Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲဖြစ်ရာဒေသ ရေကြီးမှုအပြီးတွင် မြေမြှုပ်မိုင်းနှင့် ပေါက်ကွယ်စေသည့်ပစ္စည်းများအန္တရာယ် သတိပြုလိုက်နာရန်အချက်များ တောင်ပိုင်းစစ်ဒေသ ထုတ်ပြန်

တိုက်ပွဲများဖြစ်ပေါ်နေသည့် ဒေသများတွင် ရေကြီး၊ရေလျှံမှုများဖြစ်ပွားပြီးနောက် သတိပြုလိုက်နာရမည့် ဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ရန်အချက်များကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တောင်ပိုင်းစစ်ဒေသက စက်တင်ဘာ ၁၉ရက်တွင် ထုတ်ပြန်သည်။

တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂)စစ်ဒေသခွဲ ကွပ်ကဲမှုအောက်ရှိ တော်ဝင်ဒေါင်းတပ်ရင်း စိုးမိုးနယ်မြေများတွင် ရဲဘော်များနှင့် ဒေသခံပြည်သူများက ရေကြီးမှုမဖြစ်ရေး တားဆီးပြင်ဆင်နေစဥ်။ ဓာတ်ပုံ - တောင်ပိုင်းစစ်ဒေသ

ဟန်နွေ/People’s Spring

တိုက်ပွဲများဖြစ်ပေါ်နေသည့် ဒေသများတွင် ရေကြီး၊ရေလျှံမှုများဖြစ်ပွားပြီးနောက် သတိပြုလိုက်နာရမည့် ဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ရန်အချက်များကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တောင်ပိုင်းစစ်ဒေသက စက်တင်ဘာ ၁၉ရက်တွင် ထုတ်ပြန်သည်။

ရေကြီး၊ရေလျှံမှုကြောင့် တောင်ပြိုခြင်း၊ မြေပြိုခြင်းများဖြစ်ပေါ်ကာ မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော အန္တရာယ်ရှိပစ္စည်းများ နေရာရွေ့သွားပြီး ပေါက်ကွဲစေနိုင်သဖြင့် ယခုကဲ့သို့ သတိပြုရန် အချက်များကို ဖော်ပြခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

သတိပြုရန် အချက်၈ချက်ကို အလေးပေးဖော်ပြခဲ့ရာ ရေအောက်သို့ သေချာရှင်းလင်းစွာ မမြင်ရပါက မလိုအပ်ဘဲ လမ်းလျှောက်ခြင်းမပြုရန်၊ လေးလံသော ပစ္စည်းများကို မြေကြီးပေါ်သို့ချသည့်အခါ မြေပြင်ကို ဘေးကင်းကြောင်း သေချာစစ်ဆေးပြီးမှ ချထားရန်၊ မိမိ မသွားရောက်ဖူးသောနယ်မြေများကို နယ်မြေကျွမ်းကျင်သူမပါဘဲ သွားခြင်းမှ ရှောင်ကျဉ်ရန် ဖော်ပြသည်။

ထို့ပြင် အမျိုးအမည်မသိသော သံသယဖြစ်ဖွယ်ပစ္စည်းများကို တွေ့ရှိခဲ့ပါက ကိုင်တွယ်ကြည့်ရှုခြင်းမှ ရှောင်ကျဉ်ပြီး အကယ်၍ စစ်ဘက်ဆိုင်ရာပစ္စည်းများ တွေ့ရှိခဲ့ပါက တာဝန်ရှိသူများကို ချက်ချင်းအကြောင်းကြားရန် သတိပေးထားသည်။

ကလေးသူငယ်များကို အန္တရာယ်ရှိသည့်နေရာနှင့် ဝေးရာတွင်ထားရန်၊ အန္တရာယ်ရှိကြောင်း အခြားသူများကို သတိပေးရန်နှင့် အကယ်၍ မိမိရှေ့တွင် မတော်တဆ ထိခိုက်မှုများ ဖြစ်ပေါ်လာပါက အရေးပေါ်ကူညီကယ်တင်ပေးနိုင်ရေး ရှေးဦးသူနာပြုစုနည်းများအား လေ့လာထားရန် တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်သည်။

