Connect with us

Hi, what are you looking for?

သတင်း

တာ​ကေးရုက မြန်မာ့လက်ဝှေ့ကျော် သန့်ဇင်ကို ဒုတိယအချီမှာ အလဲထိုးဖြင့် အနိုင်ယူ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ယနေ့ (စက်တင်ဘာ ၂၇) ညပိုင်း၌ ကျင်းပသည့် ONE Friday Fights 81 ပြိုင်ပွဲတွင် မြန်မာလက်ဝှေ့ကျော် သန့်ဇင်က ဂျပန်ကစ်ဘောက်ဆစ်ချန်ပီယံ တာကေးရုကို ဒုတိယအချီတွင် အလဲထိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

ဓာတ်ပုံ - ONE Championship

သုည/People’s Spring

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ယနေ့ (စက်တင်ဘာ ၂၇) ညပိုင်း၌ ကျင်းပသည့် ONE Friday Fights 81 ပြိုင်ပွဲတွင် မြန်မာလက်ဝှေ့ကျော် သန့်ဇင်က ဂျပန်ကစ်ဘောက်ဆစ်ချန်ပီယံ တာကေးရုကို ဒုတိယအချီတွင် အလဲထိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

ယင်းပွဲ ပထမအချီတွင် သန့်ဇင်သည် တာကေးရုကို အကြိတ်အနယ် ထိုးသတ်နိုင်ခဲ့ပြီး ပထမအချီ၌ တာကေးရု လဲကျအောင် ထိုးသတ်ပြနိုင်ခဲ့သည်။

Public Service Announcement

Public Service Announcement

သို့သော် ဒုတိယအချီတွင် နည်းစနစ်ပိုင်းနှင့် အတွေ့အကြုံသာလွန်သည့် တာ​ကေးရုက သန့်ဇင်ကို အသာစီးထိုးသတ်နိုင်ခဲ့ပြီး ဒူးတိုက်ချက်၊ ခြေကန်ချက်ချက်များဖြင့် သန့်ဇင်ကို အလဲထိုးအနိုင်ရခဲ့သည်။

ယင်းပွဲစဉ်ရလဒ်ကြောင့် သန့်ဇင်သည် ONE Championship ပြိုင်ပွဲတွင် ၃ ပွဲထိုး ၂ ပွဲနိုင် ၁ ပွဲရှုံးရလဒ်ကို ပိုင်ဆိုင်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာ့စပါးအုံးဟုနာမည်ကျော်သည့်အောင်လအန်ဆန်နှင့်ဆွီဒင်ဖိုက်တာ ကာဒက်စတန်တို့လာမည့်အောက်တိုဘာ၃ရက်တွင်ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့၌ ယှဥ်ပြိုင်ထိုးသတ်မည်ဖြစ်ကြောင်း One Championship က ယနေ့ (စက်တင်ဘာ ၂ရက်) ထုတ်ပြန်သည်။

သတင်း

ကယန်းလက်ဝှေ့မယ်ဘရော်နီကာသည် ယနေ့ (မေလ ၉) ညပိုင်းက ထိုးသတ်သည့် One Championship မွေထိုင်းပြိုင်ပွဲတွင် ထိုင်းဖိုက်တာ ဂျူနီယာကို ဒုတိယအချီတွင် အလဲထိုး​ အနိုင်ရခဲ့သည်။

သတင်း

One Championshipက ယနေ့ (မတ်လ ၈) နံနက်ပိုင်းက ထိုင်းနိုင်ငံတွင် ပြုလုပ်သည့် မွေထိုင်းပြိုင်ပွဲတွင် လက်ဝှေ့ကျော် စိုးလင်းဦးက ပြိုင်ဘက်ရုရှားဖိုက်တာကို အမှတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။

သတင်း

ကယန်းလက်ဝှေ့မယ်ဘရော်နီကာသည် One Championship ပြိုင်ပွဲ ပွဲဦးထွက်ပွဲစဥ်တွင် ချီလီဖိုက်တာ ဖရန်စီကာဗီရာကို အမှတ် ဆုံးဖြတ်ချက် ဖြင့် ရှုံးနိမ့်ခဲ့သည်။