Connect with us

Hi, what are you looking for?

သတင်း

ဘောလခဲခရိုင်ရှိ စစ်ကောင်စီစခန်းကုန်းတိုက်ပွဲအတွင်း BPDFရဲဘော်တစ်ဦး ကျဆုံး

ကရင်နီပြည်၊ ဘောလခဲခရိုင်အတွင်းရှိ စစ်ကောင်စီတပ်စွဲထားသော စခန်းကုန်းတိုက်ပွဲအတွင်း ရဲဘော်တစ်ဦးကျဆုံးခဲ့ရကြောင်း ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (B PDF)က ယနေ့ ထုတ်ပြန်သည်။

ရဲဘော် သက်ပိုင်မှုး​၏ နာရေးအခမ်းအနားပြုလုပ်နေစဉ်။ ဓာတ်ပုံ - BPDF

ရဲခေါင်/People’s Spring

ကရင်နီပြည်၊ ဘောလခဲခရိုင်အတွင်းရှိ စစ်ကောင်စီတပ်စွဲထားသော စခန်းကုန်းတိုက်ပွဲအတွင်း ရဲဘော်တစ်ဦးကျဆုံးခဲ့ရကြောင်း ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (B PDF)က ယနေ့ ထုတ်ပြန်သည်။

တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုများနှင့်အတူ အောက်တိုဘာ ၁၀ရက်က စစ်ကောင်စီစခန်းကုန်းတစ်ခုကို ၀င်ရောက်ချေမှုန်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲဘော်သက်ပိုင်မှုး ကျဆုံးခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

နိုင်ငံတော်နှင့် လူမျိုးအတွက် စွမ်းစွမ်းတမံ တိုက်ပွဲဝင်ရင်း အသက်ပေးလှူခဲ့သော ရဲဘော် သက်ပိုင်မှုးအား အာဇာနည်အဖြစ်အသိမှတ်ပြုကြောင်း BPDFက ဖော်ပြသည်။

“ဘောလခဲမှာက စကစ စခန်းကုန်းသုံးခုလောက် ကျန်သေးတယ်။သိမ်းဖို့ ကြိုးစားနေကြတာ။၁၀ ရက်နေ့ကတိုက်ပွဲက စခန်းကုန်းမှာ ဖြစ်ပြီးကျတာ။စကစဘက်က လေယာဥ်နဲ့ ပစ်ကူပေးခဲ့ရတယ်။အပြီးသတ် မရခဲ့ဘူးလို့ သိရတယ်”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ပြောသည်။

ရှမ်းပြည်နယ်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၂)လက်အောက်ခံတပ်များကို ဘောလခဲမြို့တွင် စစ်ကောင်စီက အင်အားဖြည့်ထားကြောင်းလည်း ၎င်းက ဆက်ပြောသည်။

ပြီးခဲ့သည့် သြဂုတ် ၈ ရက်က ဘောလခဲမြို့ရှိ ရေကျော် စစ်ကောင်စီစခန်းကုန်းကို ကရင်နီတပ်ပေါင်းစုက သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများနှင့် စစ်ကောင်စီတပ်သား အလောင်းများရရှိခဲ့သည်။

လက်ရှိတွင် ကရင်နီပြည်နယ်သို့ ရှမ်းပြည်တောင်ပိုင်း ပင်လောင်း နှင့် ဆီဆိုင်မြို့များမှ စစ်ကောင်စီက စစ်ကြောင်းထိုး ဝင်ရောက်နေပြီး ပင်လောင်းနှင့်ဖယ်ခုံမြို့ကြားတွင် တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားနေသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ ဒရုန်း တိုက်ခိုက်မှုတွေ ပိုလုပ်လာတယ်လို့ ကရင်နီပြည်တပ်မတော်(KA)တပ်ရင်း-၅ တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်နီပြည်မှာ ညီညွတ်တဲ့အစိုးရနဲ့အတူ ပြည်နယ်တပ်တစ်ခုတည်းဖြစ်ပေါ်လာဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက ဒီကနေ့ စက်တင်ဘာ ၁ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်