Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီလက်အောက်ခံ BGF(၁၀၀၁)တပ်ရင်းသိမ်းပိုက်နိုင်ရန် KIAအပြင်းအထန် တိုက်ခိုက်နေ

BGF (၁၀၀၁)တပ်ရင်းနှင့် တိုက်ပွဲဖြစ်ပွားမှု အခြေအနေကို KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူအား မေးမြန်းရာ တိုက်ပွဲ အခြေအနေ အတည်ပြုချက် မရသေးဟု ဖြေကြားသည်။

(ပန်ဝါမြို့အနီးရှိ အမှတ်(၁၀၀၂)နယ်ခြားစောင့်တပ်ရင်းဌာနချုပ်ကို KIA က သိမ်းပိုက်ပြီးနောက် အောက်တိုဘာ၁၄ ရက်က ဆိုင်းဘုတ်ကို ဖြုတ်ချနေစဉ်။ KIA ရဲဘော်များအား ရှေ့တန်းတနေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ပန်ဝါမြို့အနီးရှိ အမှတ်(၁၀၀၂)နယ်ခြားစောင့်တပ်ရင်းဌာနချုပ်ကို KIA က သိမ်းပိုက်ပြီးနောက် အောက်တိုဘာ၁၄ ရက်က ဆိုင်းဘုတ်ကို ဖြုတ်ချနေစဉ်။ KIA ရဲဘော်များအား ရှေ့တန်းတနေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် ချီဖွေမြို့နယ် မြန်မာ – တရုတ် နယ်စပ် ဖီမော်ဒေသအခြေစိုက် စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့(BGF) -၁၀၀၁ တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က တိုက်ခိုက်သိမ်းပိုက်နိုင်ရန် အပြင်းအထန် တိုက်ခိုက်နေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ကချင်အထူးဒေသ(၁)နယ်မြေရှိ စစ်ကောင်စီ လက်အောက်ခံပန်ဝါဒေသ လုပီကျေးရွာအနီး အခြေစိုက်သည့် BGF (၁၀၀၂)တပ်ရင်းဌာနချုပ်၊ ကန်ပိုက်တည်ဒေသ စင်ကြိုင်ရွာအနီး BGF (၁၀၀၃)တပ်ရင်းဌာနချုပ်ကို သိမ်းပိုက်ထားပြီးဖြစ်သည့် KIA ပူးပေါင်းတပ်သည် ယနေ့တွင် ဖီမော်ဒေသရှိ လက်ကျန် BGF တပ်ရင်းကို ဆက်လက်တိုက်ခိုက်နေခြင်းဖြစ်သည်ဟုဆိုသည်။

(ပန်ဝါမြို့အနီးရှိ အမှတ်(၁၀၀၂)နယ်ခြားစောင့်တပ်ရင်းဌာနချုပ်ကို KIA က သိမ်းပိုက်ပြီးနောက် အောက်တိုဘာ၁၄ ရက်က ဆိုင်းဘုတ်ကို ဖြုတ်ချနေစဉ်။ KIA ရဲဘော်များအား ရှေ့တန်းတနေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ပန်ဝါမြို့အနီးရှိ အမှတ်(၁၀၀၂)နယ်ခြားစောင့်တပ်ရင်းဌာနချုပ်ကို KIA က သိမ်းပိုက်ပြီးနောက် အောက်တိုဘာ၁၄ ရက်က ဆိုင်းဘုတ်ကို ဖြုတ်ချနေစဉ်။ KIA ရဲဘော်များအား ရှေ့တန်းတနေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

” ၁၀၀၁ကို တိုက်တယ်ဆိုတဲ့ဟာ ခုနက ဖုန်းဆက်လိုက်တဲ့အချိန် ဟုတ်တယ်တဲ့။ ပြီးခါနီးတောင် ရှိလာပြီလို့ အဲဒီလိုသတင်းရတယ်။ ဒါပေမဲ့ အပြီးသိမ်းတာ အဲဒီလိုတော့ မကြားရဘူး။ ပြီးခါနီးပြီလို့ အဲဒီလို ဒကြားရတယ်”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအခြေအနေနှင့်ပတ်သက်ပြီး ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

