Connect with us

Hi, what are you looking for?

သတင်း

အမရပူရမြို့နယ်ထဲက Denko ဆီဆိုင် ဓားပြတိုက်ခံရ

လုယက်မှုဖြစ်ပွားတဲ့ ဆီဆိုင်ရဲ့ အနီးမှာ စစ်တပ် ၊ ရဲ နဲ့ ယာဉ်ထိန်း အင်အားအများအပြား ချထားတဲ့ ထုံးဘိုစစ်ဆေးရေးဂိတ်လည်းရှိပါတယ်။

အမရပူရမြို့နယ်ထဲက Denko ဆီဆိုင် ဓားပြတိုက်ခံရ
အမရပူရမြို့နယ်ထဲက Denko ဆီဆိုင် ဓားပြတိုက်ခံရ

ဆိုင်းမင်း/People’s Spring

မန္တလေးမြို့ ၊ အမရပူရမြို့နယ်ရှိ Denko စက်သုံးဆီအရောင်းဆိုင်ထဲကို နိုဝင်ဘာလ ၁၇ ရက် က အမျိုးသားတစ်ဦး သေနတ်ပစ်ဖောက် ဝင်ရောက်ပြီး ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေ ထံကနေ သိရပါတယ်။

ထုံးဘို-ပြင်ဦးလွင် လမ်းဘေး နတ်ရေကန် ကျေးရွာအုပ်စု ၊မုတ်ပုလဲကျေးရွာမှာဖွင့်လှစ်ထားတဲ့ Denko စက်သုံးဆီအရောင်းဆိုင်ထဲကို မနေ့ နိုဝင်ဘာလ ၁၇ရက် နေ့ခင်း ၂နာရီခန့်က အမျိုးသားတစ်ဦးဟာ သေနတ်ကိုင်ဆောင်ပြီး ဝင်ရောက်လာတာလို့ သိရပါတယ်။

အဲဒီအမျိုးသားဟာ ဆိုင်ကယ်နဲ့ရောက် လာပြီး သေနတ်အရှည်နဲ့ ၅ ချက်ခန့် ပစ်ဖောက်ခဲ့တယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

” နေ့ခင်းအချိန်ကြီး ဆီထည့်နေတဲ့သူတွေလည်းရှိတယ်၊ သေနတ်သံတော်တော်ကျယ်တယ်”လို့ ဆီဆိုင်အနီးနေသူတစ်ဦးကပြောပါတယ်။

အဲဒီနောက် ကောင်တာအတွင်းက စက်သုံးဆီရောင်းရငွေကျပ် ၁၂သိန်းကျော်ကို ယူဆောင်ပြီး ထုံးဘို-ပြင်ဦးလွင်လမ်းအတိုင်း ဆိုင်ကယ်မောင်းထွက်ပြေးသွားတယ်လို့ သိရပါတယ်။

ဓားပြတိုက်မှု ကျူးလွန်တဲ့အမျိုးသားဟာ အသက် ၂၅နှစ်အရွယ်ရှိပြီး ဆိုင်ကယ်ဦးထုပ်ဆောင်ထားတဲ့အတွက် မျက်နှာသွင်ပြင် ကိုသဲသဲကွဲကွဲ မမြင်လိုက်ရဘူးလို့ စက်သုံးဆီဆိုင်နဲ့နီးစပ်သူတွေကပြောပါတယ်။

လုယက်မှုဖြစ်ပွားတဲ့ ဆီဆိုင်ရဲ့ အနီးမှာ စစ်တပ် ၊ ရဲ နဲ့ ယာဉ်ထိန်း အင်အားအများအပြား ချထားတဲ့ ထုံးဘိုစစ်ဆေးရေးဂိတ်လည်းရှိပါတယ်။

ပြီးခဲ့တဲ့နှစ် မေလ အတွင်းမှာလည်း အမရပူရမြို့နယ် စစ်ကိုင်း-မန္တလေးလမ်းခွဲရှိ Denko ဆီဆိုင်ကို အမျိုးသား သုံးဦးက ဆိုင်ကယ်ဆီပြတ်ချင်ယောင် ဆောင် ပြီး မန်နေဂျာအပါအဝင် ဝန်ထမ်း၃ဦးကို လက်ပြန်ကြိုးတုပ်ကာ ဓားထောက်ပြီး ဆီရောင်းရငွေ ငွေကျပ်သိန်း၂၅၀ကျော် ဓားပြတိုက် သွားတဲ့ဖြစ်စဉ် ဖြစ်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့လယ်မှာ အာဏာသိမ်းစစ်တပ် တပ်စွဲထားရာနေရာအနီးက နေအိမ်တစ်အိမ် ဓါးပြတိုက်ခံရပြီး ရွှေတွေနဲ့ ငွေသားတွေ ပါသွားကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီကနေ့ စက်တင်ဘာ ၁၂ရက် မနက်ပိုင်းက ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး ဝင်ရောက်ဖမ်းဆီးသူ သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ် ၊မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက်၊ ကမ်းနားလမ်းရှိ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်ကို မနေ့ (သြဂုတ် ၂၈ ရက် ) မနက်ပိုင်းမှာ အမျိုးသား သုံးဦးက သေနတ်ပြပြီး ဓားပြတိုက်သွားတယ်လို့မြို့ခံအချို့ဆီကသိရပါတယ်။

နိုင်ငံတကာ

မလေးရှားနိုင်ငံက စျေးဝယ်စင်တာ တစ်ခုမှာ ရွှေပန်းထိမ်ဆိုင်ကို နေ့ခင်းကြောင်တောင် ဓားပြဝင်တိုက်သွားသူ ၃ ဦးကို ရဲတပ်ဖွဲ့က အပူတပြင်း လိုက်လံ ရှာဖွေနေပါတယ်။