Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့မှာ စစ်တပ်က ခရီးသည်တင်ယာဥ် သေနတ်နဲ့ပစ်ခတ်လို့ ယာဥ်မောင်းသေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က ခရီးသည်တင်ယာဥ်တစ်စီးကို သေနတ်နဲ့ပစ်ခတ်လို့ ယာဥ်မောင်းသေဆုံးခဲ့ရပါတယ်။

(ပစ်ခတ်ခံခဲ့ရသည့်ယာဥ်အား တွေ့ရစဥ် ဓာတ်ပုံ-မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေး)

ဖေဖော်ဝါရီ-၂၂၊ ၂၀၂၆ ​ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က ခရီးသည်တင်ယာဥ်တစ်စီးကို သေနတ်နဲ့ပစ်ခတ်လို့ ယာဥ်မောင်းသေဆုံးခဲ့ရပါတယ်။

မနေ့က ဖေဖော်ဝါရီ ၂၁ ရက် ည ၈ နာရီ မိနစ် ၄ဝ ခန့်က မုံရွာမြို့၊ သာစည်ဘုရားမုခ်ပေါက်အနီးမှာ ခရီးသယ် ၄ဦး၊ ယာဥ်နောက်လိုက် တစ်ဦးနဲ့ ယာဥ်မောင်းတစ်ဦးလိုက်ပါလာတဲ့ ကားကို သာစည်ထောင်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်ခတ်လို့ ယာဉ်းမောင်းသေဆုံးခဲ့ကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

“သမုန်းကုန်းလမ်းခွဲကနေ ပေါက်ငယ်တော အတက်မြောက်နဲ့ တောင် မှားကွေ့မိရာမှ သာစည်ထောင်ရှေ့ ရောက်ရှိသွားပြီး ပစ်ခတ်ခံရတာလို့ သိရပါတယ် ။ ခရီးသယ်ကား ဖြစ်တာ သိချိန်မှာတောင် ကားမှန်တွေကို သေနတ်ဒင်တွေနဲ့ ထုရိုက်ကြတယ်လို့ သိရပါတယ်။”လို့ မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အခြားခရီးသည်တွေ ထိခိုက်မှုမရှိဘဲ ယနေ့မနက်မှ သက်ဆိုင်ရာဒေသကို ခရီးဆက်သွားခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။ ပစ်ခတ်ခံရတဲ့ကားဟာ ရွှေပီနောင်းယာဥ်ငယ်အသင်းက ခရီးသည်တင်ကားဖြစ်ပြီး သေဆုံးခဲ့ရတဲ့ ယာဥ်မောင်းဟာ ဆားလင်းကြီးနယ်မှဖြစ်ကြောင်း သိရပါတယ်။

မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးရဲ့ထုတ်ပြန် ချက်အရ မုံရွာနဲ့ ဗန်းမော်မြို့ပြေးဆွဲတဲ့ ယာဉ်ဖြစ်တာကို တွေ့ရပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက် ညနေ ၆ နာရီခန့်ကလည်း မုံရွာမြို့၊ မြို့ရှောင်လမ်းအရှေ့ဘက်၊ စစ်တပ် တပ်စွဲရာ ကံသာဘုန်းကြီးကျောင်းအနီးမှာ အသက် ၂၀ နှစ်ဝန်းကျင် အမျိုးသမီးတစ်ဦး ဒဏ်ရာတွေနဲ့ လဲကျသေဆုံးနေခဲ့ပြီး တစ်ရက်အကြာမှ အလောင်းလာကောက်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မုံရွာမြို့ပေါ်က စစ်တပ်ဟာ မကြာခဏ ရမ်းသမ်းပစ်ခတ်မှုတွေ ပြုလုပ်နေပြီး လူငယ်လူရွယ်တွေ ထိခိုက်သေဆုံးတာတွေရှိနေတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၃ ရက်ကလည်း မုံရွာမြို့၊ သာစည်လမ်း၊ ပညာရေးတက္ကသိုလ်(TTC)အနီးမှာ အိမ်စီးကားတစ်စီးကို စစ်တပ်က လိုက်လံပစ်ခတ်ရာ အမှိုက်ပုံအနီးက အမှိုက်ကောက်တဲ့ကလေးတစ်ဦး၊ သုံးဘီးသမားတစ်ဦးအပါအဝင် ပြည်သူ ၄ ဦးခန့် သေဆုံးခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မိတ္ထီလာခရိုင်ထဲကမလှိုင်မြို့နယ်မှာတိုက်ပွဲဖြစ်တာမရှိဘဲ အာဏာသိမ်းစစ်တပ်ကစက်တပ်လေထီးနဲ့ ဗုံးကြဲတာကြောင့်ပြီးခဲ့တဲ့ ရက်ပိုင်းဇူလိုင်လ ၃၁ ရက်ညနေပိုင်းကအသက် ၆၀ အရွ​ယ်အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရတယ်လို့ နယ်ခံအချို့ဆီကသိရပါတယ်။

ဆောင်းပါး

Tiktok လူမှုကွန်ရက်မှာ အမျိုးသမီးကြီးတစ်ဦးဟာ ဓါတ်ပုံလေးတွေကိုင်ပြီး ငိုကြွေးနေတဲ့ရုပ်သံတွေ တက်လာခဲ့ပါတယ်။ အဆိုပါအမျိုးသမီးကြီးဟာ ဒလမြို့နယ်ကဖြစ်ပြီး ၎င်းရဲ့သားနဲ့သမက်အပါအဝင် ယောကျာ်းလေး ၄ ဦး ပျောက်ဆုံးသွားတဲ့အတွက် Tiktok ကနေ အကူအညီတောင်းခံနေတာပါ။

ဆောင်းပါး

“အနက်ရောင်နယ်မြေထဲက စာသင်ကျောင်းတဲ့” မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ကျေးရွာတခုရဲ့ မူလတန်းကျောင်း မိဘ၊ဆရာတွေ့ဆုံပွဲက ပြန်လာကြတဲ့ ကျောင်းသားမိဘတွေဆီက ကြားရတဲ့ စကားပါ။