Connect with us

Hi, what are you looking for?

သတင်း

KIO/KIAဌာနချုပ် လိုင်ဇာမြို့အနီး စစ်ကောင်စီ လေကြာင်း တိုက်ခိုက်

တရုတ်ဘက်က မီးကျည်ပစ်ဖောက် သတိပေး၊ လမိုင်ယန်ရွာဘက်သို့ ဗုံး ၂ လုံးကြဲသွားပြီး ​ပြည်သူ ၂ ဦး ​သေဆုံးထိခိုက်ဒဏ်ရာရဟုကနဦးသတင်းရရှိ

တရုတ်နိုင်ငံဘက်မှ မီကျည်ပစ်​​ဖောက်သတိ​ပေးစဥ်။ဓါတ်ပုံ-CJ

ထားမြတ်/People’s Spring

ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA)ဌာနချုပ် လိုင်ဇာမြို့အနီးကို စစ်ကောင်စီက ယမန်နေ့ည သန်းခေါင်ကျော်တွင် စစ်ကောင်စီက လေကြောင်းမှဗုံးကြဲခဲ့သည်ဟု ကချင်သတင်းရင်းမြစ်အချို့က ပြောသည်။

ယမန်နေ့ည ၁နာရီ ၁၁ နှင့် ၁နာရီ ၁၄ မိနစ် အကြားတွင် လိုင်ဇာမြို့အနီးသို့ တိုက်လေယာဉ် ၂စီးဖြင့် ဗုံးကြဲခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

” ပန်ဝါကျသွားလို့ဖြစ်တယ်။”ဟု ကချင်သတင်းရင်းမြစ်က လိုင်ဇာကိုစစ်ကောင်စီ လေကြောင်း လာတိုက်ခိုက်သည့် လုပ်ရပ်အပေါ် မှတ်ချက် ပြုသည်။

Public Service Announcement

Public Service Announcement

KIA ပူးပေါင်းတပ်သည် ချီဖွေမြို့နယ်ရှိမြန်မာ-တရုတ်နယ်စပ်မြို့ ပန်ဝါကို အောက်တိုဘာ ၁၈ရက် ညပိုင်း၌ သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ သိမ်းပိုက်ခံရပြီး နာရီပိုင်းအကြာတွင် စစ်ကောင်စီက လိုင်ဇာမြို့အနီးကိုဗုံးကြဲတိုက်ခိုက်လာခြင်း ဖြစ်သည်။

” လိုင်ဇာဒေသမှာ အခု ၁နာရီ အချိန်လေယာဉ် ၂စီးနဲ့ ချသွားပြီးပြီ။ အထိအခိုက်စုံစမ်းဆဲပါ” ဟု အခြား သတင်းရင်းမြစ်တစ်သီးက ပြောသည်။

အခြား ကချင်သတင်းရင်းမြစ်တစ်ဦးကလည်းစစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအတွင်း အထိအခိုက်မရှိဟု ပြောသည်။

စစ်ရေးနိုင်ငံရေးလေ့လာသူ ဦးဇော်ဆန်ကလည်း “လိုင်ဇာအနီးမှာ လေကြောင်းနဲ့လာပစ်ခတ်တာရှိတယ်။ တရုတ်ဘက်ကလည်း ပြန်လည်ပစ်ခတ်တာရှိတယ်။ အသေးစိတ်တော့ မသိသေးဘူး။ တရုတ်ဘက်က ပစ်တာ မီးကျည်”ဟု ပြောသည်။

ထပ်မံရရှိ​သော သတင်း အရ လမိုင်ယန်ရွာဘက်သို့ စစ်​ကောင်စီက ဗုံး ၂ လုံးကြဲသွားခြင်းဖြစ်ပြီး ​ဒေသခံပြည်သူ ၂ ဦး ​သေဆုံး ဒဏ်ရာရရှိခဲ့သည်ဟု ကနဦး သတင်းရရှိ​ကြောင်း စုံစမ်းသိရသည်။

စစ်ကောင်စီအနေဖြင့် စစ်ရေးအရ ရှုံးနိမ့်နေသည့် အခြေအနေတွင် အရပ်သား ပြည်သူများနေထိုင်ရာနေရာများ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ ထိန်းချုပ်ရာ ဒေသများကို လေကြောင်း တိုက်ခိုက်မှုများဆက်တိုက် ပြုလုပ်လျက်ရှိသည်။

ယခင်က KIAနှင့် ပြဿနာဖြစ်တိုင်း လက်နက်ကြီးများဖြင့် လိုင်ဇာမြို့အနီးဝန်းကျင်သို့ ပစ်ခတ်လေ့ရှိသော်လည်း ယခုနှစ်မတ်လမှ စတင်စစ်ရှိန်မြှင့်ခဲ့သည့် KIA ၏ ထိုးစစ်တွင် လိုင်ဇာအနီးဝန်းကျင် နယ်မြေများရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို တိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်၍ လေကြောင်းမှ လာရောက်ဗုံးကြဲမှုများလုပ်ဆောင်လာနေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်