စက်တင်ဘာ ဒုတိယပတ်အတွင်းက နိုင်ငံတဝန်း မိုးများပြီး ရေဘေးအန္တရာယ် ကျရောက်ခဲ့ရာ တောင်ပိုင်းစစ်ဒေသအတွင်းရှိ ပဲခူးတိုင်းဒေသ နေရာအတော်များများ၌ ရေကြီး၊ရေလျှံမှုများ ဖြစ်ခဲ့သည်။

အချို့နေရာများ၌ ရေစီးဖြင့် လူမျောပါပျောက်ဆုံးသေဆုံးမှု ရှိခဲ့ပြီး ရေတာရှည်မြို့နယ်တွင် ရေဘေးကယ်ဆယ်ရေး ဆောင်ရွက်နေသည့် PDF ရဲဘော်တစ်ဦး ကျဆုံးခဲ့ရသည်။

ထို့ပြင် စစ်ကောင်စီ၏ ပိတ်ဆို့မှုများကြောင့် ကူညီကယ်ဆယ်ရေးများ အလွယ်တကူ မရောက်နိုင်သည့် နေရာများ၌ PDF ရဲဘော်များ စုပေါင်း၍ ကယ်ဆယ်ရေး၊ စားနပ်ရိက္ခာထောက်ပံ့ရေး လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း ဒေသခံ PDF ရဲဘော်အချို့က ပြောပြသည်။

ရေတာရှည်မြို့နယ် အရှေ့ခြမ်းရှိ ပြည်သူများသည် စစ်ဘေးအပြင် ရေဘေးဒဏ်ရင်ဆိုင်နေကြရဟု ဒေသခံ PDF တပ်ရင်း (၃၅၀၁) တပ်ခွဲ(၄)မှ ရဲဘော် ကိုအီဗယ်က ပြောသည်။

PDF ထိန်းချုပ်စိုးမိုးထားသည့် အဆိုပါဒေသသို့ ပြင်ပမှ ကူညီကယ်ဆယ်ရေးများ လာရောက်ခြင်းမရှိ၍ PDF ရဲဘော်များက ကယ်ဆယ်ရေး၊ ပြန်လည်နေရာချထားရေး လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

“စကစရဲ့ အဖက်ဖက်က ပိတ်ဆို့ထားတဲ့ အခြေနေတွေကြောင့် ဘာကယ်ဆယ်ရေးမှ မရောက် လာနိုင်တဲ့ အခြေနေမှာ အစစအရာရာ အရမ်းခက်ခဲနေတဲ့အတွက် ပြည်သူများအနေနဲ့လည်း ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းဒေသကို အာရုံစိုက်ပေးကြဖို့ တောင်းဆိုလိုပါတယ်”ဟု ကိုအီဗယ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မိုးရာသီရောက်တိုင်းရေဘေးနဲ့မြေပြိုမှုဘေးရင်ဆိုင်နေရတဲ့ကချင်ပြည် နယ်၊ဖားကန့်မြို့နယ်မှာသုံးရက်ခန့်မိုးကြီးပြီးတဲ့နောက်ဒီကနေ့(ဇွန်လ ၁၄ရက်)မနက်ပိုင်းကစပြီး ရပ်ကွက်နဲ့ကျေးရွာအချို့ရေဘေးကြုံတွေ့နေရပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်းမြို့နယ်အချို့မှာ ရေကြီးနစ်မြုပ်မှုဆက်တိုက်ရင်ဆိုင်နေရပြီး ယမန်နေ့(‌ဇွန်လ ၆ရက်)ကလည်း ရွှေညောင်မြို့မှာ တောင်ကျရေကြောင့် မြေနိမ့်ပိုင်းနေရာတွေ ရေကြီးမှုဖြစ်ခဲ့ပါတယ်။

သတင်း

ဘင်္ဂလားပင်လယ်အော်မှာမေလနှောင်းပိုင်းအတွင်းလေဖိအားနည်းရပ်ဝန်း ထပ်မံဖြစ်ပေါ်နိုင်ပြီး ရန်ကုန်တိုင်းအပါအဝင် တိုင်းနဲ့ပြည်နယ် ၁၀ ခုမှာ မိုးကြီးနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MOSLHA )ကထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့မှာ တောမီးကြောင့် မြေမြှုပ်မိုင်းပေါက်ကွဲရာက ထွက်ပေါ်လာတဲ့ ပေါက်ကွဲသံတွေကို စစ်ကောင်စီက ထိန့်လန့်ပြီး သေနတ်နဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောတယ်။