Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုမြို့နယ်တွင် သန်း​ခေါင်စာရင်းကောက်နေသည့်အဖွဲ့မှ တပ်သားသစ်၂ဦးထွက်ပြေးပြီး ပကဖထံ အလင်းဝင်

မကွေးတိုင်းအရှေ့ခြမ်းရှိ ဒေသတစ်ခုတွင်လည်း အဓမ္မစစ်မှုထမ်းခံရသည့် စစ်ကောင်စီတပ်သား ၂ ဦး လက်နက်ခဲယမ်းများနှင့်တကွ အလင်းဝင်လာကြောင်း ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်တော်၊ တပ်ရင်း(၇) ကြိုးကြာနီတပ်ရင်းက သတင်းထုတ်ပြန်ထားသည်။

(ထွက်ပြေးလာသော စစ်ကောင်စီတပ်သား၂ဦးအား တွေ့ရစဥ်။ဓာတ်ပုံ-ရေစကြိုပကဖ)
(ထွက်ပြေးလာသော စစ်ကောင်စီတပ်သား၂ဦးအား တွေ့ရစဥ်။ဓာတ်ပုံ-ရေစကြိုပကဖ)

​ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် သန်းခေါင်စာရင်းကောက်ယူနေသည့် စစ်အု​ပ်စုအဖွဲ့မှ စစ်ကောင်စီ တပ်သားသစ်နှစ်ဦး ထွက်ပြေးလာပြီး ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ထံ အလင်းဝင်လာခဲ့ကြောင်း သတင်းရရှိသည်။

ရေစကြိုမြို့ ခလရ(၂၅၇)တပ်ရင်းမှ တပ်သားကိုဦးနှင့် ခလရ(၂၅၈)တပ်ရင်းမှ တပ်သားစိုးလင်းအောင်တို့သည် ရေစကြိုမြို့နယ် ရုံးပေါင်းစုံအတွင်း သန်းခေါင်စာရင်းကောက်ယူရာတွင် လုံခြုံရေးယူနေစဥ် နိုဝင်ဘာ ၁၆ ရက်က ထွက်ပြေးခဲ့ကြောင်း ရေစကြိုပကဖ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါတပ်သား၂ဦး ထွက်ပြေးကြောင်း သတင်းရ၍ ကာကွယ်ရေးရဲဘော်များကလိုက်လံရှာဖွေရာ နိုဝင်ဘာ ၁၇ ရက် နေ့လဉ်တွင် ရေစကြိုမြို့နယ်တနေရာ၌ ရှာဖွေတွေ့ရှိခဲ့ပြီးနောက် အလင်းဝင်လာခဲ့သည်ဟု ရေစကြိုပကဖပြန်ကြားရေးတာဝန်ခံက ဆိုသည်။

Public Service Announcement

Public Service Announcement

“သူတို့က ဘယ်အဖွဲ့အစည်းကိုမှ ချိတ်ဆက်ထားတာမျိုး မရှိဘူး။ ဒီတိုင်းအလွတ်ပြေးလာတာ။ သူတို့က ပေါ်တာဆွဲခံထားရတဲ့ တပ်သားသစ်တွေ။ စစ်ကောင်စီလက်အောက်မှာလည်း ဖိနှိပ်တာတွေ မခံနိုင်တော့တဲ့ အခြေအနေတွေ။ ဒါကြောင့် PDF တွေရှိရာအရပ်ကို ထွက်ပြေးလာခဲ့တာ။”ဟု ရေစကြိုပကဖပြန်ကြားရေးတာဝန်ခံက ရှင်းပြသည်။

၎င်းတို့ယူဆောင်လာသည့် MA1 ၂လက်၊ကျည်ဘောက်၉ဘောက်နှင့် ၅.၅၆ကျည်၄၅၀ခန့်အား ရေစကြိုမြို့နယ်(ပ.က.ဖ)ထံအပ်နှံခဲ့၍ ဆုငွေတစ်ဦးလျှင် ၁၅သိန်းပေးအပ်ခဲ့ကြောင်း ရေစကြိုပကဖက ထုတ်ပြန်သည်။

ရေစကြိုမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံများအနေဖြင့် ပြည်သူ့ဘက်အား လုံခြုံစိတ်ချစွာ ဘက်ပြောင်းခိုလှုံကြရန် ထပ်မံတိုက်တွန်းပြီး ဖုန်းနံပါတ်ကို 09988895428ကို လုံခြုံစိတ်ချစွာဆက်သွယ်နိုင်ကြောင်း ရေစကြိုပကဖက အသိပေးထားသည်။

မကွေးတိုင်းအတွင်း အဓမ္မစစ်မှုထမ်းခံရသည့် တပ်သားများ ယခုနိုဝင်ဘာအတွင်း ထွက်ပြေးလာမှု များပြားလာပြီး နိုဝင်ဘာ ၁၁ရက်က ပခုက္ကူမြို့နယ်၊ ဆင်မင်းကျေးရွာရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်မှ အဓမ္မစစ်မှုထမ်းခံရသည့် အသက် ၁၈ နှစ်အရွယ် စစ်သားတစ်ဦးအား PDFများက ဖမ်းဆီးရမိခဲ့သည်။

မကွေးတိုင်းအရှေ့ခြမ်းရှိ ဒေသတစ်ခုတွင်လည်း အဓမ္မစစ်မှုထမ်းခံရသည့် စစ်ကောင်စီတပ်သား ၂ ဦး လက်နက်ခဲယမ်းများနှင့်တကွ အလင်းဝင်လာကြောင်း ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်တော်၊ တပ်ရင်း(၇) ကြိုးကြာနီတပ်ရင်းက သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့မှာ ကင်းပတ်ထွက်လာတဲ့ စစ်တပ် တိုက်ခံရပြီး သေဆုံးထိခိုက်မှုတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-စီးယင်း တပ်ဖွဲ့ထံအာဏာသိမ်းစစ်ကောင်စီတပ်က တပ်သား ၄ဦး လက်နက်နဲ့အတူ အလင်းဝင်လာကြောင်း CDF စီးယင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးနဲ့ ဧရာဝတီတိုင်းမှာ ပေါ်တာဆွဲခံရတဲ့ ပခုက္ကူမြို့နယ်အခြေစိုက် ခလရ (၂၃၅) တပ်ရင်းက စစ်မှုထမ်းတပ်သား ၂ ဦးဟာ COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ အဲဒီတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ စစ်အုပ်စုက ကျေးရွာတွေကနေ စျေးဝယ်တက်လာတဲ့ စျေးကားတွေပေါ်က ပြည်သူတွေကို ငွေကြေး အဓမ္မတောင်းခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။