Connect with us

Hi, what are you looking for?

သတင်း

ရေဦးနှင့် တန့်ဆည်တွင် စစ်တပ်မီးရှို့ဖျက်ဆီးရာ ၂ရက်အတွင်း ကျေးရွာ ၉ရွာမှ နေအိမ် ၁၇၀ကျော်ပြာကျ၊ ပြည်သူ ၂ဦးလည်း သတ်ဖြတ်ခံရ

ဆီဆုံကျေးရွာမှ ပြည်သူတစ်ဦးအား သတ်ဖြတ်ခဲ့ပြီး ကားလမ်းဘေးရှိ စျေးဆိုင်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့​ရာ အမျိုးသမီးကြီးတစ်ဦး သေဆုံးခဲ့ကြောင်း ကိုထူးခန့်ဇော်က ပြောသည်။

(မီးရှို့ခံရသော ကျေးရွာတစ်ရွာအား တွေ့ရစဥ်။ဓာတ်ပုံ-People's Defense Comrade)
(မီးရှို့ခံရသော ကျေးရွာတစ်ရွာအား တွေ့ရစဥ်။ဓာတ်ပုံ-People's Defense Comrade)

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ရေဦးနှင့် တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်း၏ မီးရှို့ဖျက်ဆီးမှုကြောင့် ၂ရက်အတွင်း ကျေးရွာ ၉ရွာမှ နေအိမ် ၁၇၀ကျော်ပြာကျပြီး ဒေသခံပြည်သူ ၂ဦး သတ်ဖြတ်ခံရကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၁၆ရက်ကစ၍ ရေဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အင်အား ၁၈၀ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် ရေဦးမြို့နယ်မြောက်ဘက်ခြမ်းရှိ ကျေးရွာ ၇ရွာနှင့် တန့်ဆည်နယ်အရှေ့ခြမ်းရှိ ကျေးရွာ၂ရွာ၊ စုစုပေါင်း ကျေးရွာ ၉ရွာအား မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၁၇၃ လုံးမီးလောင်ပျက်စီးခဲ့ကြောင်း ရေဦးအခြေပြု People’s Defense Comradeအဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်(အမေ့သား) က ပြောသည်။

ထို့အပြင် ဆီဆုံကျေးရွာမှ ပြည်သူတစ်ဦးအား သတ်ဖြတ်ခဲ့ပြီး ကားလမ်းဘေးရှိ စျေးဆိုင်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့​ရာ အမျိုးသမီးကြီးတစ်ဦး သေဆုံးခဲ့ကြောင်း ကိုထူးခန့်ဇော်က ပြောသည်။

Public Service Announcement

Public Service Announcement

” တိုက်ပွဲမရှိပါဘူး။ဒရုန်းနဲ့ ဝဲပြီးတော့မှ သက်သက်ချသွားတာ။ထိခိုက်ဒဏ်ရာရရှိတာ ၇ ယောက်၊ ၈ ယောက်လောက်ရှိတယ်။ သာမန်ပြည်သူတွေပါ”ဟု ဒေသတွင်းရဲဘော်တစ်ဦးက ပြောသည်။

အဆိုပါစစ်ကြောင်းမှာ ကာဘိုးဆည်ဘက်မှ ထွက်လာသော စစ်ကြောင်းဖြစ်ပြီး ယခုအခါပြန်ဆုတ်သွားကြောင်း သိရသည်။

အလားတူ ရေဦးမြို့နှင့် နယ်မြေချင်းထိဆက်နေသည့် ကန့်ဘလူမြို့နယ်တွင်လည်း ယမန်နေ့ (နိုဝင်ဘာ ၁၈ရက်) နံနက်ပိုင်းက ရွှေဘို – မြစ်ကြီးနားလမ်းပိုင်း၌ ခရီးသည်တင်ယာဉ်အားစစ်တပ်က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ရာ ယာဥ်ပေါ်ပါ ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူပြီး ခရီးသည် သုံးဦးသေဆုံးကာ ၁၀ဦး ဒဏ်ရာရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က ၃ရက်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း ဒေသခံက အသိပေးထားပါတယ်။

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ တံတားဦးမြို့မှာ လမ်းနယ်နမိတ်နဲ့ မလွတ်လို့ဆိုပြီး နေအိမ် ရာနဲ့ချီဖျက်ဖို့အတွက် စစ်ကောင်စီ လက်အောက်ခံလမ်းဦးစီးဌာနက စာပို့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။