Connect with us

Hi, what are you looking for?

သတင်း

ထိုင်းဖိုက်တာနဘီးက မြန်မာ့လက်ဝှေ့ကျော် စိုးလင်းဦးကို အမှတ်ဖြင့်အနိုင်ယူ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ယနေ့ (စက်တင်ဘာ ၂၇) ညပိုင်း၌ ကျင်းပခဲ့သည့် ONE Friday Fights 81 ပြိုင်ပွဲတွင် မြန်မာ့လက်ဝှေ့ကျော်စိုးလင်းဦးက အိမ်ရှင်ထိုင်းဖိုက်တာ နဘီးကို အမှတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။

ဓာတ်ပုံ - One Championship

သုည/People’s Spring

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ယနေ့ (စက်တင်ဘာ ၂၇) ညပိုင်း၌ ကျင်းပခဲ့သည့် ONE Friday Fights 81 ပြိုင်ပွဲတွင် မြန်မာ့လက်ဝှေ့ကျော်စိုးလင်းဦးက အိမ်ရှင်ထိုင်းဖိုက်တာ နဘီးကို အမှတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။

ယင်းပွဲစဥ်တွင် စိုးလင်းဦးသည် တံတောင်ရိုက်ချက်၊ လက်သီးချက်များဖြင့် ပူးကပ်ထိုးသတ်ရန် ကြိုးစားခဲ့သော်လည်း နဘီးသည် ၎င်း၏အရပ်မြင့်မားမှုဖြင့် အသာစီးယူကာ ထိုးသတ်ခဲ့သည်။

Public Service Announcement

Public Service Announcement

စိုးလင်းဦးအနေဖြင့် လူချင်းပူးကပ်ထိုးသတ်ရန် ကြိုးစားခဲ့ပေမယ့် နဘီး၏ အရပ်အမောင်းနှင့် နည်းစနစ်ကြောင့် ထိုးနှက်ရန် အခက်တွေ့ခဲ့သည်။

ထို့အပြင် နဘီးသည် ၎င်းအားသာသည့် ဘယ်ညာဒူးတိုက်ချက်၊ ခြေကန်ချက်၊ တံတောင်ရိုက်ချက်များ အသုံးပြု ထိုးနှက်ခဲ့၍ စိုးလင်းဦးအထိနာခဲ့သည်။

ထို့ကြောင့် ပွဲအပြီးတွင် နဘီးသည် အမှတ်ပေးဒိုင်များ၏အဆုံးအဖြတ်ဖြင့် ONE Championshipတွင် ရှုံးပွဲမရှိသေးတဲ့ မြန်မာလက်ဝှေ့ကျော်စိုးလင်းဦးကို အနိုင်ယူခဲ့သည်။

ယင်းပွဲရလဒ်ကြောင့် မြန်မာ့လက်ဝှေ့ကျော် သံမဏိစိုးလင်းဦးသည် ONE Championship ပြိုင်ပွဲ ၄ ပွဲထိုးသတ်ခဲ့ပြီး ၃ပွဲနိုင် ၁ပွဲရှုံး ရလဒ်ကို ပိုင်ဆိုင်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာ့စပါးအုံးဟုနာမည်ကျော်သည့်အောင်လအန်ဆန်နှင့်ဆွီဒင်ဖိုက်တာ ကာဒက်စတန်တို့လာမည့်အောက်တိုဘာ၃ရက်တွင်ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့၌ ယှဥ်ပြိုင်ထိုးသတ်မည်ဖြစ်ကြောင်း One Championship က ယနေ့ (စက်တင်ဘာ ၂ရက်) ထုတ်ပြန်သည်။

သတင်း

ကယန်းလက်ဝှေ့မယ်ဘရော်နီကာသည် ယနေ့ (မေလ ၉) ညပိုင်းက ထိုးသတ်သည့် One Championship မွေထိုင်းပြိုင်ပွဲတွင် ထိုင်းဖိုက်တာ ဂျူနီယာကို ဒုတိယအချီတွင် အလဲထိုး​ အနိုင်ရခဲ့သည်။

သတင်း

One Championshipက ယနေ့ (မတ်လ ၈) နံနက်ပိုင်းက ထိုင်းနိုင်ငံတွင် ပြုလုပ်သည့် မွေထိုင်းပြိုင်ပွဲတွင် လက်ဝှေ့ကျော် စိုးလင်းဦးက ပြိုင်ဘက်ရုရှားဖိုက်တာကို အမှတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။

သတင်း

ကယန်းလက်ဝှေ့မယ်ဘရော်နီကာသည် One Championship ပြိုင်ပွဲ ပွဲဦးထွက်ပွဲစဥ်တွင် ချီလီဖိုက်တာ ဖရန်စီကာဗီရာကို အမှတ် ဆုံးဖြတ်ချက် ဖြင့် ရှုံးနိမ့်ခဲ့သည်။