BGF (၁၀၀၁)တပ်ရင်းနှင့် တိုက်ပွဲဖြစ်ပွားမှု အခြေအနေကို KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူအား မေးမြန်းရာ တိုက်ပွဲ အခြေအနေ အတည်ပြုချက် မရသေးဟု ဖြေကြားသည်။

KIAသည် စစ်ကောင်စီ လက်အောက်ခံ ဦးဇခုန်တိန့်ယိန်း ဦးဆောင်သည့် ကချင်အထူးဒေသ(၁) နယ်မြေအတွင်းရှိ တပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ ယခုနှစ် ဇွန်လတွင် ဆဒုံးဒေသ၊ စက်တင်ဘာလကုန်တွင် ချီဖွေမြို့၊ အောက်တိုဘာလဆန်းတွင် ဆော့လော်မြို့၊ အောက်တိုဘာလလယ်တွင် ပန်ဝါမြို့နှင့် အောက်တိုဘာ ၂၁ရက်တွင် ကန်ပိုက်တီဒေသရှိ BGF (၁၀၀၃)တပ်ရင်းဌာနချုပ်များကို တိုက်ခိုက်သိမ်းပိုက်ထားသည်။

(ပန်ဝါမြို့အနီးရှိ အမှတ်(၁၀၀၂)နယ်ခြားစောင့်တပ်ရင်းဌာနချုပ်ကို KIA က သိမ်းပိုက်ပြီးနောက် အောက်တိုဘာ၁၄ ရက်က ဆိုင်းဘုတ်ကို ဖြုတ်ချနေစဉ်။ KIA ရဲဘော်များအား ရှေ့တန်းတနေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ပန်ဝါမြို့အနီးရှိ အမှတ်(၁၀၀၂)နယ်ခြားစောင့်တပ်ရင်းဌာနချုပ်ကို KIA က သိမ်းပိုက်ပြီးနောက် အောက်တိုဘာ၁၄ ရက်က ဆိုင်းဘုတ်ကို ဖြုတ်ချနေစဉ်။ KIA ရဲဘော်များအား ရှေ့တန်းတနေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

အဆိုပါ စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများအတွင်း စစ်ကောင်စီ ဗျူဟာစခန်းများ၊ တပ်စခန်းများ၊ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်စခန်းများ စုစုပေါင်း တပ်စခန်း ၅၀ကျော် သိမ်းပိုက်ရရှိထားပြီးဖြစ်ပြီး ချီဖွေ၊ ဆဒုံး၊ ဆော့လော်၊ ပန်ဝါမြို့များကို သိမ်းပိုက်ထိန်းချုပ်ထားသည်။ တိုက်ပွဲများအတွင်း လက်နက်ခဲယမ်းနှင့် စစ်သုံ့ပမ်းများ ဖမ်းဆီးရရှိသကဲ့သို့ KIAနှင့် ပူးပေါင်းလာသည့် ပြည်သူ့စစ်တပ်ဖွဲ့များလည်းရှိခဲ့သည်ဟု သတင်းရင်းမြစ်တို့က ပြောသည်။

KIO/KIA ခေါင်းဆောင် ဗိုလ်ချုပ်ကြီး အင်ဘန်လကလည်း ပြည်သူ့စစ်များ KIA ထံလက်နက်ချ ပူးပေါင်းရန် အောက်တိုဘာ ၂၅ရက် KIO တည်ထောင်ခြင်နှစ်ပတ်လည်နေ့ မိန့်ခွန်းတွင်ထည့်သွင်း ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

သတင်း

ဗန်းမော်ကို စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းတဲ့ စစ်တပ်ရဲ့ မြစ်ကြောင်းစစ်ဆင်ရေး ကျရှုံးမှုများခဲ့၊ ဇင်းဘုံဒေသမှာ စစ်တပ် ဆက်ရှိနေလို့ စစ်ရေးတင်းမာ