Connect with us

Hi, what are you looking for?

သတင်း

ကနီမြို့နယ်တွင် လေကြောင်းတိုက်ခိုက်၍ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်

လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေရပြီး ယနေ့ ဒီဇင်ဘာ ၄ရက်အထိ ပြန်လည်ဝင်ရောက်ခြင်းမရှိသေးကြောင်း သိရသည်။

(လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့်တဲနှင့်ပတ်ဝန်းကျင်အား တွေ့ရစဥ်။ဓာတ်ပုံ-Pyae Aung Naing-Kani)
(လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့်တဲနှင့်ပတ်ဝန်းကျင်အား တွေ့ရစဥ်။ဓာတ်ပုံ-Pyae Aung Naing-Kani)

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ နတ်ကြီးကျေးရွာအား စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့၍ လူထိခိုက်မှုမရှိသော်လည်း ရွာလုံးကျွတ်ထွက်ပြေးခဲ့ရကြောင်း သတင်းရရှိသည်။

ကနီမြို့နယ်၊ နတ်ကြီးကျေးရွာအနီးကို စစ်ကောင်စီက ယမန်နေ့(ဒီဇင်ဘာ ၃ ရက်) ည၇ နာရီမှ ၁၁ နာရီအတွင်း သုံးကြိမ် လေကြောင်းတိုက်ခိုက်ခဲ့ရာ ကျေးရွာအပြင်ကျ၍ လူထိခိုက်မှုမရှိကြောင်း ဒေသခံများက ပြောသည်။

(လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့်တဲနှင့်ပတ်ဝန်းကျင်အား တွေ့ရစဥ်။ဓာတ်ပုံ-Pyae Aung Naing-Kani)
(လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့်တဲနှင့်ပတ်ဝန်းကျင်အား တွေ့ရစဥ်။ဓာတ်ပုံ-Pyae Aung Naing-Kani)

“ လမ်းဘေးက တဲလေး ပျက်စီးတယ်။ လူထိခိုက်တာ မရှိဘူး။ တိုက်ပွဲမရှိဘဲ အကြောင်းမဲ့ပစ်တာ။” ဟု ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစု ဦးဆောင်သူ ကိုပြည့်အောင်နိုင်က ပြောသည်။

Public Service Announcement

Public Service Announcement

ပေါင် ၅၀၀ ဗုံး ခြောက်လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နှစ်လုံးမှာ မပေါက်ကွဲသေးဘဲ မြေကြီးအောက် နစ်မြုပ်နေကြောင်း ဒေသခံများက ပြောသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေရပြီး ယနေ့ ဒီဇင်ဘာ ၄ရက်အထိ ပြန်လည်ဝင်ရောက်ခြင်းမရှိသေးကြောင်း သိရသည်။

(လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့်တဲနှင့်ပတ်ဝန်းကျင်အား တွေ့ရစဥ်။ဓာတ်ပုံ-Pyae Aung Naing-Kani)
(လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့်တဲနှင့်ပတ်ဝန်းကျင်အား တွေ့ရစဥ်။ဓာတ်ပုံ-Pyae Aung Naing-Kani)

နတ်ကြီးကျေးရွာတွင် အိမ်ခြေ ၂၀၀နီးပါးရှိပြီး စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၁၅၀ကျော် ပျက်စီးခဲ့ဖူးသည်။

စစ်ရေးအပါအဝင် အဘက်ဘက်မှ ရှုံးနိမ့်နေသောစစ်ကောင်စီသည် တော်လှန်ရေးအားကောင်းသောဒေသများအား လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေသည်။

နိုဝင်ဘာ ၃၀ ရက်ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားသည့် ကျောက်မဲမြို့ကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သီလရှင်အပါအဝင် သေဆုံးသူ၁၀ဦးထက်မနည်း ရှိခဲ့သည်။

ဒီဇင်ဘာ ၂ ရက်နှင့် ၃ ရက်ကလည်း နွားထိုးကြီးမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူ ၄ ဦး သေဆုံးခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ဖလမ်းမြို့နဲ့ ရိဒ်ခေါ်ဒါမြို့ကြားက ခေါပွီချိပ်ကျေးရွာကို အာဏာသိမ်းစစ်တပ်က မေလ ၁ရက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သေဆုံးသူ ၇ဦးအထိရှိလာပြီး ကလေးငယ် ၆ဦး ပါဝင်တယ်လို့ ချင်းဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ လယ်ဒို(ကျောက်ကြီး) မြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့လို့ ကလေးတစ်ဦးအပါအဝင် ပြည်သူလူထုသေဆုံးထိခိုက်မှု ထပ်မံ ဖြစ်ပေါ်ခဲ့ကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ တနင်္သာရီ မြို့နယ် မောတောင်နယ်စပ်မြို့ကို အာဏာသိမ်းစစ်တပ်က တရက်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ၂ကြိမ်ပြုလုပ်ခဲ့ရာနေအိမ်အချို့ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)ကထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ၊ သထုံခရိုင် ဘီးလင်းမြို့နယ် ဝင်းတာပန် ဒေသမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က တိုက်ပွဲနဲ့ မသက်ဆိုင်တဲ့ ကျေးရွာတွေကိုလည်း လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်နေကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။