Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့တွင် ရွှေဆိုင်ဓါးပြတိုက်သူများအား ပကဖနှင့်ပလဖ ပူးပေါင်းဖမ်းဆီး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် ရွှေဆိုင်ဓါးပြတိုက်သွားသူများအား ဖမ်းဆီးရမိထားကြောင်း မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတင်းထုတ်ပြန်သည်။

ကနဦးဖမ်းဆီးထိန်းသိမ်းထားသူများနှင့် ဆက်စပ်ပစ္စည်းများအား တွေ့ရစဥ်။ဓာတ်ပုံ - မုံရွာပကဖ

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် ရွှေဆိုင်ဓါးပြတိုက်သွားသူများအား ဖမ်းဆီးရမိထားကြောင်း မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတင်းထုတ်ပြန်သည်။

စက်တင်ဘာအတွင်းက မုံရွာမြို့ပေါ်ရှိ ရွှေဆိုင်တစ်ဆိုင်အား လက်နက်ကိုင်လူတစ်စုမှ ဓားပြတိုက်မှုဖြစ်စဉ်တွင် ပါဝင်သူ သုံးဦးအား လက်နက်အချို့နှင့် ဖမ်းဆီးရမိထားကြောင်း မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့(အောက်တိုဘာ ၁၅ရက်)တွင် ဓါတ်ပုံများဖြင့် ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ကနဦးဖမ်းဆီးထားသူများ၏ ထွက်ဆိုချက်အရ နောက်ကွယ်တွင် ပါဝင်ပတ်သက်သူများ ကျန်နေသေး၍ ဆက်စပ်တရားခံများ ဆက်လက်ဖမ်းဆီးထိန်းသိမ်းနိုင်ရေး ဆောင်ရွက်နေကြောင်း မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

“လက်ရှိ သုံးဦး ဖမ်းဆီးရမိထားပါတယ်။ နောက်ဆက်တွဲတရားခံတွေ ကျန်ရှိပါသေးတယ်။လက်ရှိစစ်ဆေးချက်တွေအရ အခြားအမှုတွေရှိနိုင်သေးတာကြောင့် ဆက်လက်စုံစမ်းစစ်ဆေးနေဆဲပါ။”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

ထို့အပြင် အဆိုပါဓားပြတိုက်သူများဖမ်းဆီးစဥ် သေနတ်များပါ သိမ်းဆည်းရမိကြောင်း မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

စုံစမ်းစစ်ဆေးမှုများ၊ ကျူးလွန်သည့် တရားခံများဖမ်းဆီးထိန်းသိမ်းမှုများအား မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)တို့ ပူးပေါင်းဆောင်ရွက်ခြင်းဟု အသိပေးထားသည်။

အလားတူ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့သည် စက်တင်ဘာအတွင်းကလည်း ပျူစောထီးများ၊ အဓမ္မပြုကျင့်မှုကျူးလွန်သူများ၊ သန်းခေါင်စာရင်းကောက်ယူပေးနေသူတစ်ဦးတို့အား ဖမ်းဆီးခဲ့သေးသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၅နှင့် ၂၆ရက်က မုံရွာမြို့ပေါ်ရှိ ရွှေဆိုင်တစ်ဆိုင်အပါအဝင် သုံးနေရာတွင် ဓါးပြတိုက်ခံရမှုဖြစ်ခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မုံရွာမြို့ပေါ်ရှိ ရွှေဆိုင်များ၊ ဖုန်းဆိုင်စတိုးဆိုင်များ၊ လူနေအိမ်များ ဓါးပြတိုက်ခံရမှုမကြာခဏဖြစ်ပွားပြီး လူသေဆုံးသည်အထိ ရှိခဲ့သည်။

၂၀၂၂ စက်တင်ဘာ ၁၁ရက်က မုံရွာမြို့လယ်မီးပွိုင့်အနီးရှိ သန်းတရာရွှေဆိုင် ဓါးပြတိုက်ခံရပြီး ရွှေအချိန်(၁၀)ပိဿာကျော် ပါသွားခဲ့သည်။ ၂၀၂၂ ဒီဇင်ဘာ ၂၀ ရက်ကလည်း ဗိုလ်ချုပ်လမ်းပေါ်ရှိ ​ရွှေမုံရွာရတနာရွှေဆိုင်ဓားပြတိုက်ခံရပြီး ဆိုင်ရှင်အမျိုးသားပါ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်။

၂၀၂၃ မတ်လ ၂၁ရက်ကလည်း ဗိုလ်ချုပ်လမ်းပေါ်ရှိ ပေါ်ဦးရွှေဆိုင်နှင့် အောင်မင်္ဂလာရပ်ရှိ ပေါ်ဦး-၂ ရွှေဆိုင်ဓားပြတိုက်ခံရပြီး ဆိုင်ရှိ ရွှေထည်၊ရွှေတုံးများ ပိဿာလိုက်ပါသွားပြီး ကျပ်သိန်းထောင်ချီလည်း ယူဆောင်သွားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လူတစ်စုက အိမ်ခြံမြေပွဲစားတစ်ဦးကို အိမ်လိုက်ပြခိုင်းပြီး ဓါးနဲ့ခုတ်သတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

မန္တလေးမြို့လယ်မှာ အာဏာသိမ်းစစ်တပ် တပ်စွဲထားရာနေရာအနီးက နေအိမ်တစ်အိမ် ဓါးပြတိုက်ခံရပြီး ရွှေတွေနဲ့ ငွေသားတွေ ပါသွားကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီကနေ့ စက်တင်ဘာ ၁၂ရက် မနက်ပိုင်းက ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး ဝင်ရောက်ဖမ်းဆီးသူ သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ စည်ပင်ဌာနက လမ်းဘေးစျေးသည်တွေကို ရှင်းလင်းရာမှာ လိုင်းကြေးမပေးနိုင်တဲ့ စျေးသည်တွေကို အဓိက ဖယ်ရှားနေကြောင်း မြို့ခံတွေက ပြောပါတယ်။