Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုမြို့နယ်တွင် စစ်တပ်ကမီးရှို့၍ နေအိမ် ၃၀ကျော်ပြာကျ၊ ကလေးတစ်ဦးအပါအဝင် ပြည်သူနှစ်ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရ

စစ်ကြောင်းသည်မိုင်းဆွဲခံရခြင်း၊ တိုက်ပွဲဖြစ်ခြင်းများမရှိဘဲ အကြောင်းမဲ့ဝင်ရောက်မီးရှို့ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

(ကမ္ဘဲ့ရွာရှိ မီးရှို့ဖျက်ဆီးခံရသော နေအိမ်များ၊ လက်နက်ကြီးထိ၍ ပျက်စီးခဲ့သော သမန္တပို့ရွာမှ နေအိမ်နှင့် ထိခိုက်ဒဏ်ရာရသူများအား တွေ့ရစဥ်။ဓာတ်ပုံ-Yesagyo Info)

​ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမီးရှိူ့၍ ကမ္ဘဲ့ကျေးရွာရှိ နေအိမ် ၃၀ကျော် မီးလောင်ပြာကျပြီး ကလေးတစ်ဦးအပါအဝင် ပြည်သူနှစ်ဦး လက်နက်ကြီးထိမှန်ဒဏ်ရာရခဲ့သည်။

ယမန်နေ့(ဒီဇင်ဘာ၁ရက်) နံနက် ၅ နာရီခန့်က ကမ္ဘဲ့ကျေးရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့ရာနေအိမ် ၃၃လုံး မီးလောင်ပျက်စီးခဲ့ကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီက ပြောသည်။

(ကမ္ဘဲ့ရွာရှိ မီးရှို့ဖျက်ဆီးခံရသော နေအိမ်များ၊ လက်နက်ကြီးထိ၍ ပျက်စီးခဲ့သော သမန္တပို့ရွာမှ နေအိမ်နှင့် ထိခိုက်ဒဏ်ရာရသူများအား တွေ့ရစဥ်။ဓာတ်ပုံ-Yesagyo Info)
(ကမ္ဘဲ့ရွာရှိ မီးရှို့ဖျက်ဆီးခံရသော နေအိမ်များ၊ လက်နက်ကြီးထိ၍ ပျက်စီးခဲ့သော သမန္တပို့ရွာမှ နေအိမ်နှင့် ထိခိုက်ဒဏ်ရာရသူများအား တွေ့ရစဥ်။ဓာတ်ပုံ-Yesagyo Info)

ထို့နောက် နံနက် ၇နာရီခန့်တွင် သမန္တပို့တောကျေးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နေအိမ်တစ်လုံးပေါ်ကျရောက်ပေါက်ကွဲပြီး အသက် (၃၂)နှစ်အရွယ် မရီရီနွယ်နှင့် အသက် (၆နှစ်အရွယ် မယွန်းဝတီကျော်တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီက ပြောသည်။

Public Service Announcement

Public Service Announcement

“ကလေးက တင်ပါးဆုံဒဏ်ရာရတယ်။ အမျိုးသမီးက ဦးခေါင်းနဲ့ ခြေ​ထောက်ဒဏ်ရာရတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

(ကမ္ဘဲ့ရွာရှိ မီးရှို့ဖျက်ဆီးခံရသော နေအိမ်များ၊ လက်နက်ကြီးထိ၍ ပျက်စီးခဲ့သော သမန္တပို့ရွာမှ နေအိမ်နှင့် ထိခိုက်ဒဏ်ရာရသူများအား တွေ့ရစဥ်။ဓာတ်ပုံ-Yesagyo Info)
(ကမ္ဘဲ့ရွာရှိ မီးရှို့ဖျက်ဆီးခံရသော နေအိမ်များ၊ လက်နက်ကြီးထိ၍ ပျက်စီးခဲ့သော သမန္တပို့ရွာမှ နေအိမ်နှင့် ထိခိုက်ဒဏ်ရာရသူများအား တွေ့ရစဥ်။ဓာတ်ပုံ-Yesagyo Info)

အဆိုပါ စစ်ကြောင်းသည်မိုင်းဆွဲခံရခြင်း၊ တိုက်ပွဲဖြစ်ခြင်းများမရှိဘဲ အကြောင်းမဲ့ဝင်ရောက်မီးရှို့ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

နိုဝင်ဘာ ၂၁ ရက်ကလည်း ရေစကြိုမြို့နယ်၊ သဲတောကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေ​အိမ် ၃၄လုံး ပျက်စီးပြီး အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရကာ အမျိုးသားတစ်ဦး သေဆုံးခဲ့သေးသည်။

(ကမ္ဘဲ့ရွာရှိ မီးရှို့ဖျက်ဆီးခံရသော နေအိမ်များ၊ လက်နက်ကြီးထိ၍ ပျက်စီးခဲ့သော သမန္တပို့ရွာမှ နေအိမ်နှင့် ထိခိုက်ဒဏ်ရာရသူများအား တွေ့ရစဥ်။ဓာတ်ပုံ-Yesagyo Info)
(ကမ္ဘဲ့ရွာရှိ မီးရှို့ဖျက်ဆီးခံရသော နေအိမ်များ၊ လက်နက်ကြီးထိ၍ ပျက်စီးခဲ့သော သမန္တပို့ရွာမှ နေအိမ်နှင့် ထိခိုက်ဒဏ်ရာရသူများအား တွေ့ရစဥ်။ဓာတ်ပုံ-Yesagyo Info)

စစ်တပ်အာဏာသိမ်းထားသည့် ကာလအတွင်း၂၀၂၁ မေလ ၁ ရက်မှ ၂၀၂၄ သြဂုတ် ၃၁ရက်အထိ စစ်ကောင်စီတပ်နှင့် ၎င်း၏လက်အောက်ခံအဖွဲ့အစည်းများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားနေအိမ် ၁၀၁,၄၇၄လုံး ပျက်စီးခဲ့ကြောင်း Data for Myanmar အဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကျူးလွန်နေသော အကြမ်းဖက်စစ်အုပ်စု၊ ရာဇဝတ်ကောင်များကို အပြစ်ပေး အရေးယူနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

သတင်း

ကမ္မမြို့နယ် ချောင်းဂွရွာနှင့်ချိုင်ရွာကို ဒီဇင်ဘာလ၂၄ရက်တွင် မီးရှို့ခဲ့သည့် စစ်ကောင်စီစစ်ကြောင်းသည် မြစ်ခြေမြို့နယ်သို့ ဒီဇင်ဘာ လ၂၉ ရက်မှစ၍ ဝင်ရောက်လာခြင်းဟု ပြည်သူ့ကာကွယ်ရေးရဲဘော်များကပြောသည်။

သတင်း

ဝန်ထမ်းတွေရဲ့ပြောကြားချက်အရ စက်ရုံအလုပ်ရုံတိုင်းကို စစ်တပ်ကစာရင်းတောင်းတာမို့ လုပ်ငန်းရှင်တွေအားလုံးက ပေးထားရတာလို့ ဆိုပါတယ်။

သတင်း

တော်လှန်ရေးရဲဘော်၂ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့၍ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း မြိုင်ပကဖတာဝန်ရှိသူက ပြောသည်။