Connect with us

Hi, what are you looking for?

သတင်း

လားရှိုးမြို့မှ စစ်ကောင်စီသတင်းပေးဟုသံသယရှိသူ ၂၆ဦးကို MNDAAစစ်ဆေးနေ

စစ်ဆေး​နေသူများထဲတွင် စီးပွားရေးလုပ်ငန်းရှင် ၄ ဦးထက်မနည်းပါဝင်ပြီး ပြစ်မှုမရှိကြောင်း ထင်ရှားပါက ပြန်လွှတ်ပေးမည်ဟု MNDAA က ပြောဆိုထားသည်။

(​စစ်​ကောင်စီက အောက်တိုဘာလအတွင်းလားရှိုးမြို့ကို ဗုံးကြဲ၍ အ​ဆောက်အအုံများပျက်စီး​နေမှု။ ဓါတ်ပုံ-လားရှိုးမြို့ ပြန်လည်ထူ​ထောင်​ရေး)
(​စစ်​ကောင်စီက အောက်တိုဘာလအတွင်းလားရှိုးမြို့ကို ဗုံးကြဲ၍ အ​ဆောက်အအုံများပျက်စီး​နေမှု။ ဓါတ်ပုံ-လားရှိုးမြို့ ပြန်လည်ထူ​ထောင်​ရေး)

အိမ်သွင်/People’s Spring

လားရှိုးမြို့အား စစ်ကောင်စီကလေကြောင်းတိုက်ခိုက်ရန် သတင်းပေးခဲ့သည်ဟု သံသယရှိသူ မြို့ခံစီးပွားရေးလုပ်ငန်းရှင်အချို့အပါအဝင် ၂၆ဦးကိုမြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)က စစ်ဆေးနေကြောင်းသတင်းရရှိသည်။

“မြို့မှာ နာမည်ကြီးလုပ်ငန်းရှင်တချို့ပါတယ်။ကိုးကန့်ကမြို့ကိုသိမ်းပြီးနောက်အစောဆုံးပြန်ဝင်လာတဲ့သူတွေဖြစ်တယ်။ လက်ရှိကတော့စစ်ဆေးနေဆဲပဲ” ဟု MNDAAနှင့် နီးစပ်သူတစ်ဦးကပြောသည်။

(​စစ်​ကောင်စီက အောက်တိုဘာလအတွင်းလားရှိုးမြို့ကို ဗုံးကြဲ၍ အ​ဆောက်အအုံများပျက်စီး​နေမှု။ ဓါတ်ပုံ-လားရှိုးမြို့ ပြန်လည်ထူ​ထောင်​ရေး)
(​စစ်​ကောင်စီက အောက်တိုဘာလအတွင်းလားရှိုးမြို့ကို ဗုံးကြဲ၍ အ​ဆောက်အအုံများပျက်စီး​နေမှု။ ဓါတ်ပုံ-လားရှိုးမြို့ ပြန်လည်ထူ​ထောင်​ရေး)

ပြီးခဲ့သည့် အောက်တိုဘာနောက်ဆုံးပတ်က လားရှိုးမြို့ပြင်သို့ ဖုန်းသွား ပြောနေသော မသင်္ကာသူ လားရှိုးဒေသခံတစ်ဦးကို ခေါ်ယူစစ်ဆေးရာမှ စစ်ကောင်စီကို သတင်းပေးနေသည့်အထောက်အထားတွေ့ရှိခဲ့ကြောင်း၊ ထိုသူမှတဆင့် စစ်ဆေးဖော်ထုတ်ပြီး သံသယရှိသူစုစုပေါင်း ၂၆ဦးကို စစ်ဆေးနေကြောင်း MNDAA၏ လားရှိုးမြို့ပြောရေးဆိုခွင့်ရှိသူက ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် ရွှေဖီ‌ မြေသတင်းဌာနသို့ ဖြေကြားထားသည်။

Public Service Announcement

Public Service Announcement

(​စစ်​ကောင်စီက အောက်တိုဘာလအတွင်းလားရှိုးမြို့ကို ဗုံးကြဲ၍ အ​ဆောက်အအုံများပျက်စီး​နေမှု။ ဓါတ်ပုံ-လားရှိုးမြို့ ပြန်လည်ထူ​ထောင်​ရေး)
(​စစ်​ကောင်စီက အောက်တိုဘာလအတွင်းလားရှိုးမြို့ကို ဗုံးကြဲ၍ အ​ဆောက်အအုံများပျက်စီး​နေမှု။ ဓါတ်ပုံ-လားရှိုးမြို့ ပြန်လည်ထူ​ထောင်​ရေး)

