Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့နယ်တွင် စစ်တပ်ကင်းလာစောင့်မည့်တိုက်၌ မိုင်းကြိုဆင်၍ ဖောက်ခွဲတိုက်ခိုက်

မိုင်းများပေါက်ကွဲမှုကြောင့် ကင်းလာစောင့်သည့် စစ်အုပ်စုဝင် သုံးဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိသွားကြောင်း မုံရွာပကဖ၏ တာဝန်ရှိသူက ဆိုသည်။

(စစ်အုပ်စု ကင်းလာစောင့်ချိန် ​ကြိုဆင်ထားသောမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည့်တိုက်အား တွေ့ရစဥ်။ဓာတ်ပုံ-File Video)
(စစ်အုပ်စု ကင်းလာစောင့်ချိန် ​ကြိုဆင်ထားသောမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည့်တိုက်အား တွေ့ရစဥ်။ဓာတ်ပုံ-File Video)

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ – မန္တလေးလမ်းပိုင်းဘေးရှိ စစ်ကောင်စီတပ်သားများ ကင်းလာစောင့်မည့်တိုက်၌ ကြိုတင်မိုင်းဆင်၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ဦး သေဆုံးကြောင်း မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

ဒီဇင်ဘာ ၁၇ရက်က စစ်ကောင်စီတပ်နှင့် ပျူစောထီးစစ်ကြောင်းသည် မုံရွာမြို့နယ်၊ မုံရွာ – မန္တလေး လမ်းပိုင်းတနေရာရှိ စစ်ကောင်စီတပ်သားများ ပုံမှန် ကာကင်းယူလေ့ရှိသည့် အဆောက်အဦးအတွင်း ရှေ့ထွက်မိုင်း ၂လုံး၊ ရှေ့တန်းမိုင်း ၁ လုံး ကြိုတင်ထောင်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မုံရွာပကဖ၏ တာဝန်ရှိသူက ပြောသည်။

မိုင်းများပေါက်ကွဲမှုကြောင့် ကင်းလာစောင့်သည့် စစ်အုပ်စုဝင် သုံးဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိသွားကြောင်း မုံရွာပကဖ၏ တာဝန်ရှိသူက ဆိုသည်။

Public Service Announcement

Public Service Announcement

“ပြည်သူ့နေအိမ်မှာ တပ်စွဲသလိုနေထိုင်ပြီး လမ်းပေါ်တက် ဆတ်ကြေးကောက်ကြတာပါ။”ဟု ၎င်းတာဝန်ရှိသူက ပြောသည်။

စစ်အုပ်စု၏ ထိခိုက်မှုကို လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါတိုက်ခိုက်မှုအား မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ချောင်းဦးမြို့နယ်ပကဖတိုက်ခိုက်ရေးတပ်ဖွဲ့ (CHUPDF)၊ Monywa Special ဒိတ်ဒိတ်ကြဲ LPDF နှင့် Special Force 11 LPDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာ ပထမလဝက်အတွင်းကလည်း မုံရွာ-မန္တလေးလမ်းပေါ်တွင် စစ်ကောင်စီ၏ ကြေးနီတင်ယာဥ်များအပါအဝင် စစ်ကောင်စီယာဥ်များအား တော်လှန်ရေးအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။