Connect with us

Hi, what are you looking for?

သတင်း

အောင်ဇေယျစစ်ကြောင်းမှ အလင်းဝင်လာသူများအားဂုဏ်ပြုပြီး စစ်ဆင်ရေးအောင်နိုင်ခြင်းမရှိဘဲ အရှုံးများနှင့်သာ ရင်ဆိုင်နေရဟု KNU ထုတ်ပြန်

ကော်ဘရာစစ်ကြောင်း၏ တာဝန်ရှိသူက ပြီးခဲ့သည့် သုံးလခန့်အတွင်း အောင်ဇေယျစစ်ကြောင်းမှ လက်နက်နှင့်အတူ အလင်းဝင်လာသူများနှင့် ဖမ်းမိစစ်သုံ့ပန်း ၃၀ခန့်ရှိသည်ဟု ပြောသည်။

(ရှေ့တန်းအမှတ်(၅၅)တပ်မ၊ အောင်ဇေယျစစ်ဆင်ရေးမှ အလင်းဝင်လာသူများအား ကြိုဆိုပွဲပြုလုပ်နေစဉ်။ ဓာတ်ပုံ - KNU)
(ရှေ့တန်းအမှတ်(၅၅)တပ်မ၊ အောင်ဇေယျစစ်ဆင်ရေးမှ အလင်းဝင်လာသူများအား ကြိုဆိုပွဲပြုလုပ်နေစဉ်။ ဓာတ်ပုံ - KNU)

ဟန်နွေ/People’s Spring

စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းမှ လက်နက်ခဲယမ်းနှင့်အတူ လာရောက်ပူးပေါင်းလာသော စစ်သားများအား ကြိုဆိုထောက်ခံပွဲနှင့် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားပြုလုပ်ပြီး ထိန်းချုပ်နယ်မြေ၌ စစ်ကောင်စီတပ်မှ မည့်သည့်စစ်သည်မဆို လာရောက်ပူးပေါင်းကာ ပြည့်သူရင်ခွင်သို့ ခိုလှုံကြရန် အမြဲဖိတ်ခေါ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) က ယနေ့(ဇန်နဝါရီ ၁ရက်)တွင် ထုတ်ပြန်သည်။

အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ကော်ဘရာ၊PDFနှင့် ပူးပေါင်းစစ်ကြောင်းများထံ လက်နက်ခဲယမ်းနှင့် အတူဖြစ်စေ၊ အကြောင်းအမျိုးမျိုးကြောင့် လက်နက်ခဲယမ်းမပါသည်ဖြစ်စေ အားလုံးလက်ခံကြိုဆိုပေးခဲ့ပြီး ပူးပေါင်းလာသည့် စစ်သည်များကို ကြိုဆိုပွဲနှင့် ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနားကျင်းပပေးခဲ့ဟု ဆိုသည်။

စစ်ရှုံးစစ်ကောင်စီ၏ ‌ရှေ့တန်းအမှတ်(၅၅)တပ်မ အောင်ဇေယျစစ်ဆင်ရေးမှ KNLA၊PDFနှင့် ပူးပေါင်းစစ်ကြောင်းများထံသို့ လက်နက်နှင့်အတူ ပြည်သူ့ရင်ခွင်ပြန်လည်ခိုလှုံလာသော စစ်သည်များအား ကြိုဆိုဧည့်ခံပွဲနှင့် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ကရင်ပြည်နယ်တနေရာတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ထုတ်ပြန်ခဲ့သည့် ဓာတ်ပုံမှတ်တမ်းများတွင် ပူးပေါင်းလာသည့် စစ်သည်များက လက်နက်များအပ်နှံခဲ့ပြီး ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်မှူးဒါဘောက ဆုငွေများ ပြန်လည်ပေးအပ်နေသည်ကို တွေ့ရသည်။

KNU၏ ထုတ်ပြန်ချက်တွင် အလံဖြူထောင် အလင်းဝင်လာသူ အရေအတွက်ကို ဖော်ပြထားခြင်းမရှိပေ။

သို့သော် ကော်ဘရာစစ်ကြောင်း၏ တာဝန်ရှိသူက ပြီးခဲ့သည့် သုံးလခန့်အတွင်း အောင်ဇေယျစစ်ကြောင်းမှ လက်နက်နှင့်အတူ အလင်းဝင်လာသူများနှင့် ဖမ်းမိစစ်သုံ့ပန်း ၃၀ခန့်ရှိသည်ဟု ပြောသည်။

” ဖမ်းမိတာရော၊ အလင်းဝင်တာရော အများကြီးပဲ။ ဖမ်းမိတာရော အလင်းဝင်တာရော အားလုံးပေါင်း ၃၀လောက်ရှိတယ်။ ဆုငွေချီးမြှင့်တာက ဖမ်းမိတဲ့သူက မုန့်ဖိုးအနေနဲ့ ကျပ်တစ်သိန်းပဲ ပေးတယ်။ လက်နက်ပါတဲ့သူကတော့ သိန်း ၃၀ပေးတယ်”ဟု ၎င်းက ပြောသည်။

