Connect with us

Hi, what are you looking for?

သတင်း

လားရှိုးမြို့ကို ၂လအတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု အရပ်သား ၇ဦးသေဆုံး၊ ၅၇ဦး ဒဏ်ရာရ

MNDAAက လားရှိုးမြို့ကို သိမ်းပိုက်ပြီးနောက် ဩဂုတ်လကုန်မှစ၍ စစ်ကောင်စီက လားရှိုးမြို့ပေါ်ကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အောက်တိုဘာလကုန်ပိုင်းအထိ ၂လတာအတွင်း အရပ်သား ထိခိုက်သေဆုံး အခြေအနေကို ဖော်ပြထားခြင်းဖြစ်သည်။

(စစ်ကောင်စီလေကြောင်းတိုက်ခိုက်ဖျက်ဆီးခဲ့သော လားရှိုးမြို့ရှိ အဆောက်အဦးများအား တွေ့ရစဉ်။ လားရှိုးမြို့ပြန်လည်ထူထောင်ရေး)
(စစ်ကောင်စီလေကြောင်းတိုက်ခိုက်ဖျက်ဆီးခဲ့သော လားရှိုးမြို့ရှိ အဆောက်အဦးများအား တွေ့ရစဉ်။ လားရှိုးမြို့ပြန်လည်ထူထောင်ရေး)

ဟန်နွေ/People’s Spring

ကိုးကန့်တပ်မတော်(MNDAA)တိုက်ခိုက် သိမ်းပိုက်ထားသည့် လားရှိုးမြို့ကို စစ်ကောင်စီက ၂လအတွင်း လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ရာ အရပ်သား ၇ဦးသေဆုံးပြီး ၅၇ဦးဒဏ်ရာရခဲ့ကြောင်း MNDAAက ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။

MNDAAက လားရှိုးမြို့ကို သိမ်းပိုက်ပြီးနောက် ဩဂုတ်လကုန်မှစ၍ စစ်ကောင်စီက လားရှိုးမြို့ပေါ်ကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အောက်တိုဘာလကုန်ပိုင်းအထိ ၂လတာအတွင်း အရပ်သား ထိခိုက်သေဆုံး အခြေအနေကို ဖော်ပြထားခြင်းဖြစ်သည်။

(စစ်ကောင်စီလေကြောင်းတိုက်ခိုက်ဖျက်ဆီးခဲ့သော လားရှိုးမြို့ရှိ အဆောက်အဦးများအား တွေ့ရစဉ်။ လားရှိုးမြို့ပြန်လည်ထူထောင်ရေး)
(စစ်ကောင်စီလေကြောင်းတိုက်ခိုက်ဖျက်ဆီးခဲ့သော လားရှိုးမြို့ရှိ အဆောက်အဦးများအား တွေ့ရစဉ်။ လားရှိုးမြို့ပြန်လည်ထူထောင်ရေး)

၂လအတွင်း တိုက်လေယာဉ်မှ ဗုံး ၇၀ကျော် ကြဲချခဲ့ရာ အရပ်သား ၇ဦးသေဆုံးကာ ၅၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ လူနေအိမ် အဆောက်အအုံများ၊ စာသင်ကျောင်း၊ ဈေး၊ ဆေးရုံ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ လမ်းများ၊ ပြည်သူလူစုဝေးရာ နေရာများ နှင့် အများသုံးအခြေခံအဆောက်အအုံများ ဖျက်ဆီးခံရကြောင်း MNDAAက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာတွင် ဒေသတွင်းဘာသာရေး အဆောက်အအုံများကို အဓိကပစ်မှတ်ထားတိုက်ခိုက်ခံလာရသည်ဟုလည်း ဖော်ပြသည်။

အောက်တိုဘာအတွင်း တရုတ် ကွမ်ရင်ဘုရားကျောင်း၊ သာသနာ ၂၅၀၀ ပြည်လုံးချမ်းသာ စေတီတော်၊ အီနိုင်းရွာခရစ်ယာန်ဘုရားကျောင်းတို့ကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့သည်။

