သတင်း ကနီမြို့နယ်၊နတ်လာပို့ရွာအလှူကိုစစ်တပ်က လက်နက်ကြီးနဲ့ပစ် ၊ဒရုန်းနဲ့ဗုံးကြဲလို့ကျောင်းထိုင် ဆရာတော်၊မောင်ရှင်လောင်းအပါအဝင် ၇ဦး သေဆုံး စစ်ကိုင်းတိုင်း၊ကနီမြို့နယ်၊နတ်လာပို့တောင်ရွာက ရှင်ပြုအလှူပွဲကို စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ပြီး ထွက်ပြေးတဲ့ပြည်သူ တွေနောက်ကို ဒရုန်း တွေနဲ့ဗုံးထပ်ကြဲတာကြောင့် ကျောင်းထိုင်ဆရာတော် နဲ့မောင်ရှင်လောင်းတွေအပါအဝင်ပြည်သူ ၇ဦး သေဆုံးပြီးဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံ တွေက ပြောပါတယ်။ LuduNwayOoမတ် 9, 2026
သတင်း ချင်းတွင်းမြစ်ကမ်းပြိုမှာစိုးလို့ ရွှေမျှောလုပ်ငန်းတွေ ရပ်ဆိုင်းထားဖို့ ကနီမြို့နယ်အရေးပေါ်အုပ်ချုပ်ရေး(ဗဟို)အဖွဲ့ သတိပေး စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ ချင်းတွင်းမြစ်ကြောင်းအတွင်း ရွှေမျှောလုပ်ငန်းတွေ ရပ်ဆိုင်းထားဖို့ မြို့နယ်အရေးပေါ်အုပ်ချုပ်ရေး(ဗဟို)အဖွဲ့က ထုတ်ပြန်ပါတယ်။ ludunwayooဖေဖော်ဝါရီ 12, 2026
သတင်း လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သမင်ခြံက ဒေသခံတွေ ရှောင်တိမ်းနေရ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် သမင်ခြံ ကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၃ကြိမ်ဆက်တိုက်ပြုလုပ်ခဲ့တာမို့ ပြည်သူတွေ သေဆုံးခဲ့ပြီး ဒေသခံတွေဟာ ကျေးရွာအတွင်း မအိပ်ရဲဘဲ ရှောင်တိမ်းနေရတယ်လို့ သိရပါတယ်။ ludunwayooစက်တင်ဘာ 25, 2025
သတင်း တိုက်ပွဲထဲကဆေးကြောင်နေတဲ့သုံ့ပန်းစစ်သားသစ်တွေ စစ်ကောင်စီစစ်ကြောင်းပျက်ပြီး ဆုတ်ခွာထွက်ပြေးသွားတဲ့ ကနီမြို့နယ်၊ ချောင်းမရွာတိုက်ပွဲမှာ ဆေးကြောင်နေတဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်းစစ်သားသစ်တွေကို ကာကွယ်ရေးတပ်တွေဖမ်းမိခဲ့ပါတယ်။ ludunwayooစက်တင်ဘာ 24, 2025
သတင်း ကနီမြို့နယ် သမင်ခြံရွာ စစ်တပ်ဗုံးကြဲလို့ အရပ်သား ၄ဦး သေဆုံး စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်က သမင်ခြံကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ (စက်တင်ဘာ၂၂ရက်) ည ၇နာရီခန့်မှာ ပါရာမော်တာ စက်တပ်လေထီးနဲ့ ဗုံးကြဲလို့ အရပ်သား ၄ဦး သေဆုံးသွားပါတယ်။ ludunwayooစက်တင်ဘာ 23, 2025
သတင်း ချောင်းမရွာကထွက်ပြေးစစ်သားများကို ULF ကြားဖြတ်တိုက်ခိုက် ၃ ဦးကိုလက်နက်ခဲယမ်းများနှင့်အတူဖမ်းမိ ကနီမြို့နယ်၊ချောင်းမကျေးရွာမှဆုတ်ခွာထွက်ပြေးသွားသော စစ်သားများကို တော်လှန်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ရာ ၃ဦးဖမ်းမိပြီး သေနတ်၃လက်နှင့်ကျည်ဆံများ သိမ်းဆည်းနိုင်ခဲ့ကြောင်းဒေသခံတော်လှန်ရေးတပ်ပေါင်းစု-ULF က သတင်းထုတ်ပြန်သည်။ ludunwayooစက်တင်ဘာ 19, 2025
သတင်း ကနီမြို့နယ်ကို စစ်ကြောင်းပြန်ထိုးဖို့ စစ်တပ် ကြိုးပမ်းနေ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ကို စစ်တပ်က စစ်ကြောင်းထပ်ထိုးဖို့ ကြိုးစားနေပြီး ကွေ့ချောင်းရွာမှာ လက်နက်ကြီးတပ်ဆင်နေသလို မြေပြင်စစ်ကြောင်းလည်း နဘူးတောရွာကို ရောက်ရှိလာတယ်လို့ သိရပါတယ်။ ludunwayooစက်တင်ဘာ 19, 2025
သတင်း ULF စစ်ကြောင်းမှူး ရဲဘော်နိုင်မင်း ကျဆုံး ကနီမြို့နယ်၊ ချောင်းမကျေးရွာတိုက်ပွဲတွင် အမှတ်(၁)စစ်ဒေသ၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် ပကဖ ULF စစ်ကြောင်းမှ စစ်ကြောင်းမှူး ရဲဘော်နိုင်မင်းကျဆုံးခဲ့သည်။ ludunwayooစက်တင်ဘာ 13, 2025
သတင်း ချောင်းမရွာတိုက်ပွဲက ဆုတ်ပြေးလာတဲ့ စစ်ကြောင်းတိုက်ခိုက်ရာ စစ်သားနှစ်ဦးသေဆုံး၊ လက်နက်နှစ်လက်ရ စစ်ကိုင်းတိုင်း၊ကနီမြို့နယ် ချောင်းမကျေးရွာမှာအထိနာပြီး ဆုတ်ပြေးလာတဲ့ စစ်ကောင်စီတပ်စစ် ကြောင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးပြီး လက်နက်နှစ်လက်ရရှိတယ်လို့ ယင်းမာပင်မြို့နယ် ပကဖ ULF စစ်ကြောင်းတာဝန်ရှိသူက ပြောပါတယ်။ ludunwayooစက်တင်ဘာ 13, 2025
သတင်း ချောင်းမရာတိုက်ပွဲစစ်သား ၃ ဦးသေ၊ စစ်သုံ့ပန်း ၄ ဦးဖမ်းမိပြီး သေနတ် ၇ လက်ရရှိ ကနီမြို့နယ် ၊ ချောင်းမရွာတိုက်ပွဲမှာ အင်အား (၁၀၀)ခန့်ပါ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေကတိုက်ခိုက်တာမှာစစ်သား (၃) ဦး သေဆုံးပြီးစစ်သုံ့ပန်း (၄) ဦး ဖမ်းဆီးရရှိခဲ့သလို သေနတ် ၇ လက် ၊ဂျမ်ပါ နဲ့ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ NUG ၊ကာကွယ်ရေးဝန်ကြီးဌာန၊စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ်။ ludunwayooစက်တင်ဘာ 13, 2025