စစ်ဆေး​နေသူများထဲတွင် စီးပွားရေးလုပ်ငန်းရှင် ၄ ဦးထက်မနည်းပါဝင်ပြီး ပြစ်မှုမရှိကြောင်း ထင်ရှားပါက ပြန်လွှတ်ပေးမည်ဟု MNDAA က ပြောဆိုထားသည်။

ပြီးခဲ့သည့် စက်တင်ဘာလကလည်း လားရှိုးမြို့မှ စစ်ကောင်စီသတင်းပေးဟုသံသယရှိသူ ၂၀ဦးထက်မနည်းကို MNDAAက ဖမ်းဆီးစစ်ဆေးခဲ့​သေးသည်။ယင်းအချိန်က ဖမ်းဆီးထားသူများနှင့်ပတ်သက်၍ နောက်ဆက်တွဲသတင်းမထုတ်ပြန်သော်လည်း “ဖမ်းဆီးရမိထားတဲ့ ဒလန်(စစ်ကောင်စီသတင်းပေး)လို့ယူဆရသူတွေကို သေချာစစ်ဆေးပြီး အပြစ်မရှိဘူးဆိုရင် ပြန်လွတ်ပေးပါတယ်။အပြစ်ရှိတယ်ဆိုရင်တော့ ဆက်လက်ထိန်းသိမ်းထားပါတယ်”ဟု MNDAAက သတင်းထုတ်ပြန်အသိပေးခဲ့သည်။

(​စစ်​ကောင်စီက အောက်တိုဘာလအတွင်းလားရှိုးမြို့ကို ဗုံးကြဲ၍ အ​ဆောက်အအုံများပျက်စီး​နေမှု။ ဓါတ်ပုံ-လားရှိုးမြို့ ပြန်လည်ထူ​ထောင်​ရေး)
(​စစ်​ကောင်စီက အောက်တိုဘာလအတွင်းလားရှိုးမြို့ကို ဗုံးကြဲ၍ အ​ဆောက်အအုံများပျက်စီး​နေမှု။ ဓါတ်ပုံ-လားရှိုးမြို့ ပြန်လည်ထူ​ထောင်​ရေး)

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများသည် သတင်းပေးများကြောင့်ဖြစ်၍ ဖော်ထုတ်ဖမ်းဆီးပေးရန် မြို့ခံများက MNDAA ထံ တောင်းဆိုပြီးနောက် စိစစ်ဖမ်းဆီးခဲ့ခြင်းဟုသိရသည်။

လားရှိုးမြို့ကို MNDAA က သြဂုတ်လအတွင်းသိမ်းယူခဲ့ပြီးနောက် စက်တင်ဘာလနှင့်အောက်တိုဘာလတွင် မြို့ပေါ်ရပ်ကွက်များကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

လားရှိုးမြို့အပါအဝင် ကိုးကန့်အထူးဒေသ-၁တွင် ဇူလိုင်လမှ အောက်တိုဘာအထိ ၄ လအတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃၈ ဦးသေဆုံးပြီး ၁၂၈ ဦး ဒဏ်ရာရခဲ့ကြောင်း MNDAA က နိုဝင်ဘာ ၁ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ယခုကဲ့သို့ လေကြောင်းမှတိုက်ခိုက်နေခြင်းသည်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို မြှင့်တင်ရန်အတွက် ဆောင်ရွက်နေကြသူများ၏ ကြိုးပမ်းမှုအားလုံးကို အလဟဿဖြစ်စေမည်ဟု MNDAAက ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA)ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ဒေသခံပြည်သူတွေ အခက်အခဲ ပြဿနာတွေ ကြုံနေရကြောင်း ရှမ်း(သျှမ်း)လူငယ်ကွန်ဂရက်က ဒီကနေ့ မေလ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ပြီး MNDAAအနေနဲ့ ဒေသခံတွေကို ဒုက္ခမပေးဘဲ ဒီမိုကရေစီစံနှုန်း ဖက်ဒရယ်စံနှုန်းနဲ့ ကိုက်ညီတာတွေကိုသာ စီမံဖို့ တိုက်တွန်းလိုက်ပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။