Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီထံ လေယာဥ်ဆီ နှင့် စစ်လက်နက်ပစ္စည်းများ မရောက်ရှိရန် Quad ခေါင်းဆောင်များ တိုက်တွန်း

စစ်ကောင်စီထံ လေယာဥ်ဆီအပါအဝင် စစ်လက်နက်ပစ္စည်းများ စီးဆင်းမှုကို တားမြစ်ရန် ကမ္ဘာ့နိုင်ငံအားလုံးကို အမေရိကန်၊ အိန္ဒိယ၊ ဂျပန်၊ သြစတြေးလျ ၄နိုင်ငံ ခေါင်းဆောင်များက တိုက်တွန်းလိုက်သည်။

အ​မေရီကန် ၊ အိန္ဒိယ ၊ဂျပန် ၊သြစ​တြေလျနိုင်ငံ့ ခေါင်း​​ဆောင်များကို QUAD Leaders Summit တွင်​တွေ့ရစဥ်။ဓါတ်ပုံ-pmc.gov.au

အီယိုရီ/People’s Spring

စစ်ကောင်စီထံ လေယာဥ်ဆီအပါအဝင် စစ်လက်နက်ပစ္စည်းများ စီးဆင်းမှုကို တားမြစ်ရန် ကမ္ဘာ့နိုင်ငံအားလုံးကို အမေရိကန်၊ အိန္ဒိယ၊ ဂျပန်၊ သြစတြေးလျ ၄နိုင်ငံ ခေါင်းဆောင်များက တိုက်တွန်းလိုက်သည်။

အထက်ပါ ၄ နိုင်ငံခေါင်းဆောင်များက Quad ထိပ်သီးခေါင်းဆောင်များ စတုတ္ထကြိမ်မြောက်ညီလာခံအဖြစ် စက်တင်ဘာ ၂၁ ရက်တွင် တွေ့ဆုံခဲ့ပြီး ဝယ်လင်တန်ကြေညာချက်ကို ပူးတွဲထုတ်ပြန်ခဲ့ရာ ရခိုင်ပြည်နယ်အခြေအနေအပါအဝင် မြန်မာနိုင်ငံတွင် ပိုမိုဆိုးရွားလာနေသော နိုင်ငံရေး၊ လုံခြုံရေးနှင့် လူသားချင်းစာနာမှုအခြေအနေများအပေါ် အလွန်အမင်းစိုးရိမ်နေဆဲဖြစ်ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်မှုများချက်ခြင်းရပ်တန့်ရေး၊ မတရားသဖြင့် တရားလက်လွတ်ဖမ်းဆီးထိန်းသိမ်းခံရသူအားလုံးကို ပြန်လွှတ်ရေး၊ လူသားချင်းစာနာမှုအကူအညီကို အဟန့်အတားမရှိ ဘေးကင်းစွာဖြင့် ခွင့်ပြုပေးရေး၊ အစုအဖွဲ့အားလုံးအကြား အားလုံးပါဝင်ပြီး အပြုသဘောဆောာင် တွေ့ဆုံဆွေးနွေးမှုမှတဆင့် ပဋိပက္ခကို အဖြေရှာရေးနှင့် အားလုံးပါဝင်သော ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားရေး အချက်များကိုလည်း Quad အဖွဲ့ဝင် နိုင်ငံ့ခေါင်းဆောင်များက တောင်းဆိုထားသည်။

ထို့အပြင် မြန်မာ့အရေးဖြေရှင်းရေးနှင့်ပတ်သက်၍ အာဆီယံအလှည့်ကျဥက္ကဌနှင့် အာဆီယံအထူးကိုယ်စားလှယ်များ၏ ဆောင်ရွက်မှုများအပါအဝင် အာဆီယံဦးဆောင်သည့်ကြိုးပမ်းမှုများကို ခိုင်မာစွာအားပေးထောက်ခံကြောင်း Quad ခေါင်းဆောင်များက ထပ်လောင်းအတည်ပြုသည်။

စစ်ကောင်စီအနေဖြင့် အာဆီယံတူညီဆန္ဒ ၅ရပ်အောက်မှ ကတိကဝတ်အားလုံးကို အပြည့်အဝအကောင်အထည်ဖော်ဆောင်ရွက်ရန်လည်း တောင်းဆိုထားသည်။

Quad ခေါင်းဆောင်များသည် မြန်မာပြည်သူများအတွက် ၎င်းတို့၏ အားပေးထောက်ခံမှု ခိုင်မာစွာဆက်ရှိမည်ဟု အသိပေးခဲ့ပြီး ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရေးနှင့် မြန်မာပြည်သူများဦးဆောင်သော လုပ်ငန်းစဥ်တွင် ပဋိပက္ခကို ရေရှည်တည်တံ့သည့်ဖြေရှင်းမှုတစ်ခု ရှာဖွေရန်၊ လက်တွေ့ကျပြီး အပြုသဘောဆောင်နည်းလမ်းများဖြင့် အစုအဖွဲ့အားလုံးနှင့် အလုပ်လုပ်ရန်တို့ကို ဆက်လက်လုပ်ဆောင်မည်ဟု ကတိပြုသည်။

ထိုအပြင် စစ်ကောင်စီထံ လေယာဥ်ဆီအပါအဝင် စစ်လက်နက်ပစ္စည်းများ စီးဆင်းမှုကို တားမြစ်ရန် ကမ္ဘာ့နိုင်ငံအားလုံးကို ​ခေါင်း​ဆောင် ၄ ဦး၏ ပူးတွဲထုတ်ပြန်ချက်တွင်​တိုက်တွန်းထားခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ ဒေသတွင်းအပေါ် သက်ရောက်မှုကို စိုးရိမ်ပူပန်နေဆဲဖြစ်ကြောင်း အမေရိကန်၊ သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန် တို့ပါဝင်တဲ့ လေးနိုင်ငံ လုံခြုံရေးဆွေးနွေးဖက်နိုင်ငံများအဖွဲ့ Quad က ပူးတွဲထုတ်ပြန်ပါတယ်။

သတင်း

မြန်မာ့အရေးကို အင်ဒို-ပစိဖိတ်ဒေသ မဟာဗျူဟာမြောက်ဦးစားပေးအဖြစ် အသိအမှတ်ပြုဖို့ အမေရိကန်၊ သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန် တို့ပါဝင်တဲ့ လေးနိုင်ငံ လုံခြုံရေးဆွေးနွေးဖက်နိုင်ငံများအဖွဲ့ QUAD ကို တော်လှန်ရေးနဲ့ အရပ်ဘက်အဖွဲ့အစည်း ၆၆ ခု ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။