Connect with us

Hi, what are you looking for?

သတင်း

ရခိုင် နှင့် ဧရာဝတီအစပ်မှ ကျေးရွာများကို စစ်ကောင်စီဖယ်ရှားခိုင်း

ဂွမြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ထွက်ပြေး

ဂွမြို့နယ်နှင့် ထိစပ်​နေ​သော ​ဧရာဝတီ တိုင်းမှမြို့နယ်များကို Google Earth တွင်​တွေ့ရမှု

လူအေး/People’s Spring

ဂွမြို့နယ်တိုက်ပွဲပိုမိုပြင်းထန်လာပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား ထွက်ပြေးနေသလို ရခိုင်ပြည်နယ်နှင့် နယ်စပ်ဖြစ်‌ သောဧရာဝတီတိုင်းမှ ကျေးရွာအချို့ကို စစ်ကောင်စီက အတင်းအကျပ်ဖယ်ရှားခိုင်းနေကြောင်း ​ဒေသခံများက​ပြောသည်။

“တိုက်ပွဲက မြို့နားအထိရောက်လာပါတယ်။ မြို့ခံတွေစပြီးတိမ်းရှောင်ကြရတယ်။ ရွာတွေဘက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အရပ်ဝတ်တွေနဲ့ ထွက်ပြေးတာတွေရှိနေတယ်။ နောက်ပြီး ဧရာဝတီတိုင်းဘက်က မြို့(ဂွမြို့နယ်)နဲ့နယ်စပ်က ရွာတွေကို စစ်တပ်ကရွှေ့ခိုင်းနေပါပြီ” ဟု ဂွမြို့နယ်မှ​ဒေသခံတဦးကပြောသည်။

စစ်ကောင်စီသည် ဂွမြို့နယ်နှင့်ထိစပ်နေသော ဧရာဝတီတိုင်းမှ ရေကြည်မြို့နယ်၊ လေးမျက်နှာမြို့နယ်ပတ်ဝန်းကျင်ရွာများ၊ ဟင်္သာတခရိုင် ကွင်းကောက်မြို့နယ်တို့နှင့် ထိစပ်နေသောရွာများကို ဖယ်ရှားခိုင်းနေခြင်းဟုဒေသခံအချို့က​ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ ရေကြည်မြို့နယ်ရှိ စောပြာ၊ စိမ့်ကြီးရွာအပါအဝင် ရွာနှစ်ဆယ်ခန့်၊ ဂွမြို့နယ်မှ ရဟိုင်ကွင်းရွာတို့ကို အောက်တိုဘာလ၂၁ရက် အပြီး ဖယ်ရှားရွှေ့ပြောင်းရန် အောက်တိုဘာ ၁၉ ရက်တွင် အကြောင်းကြားခြင်းဖြစ်ကြောင်း ဒေသခံများ၏ပြောကြားချက်ကိုကိုးကား၍ Arakan Princess Media က ဖော်ပြထားသည်။

“ကွင်းကောက်ကနေ တောလမ်းအတိုင်းသွားရင် ရိုးမထဲရောက်နေပြီ။ ဒီရက်ထဲမှာ စစ်တပ်ခြေရှုပ်နေတယ်။ ရွာတွေကို ဖယ်ခိုင်းလို့ တော်တော် အကြပ်ရိုက်နေကြတယ်။အဓိကက AAကြောက်ရောဂါကြောင့် ဒေသခံတွေကို ဖယ်ခိုင်းနေတာ” ဟု ကွင်းကောက်မြို့ခံတစ်ဦးကပြောသည်။

ဂွမြို့နယ်နှင့် ထိစပ်​နေ​သော ​ဧရာဝတီ တိုင်းမှမြို့နယ်များကို Google Earth တွင်​တွေ့ရမှု

ဂွမြို့နယ်တွင် ပြီးခဲ့သည့်စက်တင်ဘာလလယ်မှစ၍ စစ်ကောင်စီ၏စခန်းများကို AAက တိုက်ခိုက်ပြီး တိုက်ပွဲ၍စတင်ခဲ့သည်။ ယခုရက်ပိုင်းတွင်

ဂွမြို့နယ်အတွင်းမှ ဧရာဝတီတိုင်းနှင့်နယ်စပ်ကျေး

ရွာများဖြစ်သော ကြွေချိုင်၊တိုင်ကျိုးရွာတို့တွင် စစ်ရေးတင်းမာနေပြီး စစ်ကောင်စီက လေကြောင်းမှ မကြာခဏတိုက်ခိုက်နေကြောင်းမြို့ခံများကပြောသည်။