ထို့အပြင် သိန္နီရှိ ခရစ်ယာန်ဘုရားကျောင်းကိုလည်း စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့၍ ပျက်စီးခဲ့ရသည်။

(စစ်ကောင်စီလေကြောင်းတိုက်ခိုက်ဖျက်ဆီးခဲ့သော လားရှိုးမြို့ရှိ အဆောက်အဦးများအား တွေ့ရစဉ်။ လားရှိုးမြို့ပြန်လည်ထူထောင်ရေး)
(စစ်ကောင်စီလေကြောင်းတိုက်ခိုက်ဖျက်ဆီးခဲ့သော လားရှိုးမြို့ရှိ အဆောက်အဦးများအား တွေ့ရစဉ်။ လားရှိုးမြို့ပြန်လည်ထူထောင်ရေး)

ထို့အပြင် တိုက်ပွဲမရှိသည့် ကာလတွင် စစ်ရေးနှင့် မသက်ဆိုင်သည့် နေရာများအား စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှု လုံး၀ မလုပ်သင့်သင့် လုပ်ရပ်ဖြစ်ကြောင်း လားရှိုးမြို့ပြန်လည် ထူထောင်ရေး ဖေ့စ်ဘွတ်ခ်က ထုတ်ပြန်ထားသည်။

(စစ်ကောင်စီလေကြောင်းတိုက်ခိုက်ဖျက်ဆီးခဲ့သော လားရှိုးမြို့ရှိ အဆောက်အဦးများအား တွေ့ရစဉ်။ လားရှိုးမြို့ပြန်လည်ထူထောင်ရေး)
(စစ်ကောင်စီလေကြောင်းတိုက်ခိုက်ဖျက်ဆီးခဲ့သော လားရှိုးမြို့ရှိ အဆောက်အဦးများအား တွေ့ရစဉ်။ လားရှိုးမြို့ပြန်လည်ထူထောင်ရေး)

” အခုလို စစ်ကောင်စီကနေ အရပ်သားပြည်သူလူထုတွေရှိတဲ့ နေအိမ်တွေ၊ ရပ်ကွက်တွေ ပြီးတော့ ဘာသာရေးအဆောက်အအုံတွေပေါ်ကို နေ့စဉ်ရက်ဆက်ဆိုသလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာဟာ နိုင်ငံတကာ စစ်ရာဇဝတ်မှုကိုကျူးလွန်တာလည်းဖြစ်တယ်။ အခြေခံလူ့အခွင့်အရေးတွေကို ပြောင်ပြောင် တင်းတင်းကျူးလွန်တာလည်းဖြစ်ပါတယ်”ဟု ရှမ်းမြောက်စစ်ရေး၊ နိုင်ငံရေး လေ့လာသူ ဦးဇော်ဆန်က ပြောသည်။

စစ်ကောင်စီက ကျူးလွန်နေသည့်မှတ်တမ်းများအား သေချာစွာပြုစုထားရန်နှင့် အဆိုပါအချက်အလက်များသည် နောင်တချိန်တွင် အပြည်ပြည်ဆိုင်ရာ တရားရုံး၌ စစ်ဇရာဝတ်မှု ကျူးလွန်နေသည့် စစ်ကောင်စီက ပုဂ္ဂိုလ်များအား ဥပဒေအရအရေးယူနိုင်ရန် အခိုင်လုံစုံး သက်သေများဖြစ်သည်ဟု ဦးဇော်ဆန်က ပြောသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ စက်တင်ဘာ ၁၃ရက်ညနေကနေ ညပိုင်းအထိ စစ်တပ်က ကင်းထောက်လေယာဉ် အနိမ့်ပျံသန်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီနေ့ စက်တင်ဘာလ ၉ရက် ညနေ ၆နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ အဆိုပါ မြို့ခံတွေက ပြောပါတယ်။