Connect with us

Hi, what are you looking for?

သတင်း

ပညာရေးဘုတ်အဖွဲ့တာဝန်ခံမိသားစု လုပ်ကြံသတ်ဖြတ်ခံရမှုတစ်လပြည့်အထိ အမှုမှန်မပေါ်သေး၍ မြို့ပေါင်း၂၀ကျော်မှ ဆရာ၊ဆရာမများနှင့်ကျောင်းသား၊ကျောင်းသူများ ကန့်ကွက်ဆန္ဒပြ

လူမဆန်သည့် လုပ်ကြံသတ်ဖြတ်မှုများကို ဆန့်ကျင်ရှုတ်ချကြောင်းနှင့် အမှုမှန်အမြန်ဆုံး ပေါ်ပေါက်စေရေးတို့အတွက် တိုက်တွန်းတောင်းဆိုခြင်းဖြစ်ကြောင်း BEGSCက အသိပေးသည်။

(ကနီမြို့နယ်ပညာရေးတာဝန်ခံ ဦးဝင်းဌေးမိသားစု လုပ်ကြံသတ်ဖြတ်ခံခဲ့ရမှု အမှုမှန်အမြန်ပေါ်ပေါက်ရေးအတွက် ဒီဇင်ဘာ၄ ရက်က ပြုလုပ်ခဲ့သည့် ပြည်သူ့အခြေပြုကျောင်းများ၏ campaign လှုပ်ရှားမှုများအား တွေ့ရစဥ်။ဓာတ်ပုံ-BEGSC)

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ပညာရေးဘုတ်အဖွဲ့ တာဝန်ခံ ဆရာဦးဝင်းဌေးမိသားစု လုပ်ကြံ သတ်ဖြတ်ခံရမှု တစ်လပြည့်ပြီဖြစ်သော်လည်း အမှုမှန်မပေါ်သေး၍ မြို့ပေါင်း ၂၀ကျော်မှ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများက ဆန္ဒပြကန့်ကွက်ခဲ့ကြသည်။

နိုဝင်ဘာ ၄ ရက်က လသားအရွယ်ကလေးငယ် အပါအဝင် မိသားစုလိုက် လုပ်ကြံသတ်ဖြတ်ခံရသည့် ကနီမြို့နယ်ပညာရေးဘုတ်အဖွဲ့ တာဝန်ခံ ဆရာဦးဝင်းဌေး၏ ဖြစ်စဥ်သည် ဒီဇင်ဘာ ၄ရက် က တစ်လပြည့်ခဲ့သည်။

(ကနီမြို့နယ်ပညာရေးတာဝန်ခံ ဦးဝင်းဌေးမိသားစု လုပ်ကြံသတ်ဖြတ်ခံခဲ့ရမှု အမှုမှန်အမြန်ပေါ်ပေါက်ရေးအတွက် ဒီဇင်ဘာ၄ ရက်က ပြုလုပ်ခဲ့သည့် ပြည်သူ့အခြေပြုကျောင်းများ၏ campaign လှုပ်ရှားမှုများအား တွေ့ရစဥ်။ဓာတ်ပုံ-BEGSC)
(ကနီမြို့နယ်ပညာရေးတာဝန်ခံ ဦးဝင်းဌေးမိသားစု လုပ်ကြံသတ်ဖြတ်ခံခဲ့ရမှု အမှုမှန်အမြန်ပေါ်ပေါက်ရေးအတွက် ဒီဇင်ဘာ၄ ရက်က ပြုလုပ်ခဲ့သည့် ပြည်သူ့အခြေပြုကျောင်းများ၏ campaign လှုပ်ရှားမှုများအား တွေ့ရစဥ်။ဓာတ်ပုံ-BEGSC)

တစ်လပြည့်သည့်တိုင် အမှုမှန်မပေါ်သေး၍ ယမန်နေ့(ဒီဇင်ဘာ ၄ ရက်)က စစ်ကိုင်း၊ ရွှေဘို၊ တန့်ဆည်၊ အရာတော်၊ဘုတလင်၊ဒီပဲယင်း၊ ဟုမ္မလင်း၊ ကနီ၊ ကလေး၊ ယင်းမာပင်၊ ကန့်ဘလူ၊ ဆားလင်းကြီး၊ ဂန့်ဂေါ၊ ရေဦး၊ ချောင်းဦး၊ မြင်းမူ၊ ဖောင်းပြင်၊ အင်းတော်၊ တမူးနှင့် ပဲခူးမြို့အစရှိသည့် မြို့နယ်များရှိ ပညာရေးဘုတ်အဖွဲ့ဆရာ၊ဆရာမများ၊ပြည်သူ့အခြေပြု NUGပညာရေးစာသင်ကျောင်းများမှ ကျောင်းသားများနှင့် ဆရာဆရာမများ၊Yangon Federal School Student Union၊ ရန်ကုန်တိုင်း ပညာရေးအင်အားစု၊ ထိုင်း-မြန်မာ နယ်စပ်တနေရာရှိ နွေဦးပန်းခင်း ပညာဒါနကျောင်းတို့မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ၊ ကနီမြို့နယ်မှရဲဘော်များက အမှုမှန်အမြန်ဆုံး ဖော်ထုတ်ပေးရန် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

