Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဖယ်ခုံ – ပင်လောင်းမြို့နယ်တစ်လျှောက် တိုက်ပွဲများ ပြင်းထန်၊ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်နေဟု KNDF ပြော

တိုက်ပွဲများပြင်းထန်ခဲ့သည့် ဒီးမော့ဆိုအရှေ့ခြမ်း ဒေသများတွင်မူ ထိတွေ့မှုမရှိသေးသော်လည်း အချိန်မရွေးတိုက်ပွဲ ဖြစ်နိုင်သည်ဟု KNDF က သုံးသပ်သည်။

(ဖယ်ခုံမြို့နယ် စစ်မျက်နှာတစ်ခုအတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်။ ဓာတ်ပုံ - KNDF)
(ဖယ်ခုံမြို့နယ် စစ်မျက်နှာတစ်ခုအတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်။ ဓာတ်ပုံ - KNDF)

ဖယ်ခုံ – ပင်လောင်းမြို့နယ်တစ်လျှောက် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းအပါအဝင် လက်နက်ကြီးပစ်ကူပေးနေသည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ယခုလဆန်းပိုင်းကစ၍ အင်အားထပ်မံဖြည့်တင်းပြီး တစ်ကျော့ပြန် စစ်ကြောင်းထိုးရန်ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်သည် တောင်မဲသင်းရွာမှတဆင့် ဖယ်ခုံဘက်ခြမ်းရှိ တောင်စလုံးနှင့် မြောက်စလုံးကျေးရွာတို့ကို နယ်မြေစိုးမိုးနိုင်ရေးကြိုးပမ်းနေသည်ဟု ဆိုသည်။

“ဖယ်ခုံ-ပင်လောင်း နယ်စပ်ဖြစ်တဲ့ တောင်စလုံး၊မြောက်စလုံး နဲ့ တောင်မဲသင်းတစ်လျှောက်မှာတော့ တိုက်ပွဲတွေရှိတယ်။ထိတွေ့မှုတွေ ဖြစ်နေတယ်။စစ်ကောင်စီဘက်က လေကြောင်း ရော လက်နက်ကြီးပစ်ကူပါ သုံးနေတယ်”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

ထိတွေ့မှုများရှိသော်လည်း ဆက်သွယ်ရေးအခက်အခဲကြောင့် နှစ်ဖက်ထိခိုက်မှုအခြေအနေကို အသေးစိတ် မသိရသေးဟု ၎င်းက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲများပြင်းထန်ခဲ့သည့် ဒီးမော့ဆိုအရှေ့ခြမ်း ဒေသများတွင်မူ ထိတွေ့မှုမရှိသေးသော်လည်း အချိန်မရွေးတိုက်ပွဲ ဖြစ်နိုင်သည်ဟု KNDF က သုံးသပ်သည်။

တစ်ရက်လျှင် သုံးကြိမ်နှုန်းထက်မနည်းသည့် လေကြောင်းတိုက်ခိုက်မှု အပါအဝင် ရာနှင့်ချီ သော လက်နက်ကြီး ကျည်စများကို ခုခံနေရသည့် ကရင်နီ(ကယား) ပြည်နယ်၏ စစ်ဆင်ရေးမှာ ပို၍ ပြင်းထန်လာဖွယ်ရှိကြောင်းလည်း ဒေသခံ စစ်ရေးသတင်းရင်းမြစ် များက ဆိုသည်။

“အလယ်ပိုင်းတိုင်းက စကစတပ်ရင်း နှစ်ရင်းစာ လွိုင်ကော်ကို ထပ်ရောက်နေတယ်။ဘယ်ဂွင် ဝင်မယ်ဆိုတာတော့ တိုက်ပွဲတွေဖြစ်လာမှ သိနိုင်မယ်။သေချာတာကတော့ ကရင်နီကို လူအင်အားနဲ့ ဆက်ဖိဖို့သူတို့ကြိုးပမ်းလာဦးမယ်ဆိုတာပဲ”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။

နှစ်လကျော်ကြာ စစ်ကောင်စီ၏ ကရင်နီပြည်နယ်ထိုးစစ်တွင် မြေပြင်တိုက်ပွဲများတွင်လည်း စစ်ကောင်စီက အကြိမ်ကြိမ်အဖန်ဖန် ရှုံးနိမ့်ခဲ့သည်။

နယ်မြေခံ တပ်မ (၅၅)အပါ တပ်မ (၆၆)၊ တပ်မ (၂၂) ၊တပ်မ (၉၉)အစရှိသည့် တပ်မလေးခု အပြင် အမှတ် (၂ )စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ -၂) လက်အောက်ခံတပ်ရင်းများပါ အသုံးပြု၍ ကရင်နီပြည်နယ်သို့ ဖေဖော်ဝါရီအကုန် မတ်လဆန်းကစ၍ စစ်ကောင်စီက ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲများအတွင်း မတ်လဆန်းပိုင်းကစ၍ ဧပြီကုန်အထိ စစ်ကောင်စီ တပ်သား ၃၅၀ကျော်သေဆုံးကာ လက်နက်ကြီး၊ လက်နက်ငယ် ၁၀၀ ကျော်ကို ကရင်နီတပ်ပေါင်းစုက သိမ်းဆည်းနိုင်ခဲ့သည်။

ထို့နောက်စစ်ကောင်စီက ၎င်းတို့ထိုးစစ်ဆင်ခဲ့သည့် နယ်မြေ အသီးသီးမှ ဧပြီကုန်ပိုင်းတွင် ပြန်လည်ဆုတ်ခွာခဲ့သည်။သို့သော် ယခုလအစတွင် စစ်ကောင်စီတပ်က အင်အားဖြည့်တင်းပြီးနောက် ယခင် ထိုးစစ်ဆင်ခဲ့သည့် နေရာများသို့ ပြန်လည် ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။