Connect with us

Hi, what are you looking for?

သတင်း

ဂွတိုက်ပွဲအတွင်း ဒဏ်ရာရစစ်သား ၁၀၀ကျော် ငါးသိုင်း‌ချောင်းဆေးရုံ၌ ကုသနေ

AAသည် ယခုရက်ပိုင်းအတွင်း အမ်းမြို့မှ နောက်ဆုံးလက်ကျန် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို တိုက်ခိုက်နေပြီး တစ်ချိန်တည်းတွင် ဂွမြို့နယ်ကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

(ဧရာ၀တီတိုင်းသို့သွားမည့် ဂွမြို့နယ် သဗြုဂျိုင်ကျေးရွာမှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ဩဂုတ် ၈ ရက်က တွေ့ရစဉ်။ဓာတ်ပုံ - CJ)
(ဧရာ၀တီတိုင်းသို့သွားမည့် ဂွမြို့နယ် သဗြုဂျိုင်ကျေးရွာမှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ဩဂုတ် ၈ ရက်က တွေ့ရစဉ်။ဓာတ်ပုံ - CJ)
▪️ပြင်ပလူနာများ အတင်းအကြပ်ရွှေ့ပြောင်းခံရ

အိမ်သွင်/People’s Spring

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တိုက်ပွဲအတွင်း ဒဏ်ရာရသည့် ရာချီသော စစ်သားများကို ငါးသိုင်း‌ချောင်းဆေးရုံသို့ စစ်ကောင်စီကပို့ဆောင်ပြီး ပြင်ပလူနာများအား ရေကြည်ဆေးရုံသို့ ရွှေ့ပြောင်းထားသည်။

ဒဏ်ရာရစစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားကိုဧရာဝတီတိုင်း၊ ငါးသိုင်း‌ချောင်းမြို့ဆေးရုံသို့ ယခုရက်ပိုင်းအတွင်း အရပ်သားကားများဖြင့် လာရောက်ပို့ဆောင်ခြင်းဟု အဆိုပါမြို့ခံတစ်ဦးက ပြောသည်။

” စစ်ကားတွေနဲ့လာတာ မဟုတ်ဘူး။ အရပ်သားကားတွေကို ချောဆွဲပြီးခေါ်လာတာ။ ဆေးရုံထဲကိုဝင်တာတောင် ခိုးကြောင်၊ ခိုးဝှက်ဝင်တာ”ဟု ငါးသိုင်းချောင်းမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဆေးရုံ၌ နေရာနှင့် ကုတင်မလုံလောက်၍ ကြမ်းပြင်၌ချကာ ဆေးကုပေးနေကြောင်းလည်း သတင်းရရှ်ိသည်။ လာရောက်ကုသသူ အရေအတွက်မှာ ၁၀၀ကျော်ပြီး ဒေသခံလူနာများသည် ရေကြည်မြို့ဆေးရုံသို့ ပြောင်းရွှေ့လိုက်ရကြောင်း လူနာရှင်တစ်ဦးက ပြောသည်။

အာရက္ခတပ်တော်(AA)သည် ဂွမြို့သိမ်းတိုက်ပွဲဆင်နွှဲနေပြီး တိုက်ပွဲအလွန်ပြင်းထန်နေသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအပြားသေဆုံးသလို ငါးသိုင်းချောင်း-ဂွလမ်းပိုင်းမှတဆင့် စစ်ကူပို့သည့် စစ်ကောင်စီစစ်ကြောင်းကိုလည်း AAက ပိတ်ဆို့တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများပြားနေသည်။

ဟင်္သာတမြိုအခြေစိုက် ခလရ (၁၈) တပ်ရင်း၊အိမ်မဲမြို့အခြေစိုက် ခလရ (၆၃)၊ ခလရ (၅၁) နှင့် ရန်ကုန်မြို့ လှိုင်သာယာအခြေစိုက် ခမရ (၅၃၂)မှ စစ်ကောင်စီတပ်အင်အား ၂၀၀နီးပါးကို ဂွမြို့သို့ နိုဝင်ဘာတတိယလပတ်တွင် ကားများဖြင့် ပို့ဆောင်ခဲ့ရာ AA၏ ကြားဖြတ်တိုက်ခိုက်မှုကို ခံလိုက်ရသေးသည်။

အဆိုပါ စစ်ကြောင်းကို ဂွမြို့နယ်၊သံခဲချိုင်ကျေးရွာကမ်းခြေအနီး နှင့်ကင်းပုံကျေးရွာအနီးတွင် နိုဝင်ဘာ၂၄ရက်ကစ၍ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၂၀ကျော် သေဆုံးပြီး စစ်သုံ့ပန်းအချို့ ဖမ်းဆီးရမိသည်ဟု AAက သတင်းထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းသည် နယ်မြေထိစပ်နေပြီး ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက ဧရာဝတီတိုင်းအတွင်း တင်းတင်းကြပ်ကြပ်စစ်ဆေးနေသည်။ AAသည် ဂွမြို့ကို သိမ်းပိုက်ပြီးပါက ဧရာဝတီတိုင်းအတွင်းသို့ မဟာမိတ်များနှင့်အတူ စစ်ဆင်ရေးစတင်နိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

AAသည် ယခုရက်ပိုင်းအတွင်း အမ်းမြို့မှ နောက်ဆုံးလက်ကျန် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို တိုက်ခိုက်နေပြီး တစ်ချိန်တည်းတွင် ဂွမြို့နယ်ကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ယမန်နေ့ညက နောက်ဆုံးအခြေအနေကို AAက ထုတ်ပြန်ထားရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များအပြား အလံဖြူထောင်လက်နက်ချသည်ကို တွေ့ရသည်။

“စောစော အလံဖြူထောင်လျှင် စောစော အသက်ရှင်ကျန်ရစ်စေမယ်။ မိသားစု၊ ဆွေမျိုးတို့ နှင့် စောစောတွေ့ဆုံရလိမ့်မယ်”ဟု AAက စစ်ကောင်စီတပ်ဖွဲ့ဝင်များကို သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။