Public Service Announcement

Public Service Announcement

လူမဆန်သည့် လုပ်ကြံသတ်ဖြတ်မှုများကို ဆန့်ကျင်ရှုတ်ချကြောင်းနှင့် အမှုမှန်အမြန်ဆုံး ပေါ်ပေါက်စေရေးတို့အတွက် တိုက်တွန်းတောင်းဆိုခြင်းဖြစ်ကြောင်း BEGSCက အသိပေးသည်။

(ကနီမြို့နယ်ပညာရေးတာဝန်ခံ ဦးဝင်းဌေးမိသားစု လုပ်ကြံသတ်ဖြတ်ခံခဲ့ရမှု အမှုမှန်အမြန်ပေါ်ပေါက်ရေးအတွက် ဒီဇင်ဘာ၄ ရက်က ပြုလုပ်ခဲ့သည့် ပြည်သူ့အခြေပြုကျောင်းများ၏ campaign လှုပ်ရှားမှုများအား တွေ့ရစဥ်။ဓာတ်ပုံ-BEGSC)
(ကနီမြို့နယ်ပညာရေးတာဝန်ခံ ဦးဝင်းဌေးမိသားစု လုပ်ကြံသတ်ဖြတ်ခံခဲ့ရမှု အမှုမှန်အမြန်ပေါ်ပေါက်ရေးအတွက် ဒီဇင်ဘာ၄ ရက်က ပြုလုပ်ခဲ့သည့် ပြည်သူ့အခြေပြုကျောင်းများ၏ campaign လှုပ်ရှားမှုများအား တွေ့ရစဥ်။ဓာတ်ပုံ-BEGSC)

“တော်လှန်ရေးအင်အားစုတွေ စိုးမိုးထိန်းချုပ် ထားတဲ့နယ်မြေတွေမှာ နောက်ထပ်ဒီလိုမျိုးအမှုတွေ မပေါ်ပေါက်ဖို့ဆိုတာ အရေးကြီးပါတယ်။ အဲလိုမျိုးမပေါ်ပေါက်ဖို့ ခုဖြစ်သွားပြီးတဲ့ဖြစ်စဥ်တွေ အမှုမှန်ပေါ်ပေါက်ဖို့ အင်မတန်မှအရေးကြီးတယ်လို့ ရှုမြင်ပါတယ်။”ဟု BEGSCမှ ဆရာဦးကျော်ရဲလွင်က ပြောသည်။

“ဦးဝင်းဌေး အမှုမှန်ပေါ်ပေါက်ရေး အားလုံး ကူညီ ဆောင်ရွက်ပေး၊ မတရားမှုကို ခေါင်းငုံ့မခံ ပညာရေးဖြင့် ဒို့တွန်းလှန်”အစရှိသည့်ကြွေးကြော်မှုများ၊ လှည့်လည်ချီတက်ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်။

နိုဝင်ဘာ ၄ ရက်ညပိုင်းက ကနီမြို့နယ်၊ပညာရေးဘုတ်အဖွဲ့တာဝန်ခံ ဆရာဦးဝင်းဌေး သည် တပုန်းကျေးရွာနေအိမ်၌ ဇနီးသည် ဒေါ်ခြိမ့်ခြိမ့်သဲဝေ၊ သုံးလအရွယ်သမီးငယ် မရွှေဝတ်ရည်လွှာ တို့နှင့်အတူ ရက်စက်စွာ မတရားသတ်ဖြတ်ခံခဲ့ရသည်။