လာရောက်ပူးပေါင်းလာသော စစ်သည်တော်များအား KNLA၊PDFနှင့် ပူးပေါင်းစစ်ကြောင်းများနှင့် ပြည်သူလူထုက အသိအမှတ်ပြု တန်ဖိုးထားလေးစားသည့်အနေဖြင့် ၎င်းတို့အား ကောင်းမွန်စွာကြိုဆိုဧည့်ခံပေးခဲ့ပြီး ၎င်းတို့အတွက် ထောက်ပံ့မှုများလည်း ပေးအပ်ခဲ့ကြောင်း၊ ထိုသို့ ဆောက်ရွက်ပေးခဲ့ပြီးနောက် ၎င်းတို့၏ အနာဂတ်ဘဝရှေ့ရေးအတွက် ၎င်းတို့ ဆန္ဒရှိသည့်အတိုင်း စီစဥ် ဆောင်ရွက်ပေးခဲ့ကြောင်းလည်း KNUက အသိပေးသည်။

စစ်ကောင်စီအတွက် ဝင်ငွေအခွန်ဘဏ္ဍာများစွာ အဓိကရရှိခဲ့သည့် ကရင်ပြည်နယ် မြဝတီမြို့နှင့် ကုန်သွယ်ရေးလမ်းကြောင်း ကော့ကရိတ် – မြဝတီ အာရှလမ်းမကြီးအား ပြန်လည်ထိန်းချုပ်နိုင်ရန် လက်နက်အင်အား၊ လူအင်အားတောင့်တင်းခိုင်မာစွာဖြင့် နိုင်ငံတော်အဆင့်ရှိသော အောင်ဇေယျ စစ်ဆင်ရေးအမည်ဖြင့် ထိုးစစ်ဆင်လျက်ရှိသော်လည်း စစ်ဆင်ရေးအောင်နိုင်ခြင်းမရှိဘဲ အရှုံးများနှင့်သာ ရင်ဆိုင်နေရဟု KNUက ထုတ်ပြန်သည်။

စစ်ကောင်စီတပ်၏ နိုင်ငံတော်အဆင့်ရှိ အောင်ဇေယျစစ်ကြောင်းသည် ထိုင်း – မြန်မာနယ်စပ် မြဝတီမြို့သို့ ရောက်ရှိနိုင်ခြင်းမရှိတော့သလို အာရှလမ်းမကြီးကိုလည်း ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘဲ KNLAဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ အထပ်ထပ်သော ပိတ်ဆို့ တိုက်ခိုက်မှုများကြောင့် နေ့စဥ်နှင့်အမျှ သေဆုံး၊ ဒဏ်ရာရှိခဲ့ကြောင်း ဖော်ပြသည်။

ထို့ပြင် လူအင်အား၊ လက်နက်အင်အားများ လျှော့နည်းလာသည်သာမက စားနပ်ရိက္ခာများလည်း ပြတ်လပ်နေကြောင်း၊ KNLA ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ နေရာအနံ့ အထပ်ထပ်သော ပိတ်ဆို့မှုများ ကြောင့် ၎င်းတို့အတွက် လက်နက်ခဲယမ်း နှင့် စားနပ်ရိက္ခာများအတွက် မြေပြင်မှပို့ဆောင်ပေးရန် လမ်းကြောင်း မရှိတော့၍ ဝေဟင်မှ လေယာဥ်များနှင့်သာ ရိက္ခာထုပ်များအား သွားရောက်ချပေး နေရကြောင်း KNUက ထုတ်ပြန်သည်။

ထိုသို ရိက္ခာထုပ်များအား ပို့ဆောင်ပေးနေသော်လည်း ၎င်းတို့ရရှိလာသော ရိက္ခာခြောက်များကို အရာရှိ အဆင့်ရှိသူများသာ စားသောက်ခဲ့ရပြီး အောက်ခြေမှ လက်အောက်ငယ်သား စစ်သည်များမှာ စားသောက်ခွင့်မရှိဘဲ ခေါက်ဆွဲခြောက် (မာမား) တစ်ထုပ်လျှင် စစ်သည် (၃) ဦးဖြင့် မျှဝေ စားနေကြရကြောင်း၊ ရှေ့တန်းမြေပြင်မှ ထိုအခြေနေများကြောင့် စစ်သည်များသည် စိတ်ဓာတ်ခွန်အား၊ ကိုယ်ခံအား စသဖြင့်များ ပျက်ပြားလာခဲ့ကြပြီး နေ့စဥ်နှင့်အမျှ လက်နက်ခဲယမ်းနှင့်အတူ အလံဖြူထောင်သူများ နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များထံသို့ ထွက်ပြေးခိုလှုံလာသူများ ရှိလာကြောင်း ဖော်ပြထားသည်။

ဒေါနတောင်ပေါ်ရှိ စစ်ကောင်စီ​၏ အောင်ဇေယျစစ်ကြောင်း​နှင့် KNLA၊PDFနှင့် ပူးပေါင်းစစ်ကြောင်းများ ယမန်နေ့ ဒီဇင်ဘာ၃၀ရက်က တိုက်ပွဲဖြစ်ပွားရာ အောင်ဇေယျစစ်ကြောင်း​ထိခိုက်မှုရှိပြီး လက်နက်များသိမ်းရခဲ့သည်ဟု ကော်ဘရာစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။