Connect with us

Hi, what are you looking for?

သတင်း

နတ္တလင်းမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ အမျိုးသမီးတစ်ဦးသေဆုံး၊ ကိုးဦးဒဏ်ရာရ

ဆီဆုံကုန်းရွာခံ အမျိုးသမီးအချို့နှင့် ကလေးငယ်များအပါအဝင် ဒေသခံကိုးဦး လက်နက်ကြီးဆများထိမှန်ကာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ရှင်းပြသည်။

(စစ်ကောင်စီတပ် လက်နက်ကြီးဖြင့်ပစ်ခတ်၍ ဆီဆုံကုန်းကျေးရွာမှ ထိခိုက်မှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့)
(စစ်ကောင်စီတပ် လက်နက်ကြီးဖြင့်ပစ်ခတ်၍ ဆီဆုံကုန်းကျေးရွာမှ ထိခိုက်မှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့)

ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ နတ္တလင်းမြို့နယ်၊ ဆီဆုံကုန်းကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့၍ ဒေသခံအမျိုးသမီးတစ်ဦးသေဆုံးပြီး ကိုးဦးခန့် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံပြည်သူများက လူထုနွေဦးသို့ ပြောသည်။

ယမန်နေ့(ဒီဇင်ဘာ ၂ရက်)နေ့လယ် ၁၂နာရီခွဲခန့်က ပျူစောထီးနှင့် စစ်ကောင်စီတပ်ပူးပေါင်းအင်အား ၁၀၀ခန့်သည် နတ္တလင်းမြို့နယ်၊ ဒမငယ်ကျေးရွာဘက်မှ ဆီဆုံကုန်းကျေးရွာဘက်သို့လာရောက်စဥ် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ခြင်းဟု ဒေသခံများက ပြောသည်။

(စစ်ကောင်စီတပ် လက်နက်ကြီးဖြင့်ပစ်ခတ်၍ ဆီဆုံကုန်းကျေးရွာမှ ထိခိုက်မှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့)
(စစ်ကောင်စီတပ် လက်နက်ကြီးဖြင့်ပစ်ခတ်၍ ဆီဆုံကုန်းကျေးရွာမှ ထိခိုက်မှုများအား တွေ့ရစဉ်။ ဓာတ်ပုံ – ပေးပို့)

ဆီဆုံကုန်းကျေးရွာသို့ လက်နက်ကြီးဖြင့် မပစ်ခတ်မီ ဒရုန်းများဖြင့် ကင်းထောက်ခြင်းများလုပ်ဆောင်ခဲ့ရာ ဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့က အဆိုပါစစ်တပ်ကင်းထောက်ဒရုန်းတစ်စင်းကို ပစ်ချနိုင်ခဲ့သော်လည်း ပျက်စီးသွားသော ဒရုန်အား ရှာဖွေတွေ့ခြင်းမရှိသေးဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

“ဆီဆုံကုန်းရွာက တောင်ညိုကွက်သစ်နားမှာ ရှိတဲ့ရွာပေါ့။ အဲဒီရွာကို ဘာကြောင့်ခုလို အ ကြောင်းမဲ့သက်သက် လာရောပစ်ခတ်တယ်ဆိုတာတော့ အတိအကျမပြောနိုင်ဘူး။ သူတို့မထင်ရင်မထင်သလို ပြည်သူကိုဗိုလ်ကျနေကျဆိုတော့ လုပ်ချင်လို့လုပ်တာလို့ပဲ ပြောရမယ်ထင် တယ်”ဟု ၎င်း ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဆီဆုံကုန်းရွာဘုန်းကြီးကျောင်းပေါ်သို့ လက်နက်ကြီးကျည်ကျရောက်ခဲ့သည့်အပြင် ကျေးရွာအတွင်းမှ အသက်(၃၈)နှစ်အရွယ် မစိုးစိုးသက်မှာ လက်နက်ကြီးထိမှန်သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

(စစ်ကောင်စီတပ် လက်နက်ကြီးဖြင့်ပစ်ခတ်၍ ဆီဆုံကုန်းကျေးရွာမှ ထိခိုက်မှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့)
(စစ်ကောင်စီတပ် လက်နက်ကြီးဖြင့်ပစ်ခတ်၍ ဆီဆုံကုန်းကျေးရွာမှ ထိခိုက်မှုများအား တွေ့ရစဉ်။ ဓာတ်ပုံ – ပေးပို့)

ထို့အပြင် ဆီဆုံကုန်းရွာခံ အမျိုးသမီးအချို့နှင့် ကလေးငယ်များအပါအဝင် ဒေသခံကိုးဦး လက်နက်ကြီးဆများထိမှန်ကာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ရှင်းပြသည်။

အထက်ပါ ပျူစောထီးနှင့် စစ်ကောင်စီတပ်ပူး ပေါင်းအင်အား ၁၀၀ခန့်သည် ဆီဆုံကုန်းကျေးရွာအား ပစ်ခတ်ပြီးနောက် ယင်းနေ့ မွန်းလွဲ ၁နာရီခွဲခန့်တွင် တောင်ညိုကွက်သစ်ရဲစခန်းသို့ ဆုတ်သွားကြောင်း စုံစမ်းသိရသည်။

စစ်ကောင်စီတပ်များသည် တော်လှန်ရေးဘက်တော်သားများနှင့် ဆက်စပ်မှုရှိသည်ဟု ယူဆသော ကျေးရွာများကို ပစ်ခတ်တိုက်ခိုက် ခြင်း၊ ဖျက်ဆီးခြင်းများလုပ်ဆောင်လျှက်ရှိရာ နိုဝင်ဘာ ၁၃ ရက်ကလည်း ပဲခူးတိုင်းအနောက်ခြမ်း လက်ပံတန်းမြို့နယ်၊ ညောင်ပင်ဇင်းကျေးရွာအား မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၁၅လုံးမီးလောင်ဆုံးရှုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ဖြစ်ပွားခဲ့တဲ့ အရက်ဘား မီးလောင်မှုကြောင့် သေဆုံးသူဟာ ၃၀ ထိ မြင့်တက်လာကြောင်း သိရပါတယ်။