Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့တွင် ယခုရက်ပိုင်းအတွင်း နေအိမ် ခြောက်အိမ်ခန့် ဓါးပြတိုက်ခံရ

စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း မုံရွာမြို့ပေါ်ရှိ ရွှေဆိုင်များ၊ ဖုန်းဆိုင်စတိုးဆိုင်များ၊ လူနေအိမ်များ ဓါးပြတိုက်ခံရပြီး လူထိခိုက်သေဆုံးမှုများပင် ရှိခဲ့သည်။

(မုံရွာမြို့ပေါ်တနေရာအား တွေ့ရစဥ်။ဓာတ်ပုံ-CJ)
(မုံရွာမြို့ပေါ်တနေရာအား တွေ့ရစဥ်။ဓာတ်ပုံ-CJ)

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် နေအိမ် ခြောက်အိမ်ခန့် ဓါးပြတိုက်ခံရကြောင်း မုံရွာကင်းထောက်များအဖွဲ့က ပြောသည်။

ယခု အောက်တိုဘာနောက်ဆုံးပတ်အတွင်း မုံရွာမြို့၊ ရေကူးကန်လမ်းပေါ်၊ မဇ္ဇိမရောင်ခြည် ကျောင်း ဝန်းကျင်ရှိ နေအိမ် ခြောက်အိမ်ခန့် ဓါးပြတိုက်ခံရပြီး အိမ်ရှင်များမှာ ရန်ပြုခံရမည်စိုး၍ သတင်းဖုံးဖိထားကြောင်း မုံရွာကင်းထောက်များအဖွဲ့က ပြောသည်။

“အိမ်ရှင်တွေက နောက်ရန်ကြောက်ကြလို့ ဘယ်သူ့ကိုမှ မပြောရဲကြဘူး။လာတိုက်တဲ့သူတွေက ဘေးတွဲနဲ့။ ညနေ ၆ နာရီပတ်ဝန်းကျင်တွေပဲ။

Public Service Announcement

Public Service Announcement

လူ ၅ ယောက်နဲ့ လာတိုက်သွားတာ။”ဟု မုံရွာကင်းထောက်များအဖွဲ့တာဝန်ရှိသူက ပြောသည်။

ဓါးပြတိုက်ခံရမှုကြောင့် ဆုံးရှုံးသွားသည့် ငွေကြေးနှင့်ပစ္စည်းဥစ္စာ ပမာဏကိုလည်း မသိရသေးပေ။

ထို့အပြင် အဆိုပါလမ်း၌ ဖြတ်သန်းသွားလာသူများလည်း မကြာခဏ ဓါးပြတိုက်ခံနေရကြောင်း မုံရွာမြို့ခံအချို့က ပြောသည်။

” အဲလမ်းက လူလည်းပြတ်တယ်။ နေ့ခင်း၊နေ့လယ်ပါ ဆိုင်ကယ်နဲ့သွားလို့မကောင်းဘူး။ ဖြတ်တဲ့သူတွေကိုပါ ပေါ်တင် ဓါးပြထွက်တိုက်တာ။ ဆိုင်ကယ်တားရင်း ဓါးနဲ့ထောက်တာ။ ဖုန်းပါဖုန်းပေးခဲ့။ ဆိုင်ကယ်ပေးခဲ့။ အကုန်ခြေကျင်ပြန်ခိုင်းတာ။”ဟု မုံရွာမြို့ခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာအတွင်းက မုံရွာမြို့ပေါ်ရှိ ရွှေဆိုင်တစ်ဆိုင်အား လက်နက်ကိုင်ဆောင်ထားသောလူတစ်စုက ဓားပြတိုက်ခဲ့ရာ ကျူးလွန် သူများအနက် သုံးဦးအား မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဖမ်းဆီးရမိခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၅နှင့် ၂၆ရက်က မုံရွာမြို့ပေါ်ရှိ ရွှေဆိုင်တစ်ဆိုင်အပါအဝင် နေရာသုံးခုတွင် ဓါးပြတိုက်ခံခဲ့ရသည်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း မုံရွာမြို့ပေါ်ရှိ ရွှေဆိုင်များ၊ ဖုန်းဆိုင်စတိုးဆိုင်များ၊ လူနေအိမ်များ ဓါးပြတိုက်ခံရပြီး လူထိခိုက်သေဆုံးမှုများပင် ရှိခဲ့သည်။

၂၀၂၂ စက်တင်ဘာ ၁၁ ရက်က မုံရွာမြို့လယ်မီးပွိုင့်အနီးရှိ သန်းတရာရွှေဆိုင် ဓါးပြတိုက်ခံရပြီး ရွှေအချိန်(၁၀)ပိဿာကျော် ပါသွားခဲ့သည်။

၂၀၂၂ ဒီဇင်ဘာ ၂၀ရက်ကလည်း မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ ​ရွှေမုံရွာ ရတနာရွှေဆိုင်ဓားပြတိုက်ခံရပြီး ဆိုင်ရှင်အမျိုးသားပါ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်။

၂၀၂၃ မတ်လ ၂၁ရက်ကလည်း မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ ပေါ်ဦးရွှေဆိုင်ဓါးပြတိုက်ခံရပြီး ဆိုင်ရှိ ရွှေထည်၊ရွှေတုံးများ ပိဿာလိုက်ပါသွားပြီး ကျပ်သိန်းထောင်ချီလည်း ယူဆောင်သွားသည်။

ဆက်စပ်သတင်းများ

သတင်း

မုံရွာမြို့နယ်အတွင်းက လယ်ဇင်ကျေးရွာနဲ့ သက္ကယ်ကျင်းကျေးရွာတွေမှာ လူတစုက Kpay နဲ့ Wavepay အကောင့်တွေကို တစ်ခု ကျပ် ၅၀,၀၀၀ ကနေ ၆၀,၀၀၀ ခန့်အထိပေးကာ လိုက်လံဝယ်ယူသူတွေရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ် စစ်ကောင်စီတပ်ဂိတ်အနီးသေဆုံးနေတဲ့ အမျိုးသမီးဟာ ကြာပိုင်ကျေးရွာကနေ ဘုန်းကြီးမွေးနေ့ပွဲသွားရင်း ပျောက်ဆုံးသွားသူဖြစ်နေကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က ခရီးသည်တင်ယာဥ်တစ်စီးကို သေနတ်နဲ့ပစ်ခတ်လို့ ယာဥ်မောင်းသေဆုံးခဲ့ရပါတယ်။

ဆောင်းပါး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ကိုရောက်ရင် ဒလီဗာရီ(ပစ္စည်းပို့)ဝန်ထမ်းတွေကိုကြည့်ပြီးစာဖတ်သူအနည်းငယ်အံ့သြနိုင်ပါတယ်။တခြားကြောင့်မဟုတ်ပါဘူး။ဒလီဗာရီဝန်ထမ်းတွေဟာ များသောအားဖြင့် လူငယ်လေးတွေ လုပ်ကြတာများပါတယ်။ ၂၀ ကျော် ၃၀ ကျော်တွေပေါ့။မုံရွာမြို့မှာတော့ တခြားဒေသက ဒလီဗာရီတွေထက် မတူတာက ပစ္စည်းပို့သူအများစုဟာ အသက်လေးဆယ်ကျော်တွေနဲ့ လူကြီးပိုင်းတွေ ဖြစ်နေတာပဲ။