Connect with us

Hi, what are you looking for?

သတင်း

နောက်ဆုံးလက်ကျန် နယ်ခြားစောင့်တပ်(၁၀၀၁) ဌာနချုပ်ကို KIAသိမ်းပိုက်

KIAသည် ဇွန်လအတွင်းကလည်း ဆဒုံးဒေသရှိ စစ်ကောင်စီ ဗျူဟာပါအဝင် စစ်ကောင်စီစခန်းများ၊ ပြည်သူ့စစ်နှင့် BGFစခန်းများ သိမ်းပိုက်ပြီး မြို့ကို အလုံးစုံသိမ်းပိုက်ခဲ့သည်။

(KIA ရဲဘော်များအား ရှေ့တန်းတနေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(KIA ရဲဘော်များအား ရှေ့တန်းတနေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် ချီဖွေမြို့နယ် ဖိမော်ဒေသ အခြေစိုက်စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ်(BGF) -၁၀၀၁ တပ်ရင်းဌာနချုပ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့ အောက်တိုဘာ ၃၁ရက်တွင် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးသည်။

စစ်ကောင်စီလက်အောက်ခံ ဦးဇခုန်တိန့်ယိန်း ဦးဆောင်သည့် ကချင်အထူးဒေသ(၁)နယ်မြေတွင် ဖီမော်ဒေသအခြေစိုက် BGF(၁၀၀၁) တပ်ရင်း၊ ပန်ဝါဒေသ အခြေစိုက် BGF (၁၀၀၂) တပ်ရင်း၊ ကန်ပိုက်တီ စင်ကြိုင်ဒေသ အခြေစိုက် BGF (၁၀၀၃)တပ်ရင်းများရှိရာ အဆိုပါ တပ်ရင်း သုံးခုစလုံး၏ တပ်ရင်းဌာနချုပ်များကို KIAက သိမ်းပိုက်ရရှိထားပြီးဖြစ်သည်။

“(BGF ၁၀၀၁တပ်ရင်းဌာနချုပ်)သိမ်းပြီလို့တော့ သတင်းရရှိတယ်။ ကန်ပိုက်တီမှာတော့ (စကစ တပ်စခန်း)ကျန်တယ်။ ဖီမော် ကန့်ဖန့် ဘက်တော့ပြည်သူ့စစ်နဲ့ BGF စခန်းကျန်အုံးမယ်။ တပ်ရင်းဌာနချုပ်ကတော့ ကုန်ပြီ” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

ကချင်ပြည်နယ်မြေပုံ
ကချင်ပြည်နယ်မြေပုံ

အခြား သတင်းရင်းမြစ်တစ်ဦးကလည်း မြန်မာ -တရုတ်နယ်စပ် ဖီမော်ဒေသရှိ အမှတ် (၁၀၀၁) နယ်ခြားစောင့် တပ်ရင်းဌာနချုပ်စခန်းကို အောက်တိုဘာ ၃၁ရက် ညနေ ၆နာရီ ၂၀မိနစ်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်ဟု အသိပေးထားသည်။

အဆိုပါ တပ်ရင်းဌာနချုပ်သိမ်းပိုက်နိုင်မှု အခြေအနေနှင့်ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

KIA အနေဖြင့် စက်တင်ဘာလကုန်ပိုင်းတွင် ကချင်အထူးဒေသ(၁)နယ်မြေရှိ စစ်ကောင်စီတပ်စခန်းများ သိမ်းပိုက်သည့် စစ်ဆင်ရေးကို အရှိန်မြှင့်ဆောင်ရွက်ခဲ့ရာ ပန်ဝါ၊ ချီဖွေ၊ ဆော့လော်မြို့များနှင့် စစ်ကောင်စီ ဗျူဟာစခန်းများ၊ တပ်စခန်းများ၊ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်စခန်းများကို ဆက်တိုက်သိမ်းပိုက်နိုင်ခဲ့သည်။

ယနေ့ သိမ်းပိုက်ရရှိခဲ့သည်ဆိုသော BGF (၁၀၀၁) တပ်ရင်းဌာနချုပ်မှ စစ်သုံ့ပန်းများ ရရှိမှု ရှိ၊မရှိ၊ ပြည်သူ့စစ်နှင့် BGFတပ်ဖွဲ့ဝင်များ KIA ထံ ပူးပေါင်းမှု ရှိ၊မရှိ၊ လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိမှု ရှိ၊မရှိ အခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

KIAအနေဖြင့် မြန်မာ-တရုတ်နယ်စပ် ကန်ပိုက်တီမြို့ကို ဆက်လက်သိမ်းပိုက်နိုင်မည့် အခြေအနေ ရှိမရှိ ကချင်စစ်ရေးသတင်းရင်းမြစ်အား မေးမြန်းရာ “ သူတို့ လက်နက်ချမှာပါ။ မချရင်တော့ သိမ်းမှာပဲ” ဟု ပြောသည်။

KIAသည် ဇွန်လအတွင်းကလည်း ဆဒုံးဒေသရှိ စစ်ကောင်စီ ဗျူဟာပါအဝင် စစ်ကောင်စီစခန်းများ၊ ပြည်သူ့စစ်နှင့် BGFစခန်းများ သိမ်းပိုက်ပြီး မြို့ကို အလုံးစုံသိမ်းပိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာစစ်ရေးတင်းမာနေစဉ် စစ်ကောင်စီတပ်စစ်ကြောင်းက စစ်မှုထမ်းတပ်သား နှစ်ဦးဟာ လက်နက်ခဲယမ်းတွေယူထွက်ပြေးလာပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF ပူးပေါင်းတပ်ထံ အလင်းဝင်လာခဲ့ပါတယ်။

သတင်း

ဖားကန့်မှာ ဒီ‌နေ့မနက်ပိုင်းအထိ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး KIA ၊KPDF ရဲ့ ပြင်းအားမြင့်တဲ့မိုင်းဖောက်ခွဲတိုက်ခိုက်မှုကြောင့် စစ်တပ်ယာဉ်တန်းအထိနာပြီး ထိခိုက်သေဆုံးမှုတွေများပြားတယ်လို့ ​ဒေသခံစစ်​ရေးသတင်းရင်းမြစ်အချို့က​ပြောပါတယ်။

သတင်း

ပုလောနဲ့ တနင်္သာရီနယ်ကိုလည်း စစ်တပ်က ၄ရက်ဆက်ဗုံးကြဲဟု KNU အသိပေး

သတင်း

စစ်တပ်ကဆက်တိုက်ဗုံးကြဲနေလို့ဝေဟင်သတင်းနားစွင့်ဖို့၊လုံခြုံတဲ့နေရာတည်ဆောက်ထားဖို့ တိုက်တွန်း