Connect with us

Hi, what are you looking for?

သတင်း

အနန်းကွင်းဗျူဟာ စစ်ကူတပ်တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၃၀ကျော်သေ၊ လက်နက်များရဟု နဂါးနီစစ်ကြောင်း အသိပေး

အနန်းကွင်းဗျူဟာ၌ အင်အား ၂၀၀ ကျော်ကျန်ရှိနေပြီး ဆက်လက်ပိတ်ဆို့တိုက်ခိုက်နေဟုဆို

အနန်းကွင်းဗျူဟာ စစ်ကူတပ်တိုက်ခိုက်မှုအတွင်း သိမ်းရသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - နဂါးနီစစ်ကြောင်း

ဟန်နွေ/People’s Spring

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းကျေးရွာရှိ စစ်ကောင်စီ၏ အနန်းကွင်းဗျူဟာစခန်းအတွင်း ရန်သူ့အင်အား ၂၀၀ကျော် ရှိနေပြီး တော်လှန်ရေး ပူးပေါင်းတပ်မှ ဆက်လက်ပိတ်ဆို့ တိုက်ခိုက်နေဆဲဖြစ်ကြောင်း တိုက်ပွဲဝင် စစ်ကြောင်းတစ်ခုဖြစ်သည့် နဂါးနီစစ်ကြောင်းက ယနေ့ (ဇန်နဝါရီ ၅ရက်)တွင် အသိပေးထုတ်ပြန်သည်။

သံဖြူဇရပ်-ဘုရားသုံးဆူလမ်းပိုင်းရှိ အနန်းကွင်းဗျူဟာတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်များက ၂၀၂၄ နွေကာလကတည်းက ပိတ်ဆို့တိုက်ခိုက်နေခြင်းဖြစ်ရာ စစ်ကောင်စီက မြေပြင်စစ်ကူပို့ရန် အခက်ကြုံနေရပြီး စစ်ကူစစ်ကြောင်းများ တိုက်ခိုက်ခံရပြီး အထိနာလျက်ရှိသည်။

၂၀၂၄ ဒီဇင်ဘာ ၃၀ရက်တွင် အနန်းကွင်းဗျူဟာစခန်းသို့ စစ်ကူလာသော တပ်မ(၄၄) လက်အောက်ခံ ခမရ(၂)၊ ခလရ(၂) ဗျူဟာမှူးဦးစီး အင်အား ၁၅၀ ကျော်စစ်ကြောင်း အား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)တပ်ဖွဲ့များ၊ နဂါးနီစစ်ကြောင်း(RDC)နှင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF)တို့မှ ပိတ်ဆို့တိုက်ခိုက်ခဲ့ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

ဒီဇင်ဘာ ၃၀ရက်နှင့် ၃၁ရက် ၂ရက်ကြာတိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ် အထိနာ၍ ဆုတ်ခွာသွားသည်ဟု ဆိုသည်။

တော်လှန်ရေးတပ်များ၏ ပိတ်ဆို့မှုအားဖောက်ထွက်နိုင်ရန် လက်နက်ကြီး လေကြောင်းပစ်ကူ ရယူပြီး စစ်ကောင်စီတပ်က ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။ အမှတ်(၄)တန်းမြှင့်လေ့ကျင့်ရေးကျောင်းမှ ၁၅၅ မမ ပစ်ကူများ၊ Jet Fighter(၂)စီးဖြင့် လေးကြိမ်၊ Y 12 လေယာဉ်ဖြင့် ဗုံးသီးများ၊ ဗျူဟာစခန်းအတွင်းမှ ၈၁ မမ ပစ်ကူများ အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

ဇန်နဝါရီ ၂ရက်တွင်လည်း တိုက်ပွဲဆက်လက်ဖြစ်ခဲံရာ စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီး ပစ်ကူ အများအပြား ထပ်မံအသုံးပြု တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲများအတွင်း ရန်သူ့စစ်ကြောင်းထံမှ လက်နက်ငယ်လက် သိမ်းဆည်းရရှိခဲ့ပြီး စစ်ကောင်စီတပ်၃၄ဦး သေဆုံးပြီး ၅၀ခန့် ဒဏ်ရာရခဲ့ကြောင်း နဂါးနီစစ်ကြောင်းက ထုတ်ပြန်သည်။

အနန်းကွင်းဗျူဟာကို တော်လှန်ရေး ပူးပေါင်းတပ်များက ၀ိုင်းရံပိတ်ဆို့ထားရာတွင် ဒရုန်းတိုက်ခိုက်မှု အပါအဝင် တိုက်ပွဲငယ်များ နေ့စဉ်နီးပါးရှိခဲ့ကြောင်း နဂါးနီစစ်ကြောင်း စစ်ကြောင်းမှူး ကိုဟိန်းက ယခင်က အသိပေးထားသည်။

အဆိုပါတိုက်ပွဲနှင့်ပတ်သက်ပြီး အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF)တပ်မှူး ကိုအောင်စံရှားထံ လူထုနွေဦးက ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

စစ်ကောင်စီအနေဖြင့် မြေပြင်စစ်ကူ ပို့မရ၍ လေကြောင်းမှ ရိက္ခာခဲယမ်းများ ချပေးနေရသည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

၂၀၂၅နှစ်သစ်​၏ ပထမနှစ်ပတ်အတွင်း စစ်ကောင်စီတပ်မှ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်းများထံ အလင်းဝင်သူ ၂၉ဦးရှိကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၃ရက်တွင် သတင်းထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီတပ်၏ ဘုတ်ပြင်းမြို့နယ်အခြေစိုက် ခမရ(၅၅၉)တပ်ရင်းမှ တပ်သားသစ် ၂ဦးသည် လက်နက်များယူဆောင်ကာ အလင်းဝင်လာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဒေါနတပ်ရင်းက ထုတ်ပြန်သည်။

သတင်း

ကချင်ပြည်နယ်၊ မံစီမြို့ရှိ စစ်ကောင်စီတပ်ရင်းဌာနချုပ်များမှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများအား ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က လိုက်လံတိုက်ခိုက်ရာ အများအပြား ထပ်မံသေဆုံးခဲ့ဟု စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

သတင်း

ကျန်စစ်ကောင်စီတပ်သားများ လာရောက် ပူးပေါင်းရန် PDF တောင်ပိုင်းစစ်ဒေသ ဖိတ်ခေါ်