Connect with us

Hi, what are you looking for?

သတင်း

ရေတာရှည်အရှေ့ခြမ်း ရေဘေးကယ်ဆယ်ရေး ဒေသခံများနှင့် ရဲဘော်များစုပေါင်းလုပ်ဆောင်နေဟု PDF အသိပေး

ကူညီကယ်ဆယ်ရေးအဖွဲ့များ မလာဟုဆို

ရေတာရှည်မြို့နယ် သစ်ချဆိပ်ရွာအနီးရေကြီးနေသည်ကို မြင်တွေ့ရစဉ်။ ဓာတ်ပုံ - ပွန်ဒီရာ/FB

ဟန်နွေ/People’s Spring

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် အရှေ့ခြမ်းရှိကျေးရွာများလည်း ရေဘေးအန္တရာယ် ရင်ဆိုင်နေရကာ မိသားစုလိုက် ရေထဲမျောပါမှုများရှိနေပြီး ကူညီကယ်ဆယ်ရေးများအား ဒေသခံများနှင့် ပူးပေါင်းဆောင်ရွက်နေသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်ရင်း(၃၅၀၁) တပ်ခွဲ(၄) သတင်းပြန်ကြားရေး တာဝန်ခံက ပြောသည်။

ရေတာရှည်မြို့နယ် အရှေ့ခြမ်းသို့ စစ်ကောင်စီက ရေဘေး ကယ်ဆယ်ရေးမသွားရန် ပိတ်ပင်ထားကြောင်း သတင်းများနှင့်ပတ်သက်ပြီး ဒေသခံ PDF တာဝန်ရှိသူထံ မေးမြန်းရာ အထက်ပါအတိုင်း ပြောခြင်းဖြစ်သည်။

” ဟုတ်မဟုတ်( ကယ်ဆယ်ရေးကို စစ်ကောင်စီ ပိတ်ပင်ခြင်း ဟုတ်မဟုတ်) မပြောနိုင်သေးပေမဲ့ လက်ရှိ အချိန်ထိ ကယ်ဆယ်ရေးတွေတော့ ရောက်လာတာ မရှိပါဘူးခင်ဗျာ။ ကာကွယ်ရေး အဖွဲ့တွေနဲ့ ဒေသခံ ကျေးရွာနေ လူထုအားနဲ့သာ ရုန်းကန်နေရဆဲပါ”ဟု တပ်ရင်း(၃၅၀၁) တပ်ခွဲ(၄)သတင်းပြန်ကြားရေး တာဝန်ခံက ယနေ့ (စက်တင်ဘာ ၁၃ရက်) ညတွင် ပြောသည်။

Public Service Announcement

Public Service Announcement

စစ်တောင်းမြစ်ဘေး တကြောလုံးရှိကျေးရွာများ ရေဘေးဒဏ် ခံစားနေရဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။

ရေတာရှည်မြို့နယ် စစ်တောင်းမြစ် အရှေ့ဘက်ကမ်း ကျေးရွာများကို PDFများက ထိန်းချုပ်ထား၍ စစ်ကောင်စီက ယခင်ကတည်းက ဒေသခံများအား ဖမ်းဆီးခြင်း၊ အကြပ်ကိုင်ခြင်း၊ရိက္ခာဆေးဝါး သယ်ယူမှုပိတ်ပင်ခြင်းများ လုပ်ဆောင်ခဲ့သည်ဟု တပ်ခွဲ(၄) သတင်းပြန်ကြားရေး တာဝန်ရှိသူကပြောသည်။

” ဒီ အရှေ့ဘက်ကမ်းကို သူပုန်နယ်မြေလို့ သတ်မှတ်ထားပြီး အရှေ့ဘက်ကမ်းသားဆိုရင် အမေးအမြန်းမရှိဖမ်းဆီးစစ်ဆေးတာတွေ၊ အကြပ်ကိုင်တာတွေ၊ ရိက္ခာနဲ့ ဆေးဝါးတင်ပို့မှုကို ပိတ်ပင်တာတွေ လုပ်ထားခဲ့တာကြာပါပြီဗျ။ဆေးဝါးနဲ့ ရိက္ခာကို ပေါ်တင် ဝယ်လို့မရတဲ့ အနေအထားပါ”ဟု သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။

