Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်သို့ ဦးတည်စစ်ရေးဖော်ဆောင်မည့် တပ်ရင်းများသို့ NUGဝန်ကြီးချုပ် သွားရောက်အားပေး

ရဲဘော်များအား အားပေးစကားများပြောကြားပြီး လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများကို ပေးအပ်ခဲ့ကြောင်းလည်း အသိပေးသည်။

ဓာတ်ပုံ - NUG ဝန်ကြီးချုပ်ရုံး
ဓာတ်ပုံ - NUG ဝန်ကြီးချုပ်ရုံး

ဟန်နွေ/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရန်ကုန် တပ်ရင်းများ၊ရန်ကုန်တိုင်း ပကဖတို့အား သွားရောက် တွေ့ဆုံအားပေးခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်၏ ဖေစ်ဘွတ်ခ်စာမျက်နှာတွင် ယနေ့ ဇန်နဝါရီ ၁ရက်၌ ထုတ်ပြန်အသိပေးသည်။

ရန်ကုန်တပ်ရင်းများဖြစ်သော တပ်ရင်း(၅၁၀၁)၊ တပ်ရင်း(၅၁၀၂)နှင့် ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တိုက်ခိုက်ရေးတပ်ဖွဲ့ (၄) တို့မှ ရဲဘော်များအား တွေ့ဆုံအားပေးခဲ့ကြောင်း ဖော်ပြထားပြီး သွားရောက်သည့်နေ့ရက်နှင့် နေရာဒေသကို ဖော်ပြမထားပေ။

ဓာတ်ပုံ - NUG ဝန်ကြီးချုပ်ရုံး
ဓာတ်ပုံ – NUG ဝန်ကြီးချုပ်ရုံး

ရဲဘော်များအား အားပေးစကားများပြောကြားပြီး လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများကို ပေးအပ်ခဲ့ကြောင်းလည်း အသိပေးသည်။

Public Service Announcement

Public Service Announcement

အဆိုပါ တပ်ရင်းတပ်ဖွဲ့များသည် ရန်ကုန်မြို့သို့ ဦးတည်သော စစ်ရေးဖော်ဆောင်မှုများတွင် အဓိကကျသည့် အခန်းကဏ္ဍများတွင် ပါဝင် ဆောင်ရွက်ကြမည့် တပ်ရင်းတပ်ဖွဲ့များဖြစ်ကြောင်း ထုတ်ပြန်သည်။

ဓာတ်ပုံ - NUG ဝန်ကြီးချုပ်ရုံး
ဓာတ်ပုံ – NUG ဝန်ကြီးချုပ်ရုံး

တွေ့ဆုံမှု ခရီးစဉ်တွင် ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အတူ အလုပ်သမားရေးရာဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်နီ၊ ပြည်ထောင်စုဝန်ကြီးချုပ်၏ ကိုယ်ရေးအရာရှိ ကိုနောင်ရိုး၊ ဝန်ကြီးချုပ်ရုံးအမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာ၊ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်၊ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ဒုစစ်ရေးချုပ် ဒေါက်တာယင်းမာ၊ တောင်ပိုင်းစစ်ဒေသ၊ ဒုစစ်ဒေသမှူး(၂)ရဲဘော်စောရှား၊ ရန်ကုန်ပကဖတာဝန်ခံ၊ မွန်ပကဖတာဝန်ခံ တို့လည်း လိုက်ပါခဲ့ကြောင်း ဖော်ပြသည်။

ပြည်ထောင်စုဝန်ကြီးချုပ်သည် PDFသင်တန်းကျောင်းများသို့ သွားရောက်ပြီး PDFများအဖြစ် တော်လှန်ရေး၌ ပါဝင်လာကြသည့် လူငယ်များကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်ဟုဒီဇင်ဘာ ၃၁ရက်က သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ - NUG ဝန်ကြီးချုပ်ရုံး
ဓာတ်ပုံ – NUG ဝန်ကြီးချုပ်ရုံး

စစ်အာဏာရှင်များကြောင့် အောက်ကျနောက်ကျ ဖြစ်နေသည့် နိုင်ငံတော်ကို ပြန်လည်ထူထောင် တည်ဆောက်ရာတွင် လူငယ်များ၏ အားဖြင့် ဆောင်ရွက်ရမည်ဖြစ်၍ ရဲဘော်အချင်းချင်း အပြန်အလှန် စောင့်ရှောက်ကြရင်း စစ်ရေး ရည်မှန်းချက်များ အောင်မြင်အောင် ဆောင်ရွက် ရန်လည်း ဝန်ကြီးချုပ်က PDF သင်တန်းကျောင်းများသို့ သွားရောက်စဉ် ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်အနေဖြင့် မည်သည့် နေရာဒေသသို့ သွားရောက်သည်ကို ဖော်ပြမထားသော်လည်း ဝန်ကြီးချုပ်၏ ခရီးစဉ်တွင် ကရင်၊ မွန်၊ တနင်္သာရီ ၊ ပဲခူး နယ်မြေများပါဝင်စုဖွဲ့ထားသည့် PDF တောင်ပိုင်းစစ်ဒေသမှ တပ်မှူးများလိုက်ပါခဲ့ကြသည်ကို တွေ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။