Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်မြို့သိမ်းတိုက်ပွဲ ပြင်းထန်ချိန် တရုတ် ဗဟိုအစိုးရ ဖိတ်ခေါ်၍ KIO ဥက္ကဋ္ဌ ဘေဂျင်းမြို့သို့သွားရောက်

ဒီဇင်ဘာ ၈ရက်တွင် KIO ဥက္ကဋ္ဌ တရုတ်နိုင်ငံသို့ သွားရောက်ကြောင်း သတင်းများနှင့်ပတ်သက်ပြီး ကချင်စစ်ရေး သတင်းရင်းမြစ် နှစ်ဦးကလည်း ခရီးစဉ်အမှန်ဖြစ်​ကြောင်းပြောသည်။

(KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ။ဓါတ်ပုံ-KIO/ KIA)
(KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ။ဓါတ်ပုံ-KIO/ KIA)

သက်ဝေ/People’s Spring

တရုတ်ဗဟိုအစိုးရက ဖိတ်ခေါ်၍ ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လသည် တရုတ်နိုင်ငံသို့ ယမန်နေ့က ထွက်ခွာသွားကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောကြားသည်။

ဒီဇင်ဘာ ၈ရက်တွင် KIO ဥက္ကဋ္ဌ တရုတ်နိုင်ငံသို့ သွားရောက်ကြောင်း သတင်းများနှင့်ပတ်သက်ပြီး ကချင်စစ်ရေး သတင်းရင်းမြစ် နှစ်ဦးကလည်း ခရီးစဉ်အမှန်ဖြစ်​ကြောင်းပြောသည်။

“ပုံမှန်သွားတာပါ။ (တရုတ်ဘက်က ဖိအားပေးတောင်းဆိုမှု)မရှိနိုင်ဘူးလို့ ထင်ပါတယ်”ဟု ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အခြား ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “ဟုတ်တယ်။ မနေ့က သွားလိုက်ပြီ။ ဘာတွေ ဖိအားပေးအုံးမလဲ မသိပါ။ ဖိအားပေး ခြိမ်းခြောက်ဖို့ပဲဖြစ်မှာပါ။ အဓိက Key Point က တိုက်ပွဲ ရပ်ပါ ဒါပဲ ဖြစ်လိမ့်မယ်” ဟု KIO ဥက္ကဋ္ဌ၏ တရုတ်နိုင်ငံခရီးစဉ်နှင့်ပတ်သက်၍သူ၏အမြင်ကိုပြောသည်။

တရုတ်အစိုးရဘက်က တိုင်းရင်းသားတပ်များနှင့် ပုံမှန်တွေ့ဆုံလေ့ရှိသည့် တရုတ်အထူးကိုယ်စားလှယ်က လက်ခံတွေ့ဆုံခြင်း၊ သို့မဟုတ် ဒေသဆိုင်ရာ တရုတ်အာဏာပိုင်များက ဖိတ်ခေါ်ခြင်းလားဟု မေးမြန်းရာ မည်သူနှင့်တွေ့ဆုံမည်ကိုမသိသော်လည်း ပီကင်း(ဘေဂျင်း)အထိသွားရောက်ခြင်းဖြစ်သည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“ဒီတခါ ပထမဆုံးပဲ။ဗဟို(တရုတ် ဗဟိုအစိုးရ)က ခေါ်တာ။”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

တရုတ်အစိုးရ၏ ဖိတ်ခေါ်ချက်နှင့်ပတ်သက်ပြီး ဘာမှမျှော်လင့်စရာမရှိဟုလည်း ၎င်းကဆက်ပြောသည်။