ထို့အပြင် စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းရှိ ကျေးရွာများတွင် ရေဘေးကယ်ဆယ်ရေးလုပ်ဆောင်နေသည့် ရဲဘော်နှစ်ဦး ရေစီးနှင့်အတူ မျောပါခဲ့ပြီး တစ်ဦးအား အသက်ရှင်လျှက်ရှာဖွေတွေ့ရှိခဲ့ကြောင်း နေပြည်တော်တိုင်းစစ်ဌာန နေပြည်တော် PDFတပ်ဖွဲ့မှ ယနေ့(စက်တင်ဘာ ၁၃) နေ့လယ်ပိုင်းတွင် အသိပေးထုတ် ပြန်သည်။

အဆိုပါ နေပြည်တော် PDF စစ်ကြောင်းသည် စစ်ရေးလှုပ်ရှားမှုများလုပ်ဆောင်နေသည့် ရေတာရှည်မြို့နယ်အတွင်းရှိ မြစ်အရှေ့ဘက်ခြမ်းမှ ကျေးရွာများတွင် ယနေ့နံနက်ပိုင်းက ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်နေစဥ် PDF ရဲဘော်နှစ်ဦး ရေစီးဖြင့် မျောပါသွားခြင်းဟု ဖော်ပြသည်။

“စစ်ကြောင်းအနေနဲ့ စစ်ရေးလှုပ်ရှားနေတဲ့ စစ်တောင်းမြစ်အရှေ့ကမ်း ရေတာရှည်စစ်ဂွင်မှာ ကျေးရွာတွေထဲရေနစ်မြုပ်နေတဲ့ဒေသခံပြည်သူတွေကို ကယ်ဆယ်ရင်း ဒီနေ့မနက်ပိုင်းမှာ နေပြည်တော် PDF စစ်ကြောင်း တပ်ရင်း (901)က ရဲဘော်အီးဂဲလ်၊ ရဲဘော်အငယ်ကောင်တို့ ရေစီးနဲ့အတူ မျောပါပျောက်ဆုံးခဲ့တာပါခင်ဗျ”ဟု တပ်ရင်းမှူး ဇင်ယော်က လူထုနွေဦးသို့ ပြောသည်။

ယနေ့(စက်တင်ဘာ ၁၃)နေ့လယ်ပိုင်းတွင် ရေစီးဖြင့် မျောပါသွားသည့် ရဲဘော်နှစ်ဦးအနက် ရဲဘော်အငယ်ကောင်းအား အသက်ရှင်လျှက်ပြန်ရှာတွေ့ခဲ့သော်လည်း ရဲဘော်အီးဂဲလ်ကိုမူ ပြန်ရှာမတွေ့သေးကြောင်း ၎င်းက ဆက်ပြောသည်။

ရေတာရှည်မြို့နယ် ရေဘေးအတွင်း သစ်ချဆိပ်ရွာမှ မိသားစု သုံးဦးရေထဲမျောပါပျောက်ဆုံးမှု ရှိခဲ့ကြောင်းဒေသခံက ပြောသည်။ အဆိုပါ ရေထဲမျောပါမိသားစု​၏ အသက်အန္တရာယ်မှာ စိုးရိမ်နေရပြီး ရေဘေးမှာလည်း ဆက်လက် စိုးရိမ်ရဆဲ ဖြစ်ကြောင်း ဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ရေကြီးနစ်မြုပ်မှု ရက်သတ္တပတ်တစ်ပတ်ကျော်လာပြီဖြစ်ပြီး မိုးဆက်ရွာနေသလို ဥရာချောင်းလည်း ရေလျှံပြီး ရေဘေးအခြေအနေပိုဆိုးလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မိုးရာသီရောက်တိုင်းရေဘေးနဲ့မြေပြိုမှုဘေးရင်ဆိုင်နေရတဲ့ကချင်ပြည် နယ်၊ဖားကန့်မြို့နယ်မှာသုံးရက်ခန့်မိုးကြီးပြီးတဲ့နောက်ဒီကနေ့(ဇွန်လ ၁၄ရက်)မနက်ပိုင်းကစပြီး ရပ်ကွက်နဲ့ကျေးရွာအချို့ရေဘေးကြုံတွေ့နေရပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ စိတ် ကျန်းမာရေးမကောင်းသူတစ်ဦး စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ ကျောရိုးထိခိုက်သွားပြီး အကူ အညီလိုအပ်နေကြောင်း ​ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက အသိပေးပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်းမြို့နယ်အချို့မှာ ရေကြီးနစ်မြုပ်မှုဆက်တိုက်ရင်ဆိုင်နေရပြီး ယမန်နေ့(‌ဇွန်လ ၆ရက်)ကလည်း ရွှေညောင်မြို့မှာ တောင်ကျရေကြောင့် မြေနိမ့်ပိုင်းနေရာတွေ ရေကြီးမှုဖြစ်ခဲ့ပါတယ်။