Connect with us

Hi, what are you looking for?

သတင်း

ဆင်ဖြူကျွန်းမြို့တွင် စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်

စလင်းမြို့နယ်အရှေ့ခြမ်း ကျေးရွာများအား စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေ

စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)မှ ရဲဘော်များ လမ်းပိုင်းလုံခြုံရေး စစ်ဆေးမှုများ ပြုလုပ်နေစဥ်။ ဓာတ်ပုံ - စလင်း ပကဖ

စောနွေဦး/People’s Spring

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့တွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များ ယနေ့နံနက်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်က အင်အားဖြည့်တင်း စစ်ကြောင်းထိုးနေကြောင်း ဒေသခံများက ပြောသည်။

ယနေ့(စက်တင်ဘာ ၂၄ရက်) နံနက် ၇နာရီတွင် ကာကွယ်ရေးတပ်များက နွယ်တမယ်တံတားတွင် စတင်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

“မနက် ၇နာရီလောက်မှာက PDFတွေက စစ်ဆေးရေးလုပ်နေတာကို စခ(စစ်ကောင်စီတပ်) တွေက လက်နက်ကြီးနဲ့ စပစ်လို့တိုက်ပွဲဖြစ်ကြတယ်။ ၈နာရီလောက်ကျ ခဏနားသွားပြီး ၁၀ နာရီလောက်မှ တိုက်ပွဲပြန်ဖြစ်တယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

တိုက်ပွဲဖြစ်ပွားသည့်နေရာသည် ဆင်ဖြူကျွန်းရဲစခန်းနှင့် ပေ ၁၅၀၀ခန့်အကွာတွင်တည်ရှိပြီး စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် လူနေရပ်ကွက်အတွင်း လက်နက်ကြီးကျည်များ ကျရောက်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။

ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က စလင်းမြို့အခြေစိုက် ခလရ(၂၅၃)၊ (၂၅၄)နှင့် (၂၅၅)တို့မှ တပ်သားများကို အင်အားဖြည့်တင်းနေပြီး နေ့လည်ပိုင်းတွင် မကွေး၊ မင်းဘူးနှင့် ပွင့်ဖြူမြို့တို့မှ စစ်ကောင်စီတပ်သားများက အင်အားအလုံးအရင်းဖြင့် ဖြည့်တင်းနေသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ပစ်ခတ်သည့်လက်နက်ကြီးများကြောင့် ကျေးရွာများအတွင်း ကျရောက်မှုကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်။

ထို့အပြင် စလင်းမြို့နယ်အရှေ့ခြမ်းကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေ၍ ဒေသခံကာကွယ်ရေးတပ်များနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်က စလင်းမြို့အခြေခြမ်းကျေးရွာများဖြစ်သည် ဝမ်းပြည့်ရွာ၊ အနောက်ကန်ဘောင်ရွာ၊ဘန့်ပြင်၊ ရွှေကူ၊တောင်ဘို၊ငလင်းပန်းရွာ စသည့်ကျေးရွာများတွင် မြေပြင်စစ်ကြောင်းထိုးနေ၍ တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု အဆိုပါကျေးရွာသားများကလည်း ပြောသည်။

” လွန်ခဲ့တဲ့ နှစ်ရက်(စက်တင်ဘာ၂၁)က PDFတွေနဲ့ စခ(စစ်ကောင်စီတပ်)တို့ ငလင်းပန်ရွာထိပ်မှာ တိုက်ပွဲဖြစ်တာ စခတွေဘက်က သုံးယောက်လောက်သေတယ်။ ဒဏ်ရာရတာလည်းရှိတယ်။ ဒါကိုမကျေနပ်လို့ ရွာတွေကို စစ်ကြောင်းထိုးနေတာလေ”ဟု ဒေသခံတစ်ဦးက ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အင်အား ၃၀ခန့်ပါဝင်ပြီး ကာကွယ်ရေးတပ်များဘက်က ဒရုန်းအသုံးပြု တိုက်ခိုက်ခဲ့သည်ဟုလည်း ၎င်းက ဆက်ပြောသည်။

ယနေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်များသည် ဆင်ဖြူကျွန်း၊တညောင်ဘက်မှ အင်အား ၅၀ခန့်ဖြင့် စလင်းမြို့နယ် တောင်ဘိုကျေးရွာကို ဝင်ရောက်စစ်ကြောင်းထိုးနေသည်ဟု အဆိုပါရွာသားများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်နဲ့ တပ်ချိန်းဖို့ ထွက်လာတဲ့ စစ်တပ်ကို တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေါင်းညီနောင် ပြောက်ကျားတပ်ဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။