KIO တပ်ဖွဲ့ဖြစ်သည့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ကချင်ပြည်နယ်၏ ဒုတိယ အကြီးဆုံးမြို့ဖြစ်ပြီး အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၂၁)တပ်ဌာနချုပ်အပါအဝင်စစ်ကောင်စီ တပ်ရင်းတပ်ဖွဲ့များစွာ အခြေချထားသည့် ဗန်းမော်မြို့ကို ဒီဇင်ဘာ၄ ရက်မှစ၍ ထိုးစစ်ဆင် တိုက်ခိုက်နေသည်။ ဗန်း​မော်မြို့သိမ်းတိုက်ပွဲဆင်နွှဲ​နေချိန် တရုတ်အစိုးရဘက်က ယခုကဲ့သို့ KIO ထိပ်ပိုင်းခေါင်းဆောင်ကို ဖိတ်ခေါ်ခြင်းလည်းဖြစ်သည်။ထိုအပြင် KIA သည် မြန်မာ-တရုတ် နယ်စပ်ရှိ ကချင်အထူး​ဒေသ (၁)တစ်ခုလုံးကိုလည်းသိမ်းပိုက်ထားသည်။

ဗိုလ်ချုပ်ကြီးအင်ဘန်လ၏ တရုတ်နိုင်ငံ ခရီးစဉ်နှင့်ပတ်သက်ပြီး KIO/KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။

တရုတ်နိုင်ငံအစိုးရအနေဖြင့် ဗန်းမော်၊ မြစ်ကြီးနား မြို့များကို မတိုက်ခိုက်ရန် KIA အား ဖိအားပေး ထားကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိနေခြင်းနှင့်ပတ်သက်ပြီး ဒီဇင်ဘာ ၈ရက်က ဗိုလ်မှူးကြီးနော်ဘူအား မေးမြန်းရာ ယင်းသို့ မကြားမိသော်လည်း နယ်စပ်တည်ငြိမ်ရေးအတွက် နယ်စပ်ဒေသတွင် တိုက်ပွဲဖော်ဆောင်ခြင်းမပြုရန် တရုတ်ဘက်က ပြောဆိုမှုရှိကြောင်း ပြောပြသည်။

KIA အနေဖြင့် တရုတ်ဘက်က နယ်စပ်၌ တိုက်ပွဲဖော်ဆောင်ခြင်းမပြုရန် ပြောဆိုမှုရှိသော်လည်း တော်လှန်ရေး လိုအပ်ချက်အရ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးမြို့များဖြစ်သည့် လွယ်ဂျယ်နှင့် ကန်ပိုက်တီ အပါအဝင် နယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းများ၊ စစ်ကောင်စီထိန်းချုပ်ရာမြို့များအပါအဝင်စစ်ကောင်စီတပ်စခန်း ရာချီကို ယခုနှစ်အတွင်း တိုက်ခိုက်သိမ်းပိုက်ထားသည်။ စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း KIA က ကချင်ပြည်နယ်တွင် မြို့​ပေါင်း ၁၄ မြို့နှင့် ရှမ်း​ပြည်နယ်​မြောက်ပိုင်းမှ မဘိမ်းမြို့ ၊ နမ့်ဖင်ကာရွာ နှင့် စစ်တပ်တပ်ရင်းများကို သိမ်းပိုက်ထိန်းချုပ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

နိုင်ငံတကာ

ကုန်းပိတ် ဒေသတွေကို ပင်လယ်နဲ့ ရေလမ်းကြောင်း တိုက်ရိုက် ဆက်စပ်ပေးမယ့် တူးမြောင်းကြီး တစ်ခုကို တရုတ်က စတင်ဖွင့်လှစ်လိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့က စုန်ဆင်းလာတဲ့ ခလရ(၂၃၇) တပ်ရင်းမှူးလိုက်ပါတဲ့ စစ်သင်္ဘောတိုက်ခိုက်ခံရပြီး ရေနစ်မြုပ်သွားချိန်မှာ ခမရ(၃၂၀)တပ်ရင်းမှူး လိုက်ပါတဲ့ သင်္ဘောက ကိုယ်လွတ်ရုန်းမောင်းပြေးသွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ် တချို့က ပြောပါတယ်။

သတင်း

စစ်သင်္ဘော ၈စီး ထိခိုက်အောင် တိုက်ခိုက်ထားပြီး တချို့နစ်မြုပ်၊ သင်္ဘော ၂စီး ရွှေကူဘက် ပြန်လှည့်သွား