YBS(၂၂)မီးလောင်

ရန်ကုန်မြို့၊ အလုံမြို့နယ် အောက်ကြည့်မြင် တိုင်လမ်းမပေါ် အလုံမီးပွိုင့်အနီးတွင် ယနေ့ (စက်တင်ဘာ ၁၃) နံနက်က YBS (၂၂)ယာဉ် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံပြည်သူများက ပြောသည်။

မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည့် YBS (၂၂)ယာဉ်အား တွေ့ရစဥ်။ ဓာတ်ပုံ - CJ

သုည/People’s Spring

ရန်ကုန်မြို့၊ အလုံမြို့နယ် အောက်ကြည့်မြင် တိုင်လမ်းမပေါ် အလုံမီးပွိုင့်အနီးတွင် ယနေ့ (စက်တင်ဘာ ၁၃) နံနက်က YBS (၂၂)ယာဉ် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံပြည်သူများက ပြောသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ခရီးသည်များထိခိုက်ဒဏ်ရာရမှုမရှိသော်လည်း ကားတစ်စီးလုံး မီးလောင်ခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

“YBS ဘက်စ်ကားက အရင်ထဲက ပျက်နေတာ ထင်တယ်။ မီးလောင်တဲ့အချိန် ခရီးသည်တွေတော့ မရှိတော့ဘူး။ ကားသမားလည်း ထိခိုက်တာ မရှိပါဘူး။ လောင်တာကတော့ ကားနောက်ဖက် အင်ဂျင်ခန်းဘက်ကနေ စလောင်တာပါ။ ၅ မိနစ်၊ ၁၀မိနစ်အတွင်းကို ကားတစ်စီးလုံး​နီးပါး ပြာကျသွားတယ်။ မီးသတ်တွေလာငြှိမ်းလို့ မီးကတော့ ငြိမ်းသွားပါပြီ” ဟု အလုံမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

ယနေ့ နံနက် ၁၀ နာရီ ၄၂ မိနစ်တွင် အလုံမြို့နယ်၊ အောက်ကြည့်မြင်တိုင်လမ်း၊ အလုံမီးပွိုင့်အနီးတွင် YBS ယာဉ်(၁)စီး မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် အလုံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁၀ နာရီ ၅၂ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ဖော်ပြထားသည်။

သို့သော် မည်သည့်အတွက်ကြောင့် မီးလောင် ကျွမ်းခြင်းနှင့် ပျက်စီးဆုံးရှုံးမှုကို ထည့်သွင်းဖော်ပြထားခြင်း မရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

အိန္ဒိယနိုင်ငံ၊ဒေလီမြို့တော်ကဟိုတယ်နဲ့ စားသောက်ဆိုင် တွဲဖွင့်ထားရာ အဆောက်အအုံတစ်လုံးမှာ မီးလောင်မှု ဖြစ်ပွားပြီး အနည်းဆုံး ၂၁ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်မှာ စစ်ကောင်စီရဲ့ယာဥ်ထိန်းရဲကင်း မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ဂျပန်မှာ ထာဝရ မီးတောက်လို့ တင်စားခံရပြီး ဘာသာရေးအရ အလေးအမြတ်ထား ခံရတဲ့ မီးလျံကို ထိန်းသိမ်းထားရှိရာ ခန်းမဆောင်ကြီး မီးလောင်မှုဖြစ်ပြီး ပြာကျသွားခဲ့ပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ဟင်္သာတမြို့က ပါဆယ်လမ်းမှာရှိတဲ့ ခြောက်ခန်းတွဲ မီးရထားတန်းလျား မီးလောင်မှုဖြစ်ပြီး တန်းလျားတစ်ခုလုံးမီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။