(ကနီမြို့နယ်ပညာရေးတာဝန်ခံ ဦးဝင်းဌေးမိသားစု လုပ်ကြံသတ်ဖြတ်ခံခဲ့ရမှု အမှုမှန်အမြန်ပေါ်ပေါက်ရေးအတွက် ဒီဇင်ဘာ၄ ရက်က ပြုလုပ်ခဲ့သည့် ပြည်သူ့အခြေပြုကျောင်းများ၏ campaign လှုပ်ရှားမှုများအား တွေ့ရစဥ်။ဓာတ်ပုံ-BEGSC)
(ကနီမြို့နယ်ပညာရေးတာဝန်ခံ ဦးဝင်းဌေးမိသားစု လုပ်ကြံသတ်ဖြတ်ခံခဲ့ရမှု အမှုမှန်အမြန်ပေါ်ပေါက်ရေးအတွက် ဒီဇင်ဘာ၄ ရက်က ပြုလုပ်ခဲ့သည့် ပြည်သူ့အခြေပြုကျောင်းများ၏ campaign လှုပ်ရှားမှုများအား တွေ့ရစဥ်။ဓာတ်ပုံ-BEGSC)

အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးနှင့်ပူးပေါင်းပြီးအမှုမှန် ပေါ်ပေါက်စေရန်နှင့် အမိန့်ပေးစေခိုင်းသူများ၊ ကျူးလွန်သူများအားလုံးကို ဖော်ထုတ်၍ တရားမျှတမှုရရှိစေရန် ဆောင်ရွက်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အလားတူ ပြီးခဲ့သည့် သြဂုတ်လကုန်ပိုင်းကလည်း စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ YRF၏ ဗဟိုဦးဆောင်အဖွဲ့ဝင်နှင့် ဘဏ္ဍာရေးတာဝန်ခံ အသက်(၂၈)နှစ်အရွယ် ကိုသန်းထိုက် (ခ)ကိုညီညီသည် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသေးသည်။

တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့်ဒေသတွင် တပ်ဖွဲ့ဝင်တစ်ဦး သတ်ဖြတ်ခံရမှုသည် ကြားကာလ အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ လုံခြုံရေးတို့ကို စိန်ခေါ်သည့် လုပ်ရပ်ဖြစ်ပြီး အမှုမှန် ပေါ်ပေါက်ရေး အမြန်ဆုံးဖြေရှင်းပေးရန် Yadanarbon Revolution Force- YRF က ဩဂုတ်လကုန်ပိုင်းတွင် တောင်းဆိုထားသည်။

ဇူလိုင်လဆန်းကလည်း တော်လှန်ရေးအင်အားစု ထိန်းချုပ်ထားသည့် ဝက်လက်မြို့နယ်၊ စိုင်နိုင်ကြီးကျေးရွာတွင် ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် အသက် ၁၆နှစ်အရွယ်ဆယ်တန်းကျောင်းသား ကိုမြင့်မြတ်ဦးဆိုသူ ဓားဒဏ်ရာဖြင့် သေဆုံးခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ခွင့်ပြုချက်မရှိဘဲ တော်လှန်ရေးအင်အားစုများက ဖွင့်ထားသည့် အခွန်ကောက်ဂိတ် ၂၀ကျော်အထိရှိနေပြီး အဆိုပါဂိတ်များပိတ်သိမ်းရေး စိန်ခေါ်မှုကြီးမားနေကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများကပြောသည်။

သတင်း

ဒီဆန္ဒပြမှုဓာတ်ပုံတွေထွက်လာပြီးတဲ့နောက် မန္တလေးတောင်နဲ့ မြို့တွင်းတွေပါ စစ်တပ်ကလုံခြုံရေးတွေတင်းကြပ်နေတယ်လို့မြို့ခံတစ်ဦးကလည်း ပြောပါတယ်။

သတင်း

မြင်းခြံထောင်မှ ကိုနိုင်ဝင်းထွန်း(ခ)ဖားပြုတ်မှာမူ အကျဉ်းဦးစီးအရာရှိမှ ညှဉ်းပန်းနှိပ်စက် ရိုက်နှက်မှုကြောင့် အကျဉ်းထောင်တွင်း ကျဆုံးခဲ့ရကြောင်း PPNMကဆိုသည်။

သတင်း

သတ်ဖြတ်သူများအား ရပ်ကွက်နေပြည်သူများက ဝိုင်းဖမ်းခဲ့၍ ဖမ်းဆီးရမိထားပြီး နေပြည်တော်၊ တပ်ကုန်းမြို့နှင့် တောင်သာမြို့နယ်၊ ဝဲလောင်ရွာတို့၌ နေထိုင်သူများဖြစ်ကြောင်း သိရသည်။