Connect with us

Hi, what are you looking for?

သတင်း

မင်းကွန်းဒေသတွင် လက်ဖက်ရည်ဆိုင်ထိုင်နေသည့်ရဲများ ပစ်ခတ်ခံရပြီး သုံးဦးသေဆုံး

စစ်ကောင်စီတပ်က ပြန်ပစ်၍ ပြည်သူအချို့ထိခိုက်ပြီး လက်ဖက်ရည်ဆိုင်အပါအဝင် နေအိမ်များ မီးရှို့ဖျက်ဆီး

ပြီးခဲ့သည့် ဇူလိုင်လက မင်းကွန်းတိုက်နယ်၊ ရှားရောင်းကျေးရွာရှိ နေအိမ်များအား စစ်အုပ်စုမီးရှို့သွားစဥ်။ ဓာတ်ပုံ-မင်းကွန်းတိုက်နယ် သတင်းမှန်ပြန်ကြားရေး

ဇေအောင်/People’s Spring

စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသတွင် အရပ်ဝတ်ဖြင့် လက်ဖက်ရည်ဆိုင်ထိုင်နေသော ရဲများ ပစ်ခတ်ခံရပြီး ရဲသုံးဦး သေဆုံးကာ စစ်ကောင်စီတပ်က ပြန်ပစ်ခတ်၍ ပြည်သူအချို့ထိခိုက်မှုရှိကြောင်း ဒေသခံများက ပြောသည်။

ယနေ့(အောက်တိုဘာ ၁၆ရက်) နံနက်ပိုင်းက မင်းကွန်းတိုက််နယ်၊ ကားလမ်းဘေး မယ်တော်ကြီးဘုရားရှေ့ လက်ဖက်ရည်ဆိုင်တွင် ထိုင်နေသော မင်းကွန်းရဲစခန်းမှ ရဲများအား PDF ရဲဘော်များက ဝင်ရောက်ပစ်ခတ်ရာ ရဲ ၃ဦး သေဆုံးကြောင်း ဒေသခံများက ပြောသည်။

“ကိုယ့်ဘက်က ဝင်ပစ်တာ ၃ကောင်သေတယ်။ အဲဒီမှာ နှစ်ဘက်အပြန်အလှန်ပစ်တာ။ ပြည်သူ ၃ ယောက်မှန်တာ တစ်ယောက်သေသွားပြီပြောတယ်။”ဟု PDF များနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အထိနာသွားသော စစ်ကောင်စီတပ်က ဝင်အပစ်ခံရသည့် လက်ဖက်ရည်ဆိုင်အပါအဝင် အနီးရှိနေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ဝင်အပစ်ခံရတဲ့ဆိုင် မီးရှို့ခံရတယ်။ မသင်္ကာတဲ့အိမ်တွေ မီးရှို့နေတယ်။ တော်တော်များများရှို့တယ်။ အိမ်အရေအတွက်မသိရသေးဘူး။”ဟု မင်းကွန်းဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုအား မည်သည့်အဖွဲ့က ပြုလုပ်ခဲ့သည်ကိုမူ မသိရသေးပေ။

မင်းကွန်း PDFကမူ အဆိုပါစစ်ဆင်ရေးသည် နယ်မြေခံအဖွဲ့အစည်းများကို အသိမပေးဘဲ တိုက်ပွဲဖော်ဆောင်ခဲ့သောကြောင့် ပြည်သူများ ထိခိုက်မှုရှိခဲ့၍ တာဝန်ယူဖြေရှင်းပေးရန် တောင်းဆိုထားသည်။

သြဂုတ် တတိယပတ်အတွင်းကလည်း မင်းကွန်းမြသိန်းတန်ဘုရားရှိ စစ်ကောင်စီ ဂိတ် စခန်းတိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက် စစ် ကောင်စီတပ်က စစ်ရှောင်ပြည်သူနှစ်ဦးအား PDF ဟုစွပ်စွဲ သတ်ဖြတ်ခဲ့သေးသည်။

ထို့အပြင်ဇူလိုင်အတွင်းကလည်း စစ်ကောင်စီတပ်က မင်းကွန်းတိုက်နယ်၊ ရှားရောင်းကျေးရွာရှိ နေအိမ် ၃၆လုံးအား မီးရှို့ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်းပေါက် နဲ့ မြိုင်ဒေသမှာ စစ်ကြောင်းထိုးလာပြီး လမ်းမှားကျန်ရစ်တဲ့ တပ်မ (၁၀၁)စစ်ကြောင်းကစစ်သားနှစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့ဖမ်းမိခဲ့တယ်လို့ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Myaing Garuda PDF )တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့မှာ မြို့ထဲဝင်လာတဲ့ စစ်တပ်လက်အောက်ခံ ရဲတစ်ဦးနဲ့ ပျူစောထီးတစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဇီးကုန်းတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် လှည်းတန်းဘူတာမှာ ထိုင်နေတဲ့ လူငယ် ၂ဦးကို စစ်တပ် လက်အောက်ခံ ရဲနဲ့ အရပ်ဝတ်က ဖုန်းယူစစ်ပြီးဖမ်းဆီးသွားတယ်လို့ ရန်ကုန်မြေပြင်သတင်းတွေ ဖော်ပြပေးနေတဲ့ Rangoon Scout Network-RSN က အသိပေးထားပါတယ်။

ဆောင်းပါး

ရဲတပ်သားဟာဘုရားရှိခိုးအပြီး စေတီအနီးမှာ တစ်ဦးတည်း ထိုင်နေတုန်း အသက် ၅၀ ကျော်နဲ့ ၄၀ ဝန်းကျင် ယောကျာ်းကြီး ၃ ဦး ရောက်လာတယ်။ ရဲတပ်သားလေးကို ခပ်မာမာနဲ့ "ငါတို့နဲ့ လိုက်ခဲ့"လို့ ခေါ်တယ်။ ရဲတပ်သားလည်း သူကိုယ်တိုင်က လွှတ်တော်ကို လုံခြုံရေးတာဝန်ယူထားရသူ။ ပြီးတော့ သူများတွေကိုသာ...