Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏ တရားမဲ့ သေဒဏ်ချမှတ်သတ်ဖြတ်မှုများနှင့် ရာဇဝတ်မှုများကို NUCC အပြင်းထန်ဆုံး ရှုတ်ချ

စစ်ကောင်စီကို ထိရောက်စွာ တားဆီး အရေးယူရန် ကုလသမဂ္ဂ၊ အာဆီယံ၊ နိုင်ငံတကာအစိုးရများနှင့် အဖွဲ့အစည်းများအား တိုက်တွန်း

အီယိုရီ/People’s Spring

အကြမ်းဖက်စစ်ကောင်စီ၏ သွေးအေး ရက်စက်ယုတ်မာစွာ သတ်ဖြတ်၍ ရာဇဝတ်မှုကျူးလွန်နေမှုများအား ထိရောက်စွာ တားဆီး အရေးယူရန် ကုလသမဂ္ဂ၊ အာဆီယံ၊ နိုင်ငံတကာအစိုးရများနှင့် အဖွဲ့အစည်းများအား အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC က ယနေ့(စက်တင်ဘာ ၂၄ရက်)တိုက်တွန်းလိုက်သည်။

ယခုရက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီကသေဒဏ်ချမှတ်ခံထားရသော နောက်ထပ် တက်ကြွလှုပ်ရှားသူ လူငယ်များအား ကြိုးပေးသတ်ဖြတ်ရန် ပြင်ဆင်နေသည့်အရိပ်အယောင်များနှင့် တရားမဲ့ စီရင် သတ်ဖြတ်လိုက်ပြီ ဟူသည့် သတင်းများ ထွက်ပေါ်နေခြင်းဖြစ်သည်။

သို့သော် အကြမ်းဖက် စစ်ကောင်စီ၏ သတင်းအမှောင်ချ လုပ်ဆောင်မှုများကြောင့်အဆိုပါ သတင်းများ၏ မှန်ကန်မှုကို လက်ရှိအချိန်ထိ တရားဝင် အတည်ပြုနိုင်ရန် ခက်ခဲနေသည်။

Public Service Announcement

Public Service Announcement

NUCC အနေဖြင့် အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်နေသော တရားမဲ့ သေဒဏ်ချမှတ်သတ်ဖြတ်မှုများနှင့် ရာဇဝတ်မှုများကို အပြင်းထန်ဆုံး ရှုတ်ချလိုက်ပြီး ချက်ချင်း ရပ်တန့်ရန်လည်း တားမြစ်လိုက်သည်။

“အကြမ်းဖက် စစ်ကောင်စီသည် ပြည်သူလူထုမှ ရွေးကောက်တင်မြှောက်ထားသည့် တရားဝင်အစိုးရ တရပ်အား စစ်တပ်အင်အားကို အလွဲသုံးစားပြုကာ အဓမ္မ အာဏာသိမ်းရန် ကြိုးပမ်းနေသည့်ရာဇဝတ်ဂိုဏ်းတစ်ခုသာဖြစ်သည့်အလျောက်ပြည်သူများအပေါ် မည်သည့်တရားစီရင်ခွင့်မျှ မရှိပေ”ဟု NUCC က ဖော်ပြသည်။

အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူများအား မတရားဖမ်းဆီးခြင်းနှင့် ပြစ်ဒဏ်ချမှတ်ခြင်းများသည် လုံးဝ တရားဝင်မှု မရှိဘဲ သေဒဏ်ကဲ့သို့ ပြစ်ဒဏ်စီရင်မှုကို ပြုလုပ်ရန် အခွင့်အာဏာလည်း လုံးဝ မရှိသည့်အပြင် ယင်းသို့ လုပ်ဆောင်မှုများသည် ရာဇဝတ်မှုများ ထပ်ခါထပ်ခါ ကျူးလွန်နေခြင်းသာ ဖြစ်ကြောင်း NUCC က အသိပေးသည်။

ထို့အပြင် စစ်ပွဲအတွင်း ရင်ဆိုင်တိုက်ခိုက်ခြင်းမဟုတ်ဘဲ သေဒဏ်ချမှတ်စီရင်ခြင်းသည် လူသားတစ်ဦးချင်းစီတိုင်း၏ မွေးရာပါရပိုင်ခွင့်တရပ်ဖြစ်သော အသက်ရှင်နေထိုင်ခွင့်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်သည်ဟု NUCC က ထုတ်ပြန်သည်။

NUCC သည် ပြည်တွင်းပြည်ပ အင်အားစုများ၊ နိုင်ငံတကာ အသိုင်းအဝိုင်းများနှင့် ပူးပေါင်းကာ အကြမ်းဖက်စစ်ကောင်စီမှ ကျူးလွန်လျက်ရှိသည့် ရာဇဝတ်မှုများကို အရေးယူရန်နှင့် နစ်နာသူများအတွက် တရားမျှတမှု ရရှိနိုင်စေရန် ဆက်လက်လုပ်ဆောင်သွားမည်ဟု အသိပေးသည်။

စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက်ပိုင်း အထင်ကရနိုင်ငံရေးသမားနှစ်ဦးဖြစ်သည့် ဦးဂျင်မီ၊ ကိုဖြိုးဇေယျာသော်နှင့် ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ကို ၂၀၂၂ ဇူလိုင် ၂၃ရက်တွင် ကြိုးပေးကွပ်မျက်ခဲ့သည်။ အဆိုပါကြိုးပေးကွပ်မျက်မှုသည် မင်းအောင်လှိုင်ခေါင်းဆောင်သော အကြမ်းဖက်စစ်ကောင်စီ၏ပထမဆုံးကြိုးပေးသတ်ဖြတ်မှုဖြစ်ပြီး နှစ်ပေါင်း ၅၀ နီးပါးအတွင်း ပထမဆုံးအကြိမ်လည်း ဖြစ်သည်။

၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ ပြည်သူ ၁၆၇ဦးကို သေဒဏ်ချမှတ်ထားကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။