ဂွမြို့နယ်သည် ဧရာဝတီတိုင်း၊ ငါးသိုင်း ချောင်းမြို့နှင့်လည်း ကုန်လမ်းထိစပ်နေသည်။ ငါးသိုင်းချောင်းမြို့၊ရေကြည်မြို့များသို့ ရခိုင်ပြည်နယ်မှစစ်ဘေးရှောင်များ ရောက်ရှိနေပြီး ဘုန်းကြီး

ကျောင်းအချို့တွင် ခိုလှုံနေကြရသည်။ ထို့အပြင် ရေလမ်းနှင့် ဆက်စပ်နေသော ချောင်းသာနှင့် ရွှေသောင်ယံမြို့တွင်လည်း စစ်ဘေးရှောင်များရောက်ရှိနေသည်။

ထိုအပြင်ဂွမြို့နယ်၌ တိုက်ပွဲပြင်းထန်နေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သည် လက်နက်များနှင့်အတူ ထွက်ပြေးသွားသည်ကိုတွေ့ရကြောင်း ရခိုင်ပြည်နယ်နှင့်ဧရာဝတီတိုင်းနယ်စပ်၌နေသူအချ်ို့ကပြောသည်။။

“ဒဏ်ရာတွေနဲ့တွေ့တာဗျ။ နှစ်ယောက်။ သူတို့ထွက်ပြေးလာတာ။ သူတို့ကို AAဆီရော၊ စစ်တပ်ဆီရော သတင်းမပို့ဖို့ တောင်းပန်တယ်။ အသက်တွေလည်း မငယ်တော့ဘူး။ ၅၀လောက်ရှိတယ်” ဟု ‌မျက်မြင်တွေ့သူတစ်ဦးကပြောသည်။

အရပ်ဝတ်ဖြင့် လက်ဗလာပြေးလာသူများရှိသလို သေနတ်ဖြင့် ထွက်ပြေးသူများလည်းရှိကြောင်းသတင်းများထွက်ပေါ်နေသည်။

ထို့အပြင် စစ်ကောင်စီသည် ဧရာဝတီတိုင်းမှ စစ်သားစုဆောင်းခံရသူ သင်တန်းသားအများအပြားကို ရခိုင်ပြည်နယ်သို့ပို့ဆောင်နေသည်။

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ် ကွင်းကောက်မြို့ရှိ အမှတ်(၅)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းနှင့် ပုသိမ်မြို့ရှိအမှတ်(၆)စစ်အခြေခံ လေ့ကျင့်ရေးတပ်တွင် စစ်သင်တန်းပေးနေသူများကို ငါးသိုင်းချောင်း-ဂွလမ်းမှတဆင့် ရခိုင်ပြည်နယ်သို့ ကားများဖြင့် ပို့ဆောင်နေခြင်းဖြစ်သည်။

ထို့အပြင် စစ်​ကောင်စီက ရခိုင်ပြည်နယ်ဘက်သို့ စားသောက်ကုန်၊ စက်သုံးဆီအပါအဝင် ကုန်စည်များအဝင်မခံဘဲ ဖြတ်တောက်ထားသလို ရခိုင်ပြည်နယ်ဘက်မှ ဝင်ရောက်လာသူများကိုလည်း စစ်ဆေးမှုများတင်းတင်းကျပ်ကျပ်ပြုလုပ်နေသည်။

ရခိုင်ပြည်နယ်တွင် လက်ရှိ၌ အမ်းမြို့နယ်၊ မောင်တောမြို့နယ်နှင့် ဂွမြို့နယ်တို့၌ တိုက်ပွဲများပြင်းထန်နေပြီး AAက စခန်းသိမ်းတိုက်ပွဲများတိုက်ခိုက်နေကာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများအဓိကပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ရက္ခိုင်ပြည်နယ်၊ သံတွဲနဲ့ ဂွမြို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊ ရေကြောင်း တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်ခဲ့ပြီး လေယာဉ်ဗုံးကြောင့် သံတွဲမြို့ခံ (၈၃)နှစ်အရွယ် အဖွားအို ၁ဦး သေဆုံးခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ဂွ၊ကျိန္တလီနဲ့ဂျိတ်တောမြို့အနီးပတ်ဝန်းကျင်ကို အာဏာသိမ်းစစ်တပ်က ပင်လယ်ပြင်မှာတပ်စွဲထားတဲ့စစ်သင်္ဘောတွေပေါ်ကနေ ဒီ​နေ့မှာလက်နက်ကြီးတွေနဲ့ပစ်ခတ်နေလို့ဒေသခံပြည်သူတွေအနေနဲ့ လေကြောင်း၊ ရေကြောင်းရန်ကို အထူးသတိထားကြဖို့ AAက အရေးပေါ်သတိပေးချက်ထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်