Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်သို့ ဦးတည်စစ်ရေးဖော်ဆောင်မည့် တပ်ရင်းများသို့ NUGဝန်ကြီးချုပ် သွားရောက်အားပေး

ရဲဘော်များအား အားပေးစကားများပြောကြားပြီး လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများကို ပေးအပ်ခဲ့ကြောင်းလည်း အသိပေးသည်။

ဓာတ်ပုံ - NUG ဝန်ကြီးချုပ်ရုံး
ဓာတ်ပုံ - NUG ဝန်ကြီးချုပ်ရုံး

ဟန်နွေ/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရန်ကုန် တပ်ရင်းများ၊ရန်ကုန်တိုင်း ပကဖတို့အား သွားရောက် တွေ့ဆုံအားပေးခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်၏ ဖေစ်ဘွတ်ခ်စာမျက်နှာတွင် ယနေ့ ဇန်နဝါရီ ၁ရက်၌ ထုတ်ပြန်အသိပေးသည်။

ရန်ကုန်တပ်ရင်းများဖြစ်သော တပ်ရင်း(၅၁၀၁)၊ တပ်ရင်း(၅၁၀၂)နှင့် ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တိုက်ခိုက်ရေးတပ်ဖွဲ့ (၄) တို့မှ ရဲဘော်များအား တွေ့ဆုံအားပေးခဲ့ကြောင်း ဖော်ပြထားပြီး သွားရောက်သည့်နေ့ရက်နှင့် နေရာဒေသကို ဖော်ပြမထားပေ။

ဓာတ်ပုံ - NUG ဝန်ကြီးချုပ်ရုံး
ဓာတ်ပုံ – NUG ဝန်ကြီးချုပ်ရုံး

ရဲဘော်များအား အားပေးစကားများပြောကြားပြီး လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများကို ပေးအပ်ခဲ့ကြောင်းလည်း အသိပေးသည်။

Public Service Announcement

Public Service Announcement

အဆိုပါ တပ်ရင်းတပ်ဖွဲ့များသည် ရန်ကုန်မြို့သို့ ဦးတည်သော စစ်ရေးဖော်ဆောင်မှုများတွင် အဓိကကျသည့် အခန်းကဏ္ဍများတွင် ပါဝင် ဆောင်ရွက်ကြမည့် တပ်ရင်းတပ်ဖွဲ့များဖြစ်ကြောင်း ထုတ်ပြန်သည်။

ဓာတ်ပုံ - NUG ဝန်ကြီးချုပ်ရုံး
ဓာတ်ပုံ – NUG ဝန်ကြီးချုပ်ရုံး

တွေ့ဆုံမှု ခရီးစဉ်တွင် ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အတူ အလုပ်သမားရေးရာဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်နီ၊ ပြည်ထောင်စုဝန်ကြီးချုပ်၏ ကိုယ်ရေးအရာရှိ ကိုနောင်ရိုး၊ ဝန်ကြီးချုပ်ရုံးအမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာ၊ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်၊ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ဒုစစ်ရေးချုပ် ဒေါက်တာယင်းမာ၊ တောင်ပိုင်းစစ်ဒေသ၊ ဒုစစ်ဒေသမှူး(၂)ရဲဘော်စောရှား၊ ရန်ကုန်ပကဖတာဝန်ခံ၊ မွန်ပကဖတာဝန်ခံ တို့လည်း လိုက်ပါခဲ့ကြောင်း ဖော်ပြသည်။

ပြည်ထောင်စုဝန်ကြီးချုပ်သည် PDFသင်တန်းကျောင်းများသို့ သွားရောက်ပြီး PDFများအဖြစ် တော်လှန်ရေး၌ ပါဝင်လာကြသည့် လူငယ်များကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်ဟုဒီဇင်ဘာ ၃၁ရက်က သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ - NUG ဝန်ကြီးချုပ်ရုံး
ဓာတ်ပုံ – NUG ဝန်ကြီးချုပ်ရုံး

စစ်အာဏာရှင်များကြောင့် အောက်ကျနောက်ကျ ဖြစ်နေသည့် နိုင်ငံတော်ကို ပြန်လည်ထူထောင် တည်ဆောက်ရာတွင် လူငယ်များ၏ အားဖြင့် ဆောင်ရွက်ရမည်ဖြစ်၍ ရဲဘော်အချင်းချင်း အပြန်အလှန် စောင့်ရှောက်ကြရင်း စစ်ရေး ရည်မှန်းချက်များ အောင်မြင်အောင် ဆောင်ရွက် ရန်လည်း ဝန်ကြီးချုပ်က PDF သင်တန်းကျောင်းများသို့ သွားရောက်စဉ် ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်အနေဖြင့် မည်သည့် နေရာဒေသသို့ သွားရောက်သည်ကို ဖော်ပြမထားသော်လည်း ဝန်ကြီးချုပ်၏ ခရီးစဉ်တွင် ကရင်၊ မွန်၊ တနင်္သာရီ ၊ ပဲခူး နယ်မြေများပါဝင်စုဖွဲ့ထားသည့် PDF တောင်ပိုင်းစစ်ဒေသမှ တပ်မှူးများလိုက်ပါခဲ့ကြသည်ကို တွေ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်(Chinland)အစိုးရ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဆေးရုံ၊ ဆေးခန်းများတွင်တာဝန်ထမ်းဆောင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ကျန်းမာရေးဝန်ကြီးဌာနက ကျန်းမာရေးဝန်ထမ်းများ ခေါ်ယူနေသည်ဟု ထုတ်ပြန်သည်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း မဟာမိတ်အင်အားစုများနှင့် နိုင်ငံရေးဆိုင်ရာသဘောတူညီချက်အချို့ ရယူနိုင်ခဲ့ပြီး ယုံကြည်မှုတည်ဆောက်ရေးပိုင်းတွင်လည်း တိုးတက်မှုများစွာရှိခဲ့ကြောင်း ဝန်ကြီးချုပ်ရုံးပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ သယံဇာတစီမံအုပ်ချုပ်မှုမြို့နယ်အဖွဲ့ အတွင်းရေးမှူး ဦးအရိန္ဒမာ လုပ်ကြံသတ်ဖြတ်ခံရမှု အမှုမှန်ပေါ်ပေါက်စေရန်နှင့် အမိန့်ပေးစေခိုင်းသူများ၊ ကျူးလွန်သူများကို ဖော်ထုတ်အရေးယူနိုင်ရေး ဆောက်ရွက်နေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ပြည်ထောင်စုအဆင့်သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့(MONREC)က ထုတ်ပြန်သည်။

သတင်း

ပြည်ထောင်စုဝန်ကြီးချုပ်သည် PDFသင်တန်းကျောင်းများသို့ သွားရောက်ပြီး PDFများအဖြစ် တော်လှန်ရေး၌ ပါဝင်လာကြသည့် လူငယ်များကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်ဟု ဒီဇင်ဘာ ၃၁ရက်က ထုတ်ပြန်ထားသည်။

Facebook