Connect with us

Hi, what are you looking for?

သတင်း

ရွှေသောင်ယံတွင် စစ်ကောင်စီတပ်အချင်းချင်း တိုက်ပွဲဖြစ်

ရခိုင်ပြည်နယ်၊ ဂွမြို့မှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင့် ရွှေ‌သောင်ယံမြို့နယ်မှ စစ်ကောင်စီတပ်ဖွဲ့များ ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းနယ်စပ် မကျီးဇင်ကျေးရွာ၌ တိုက်ပွဲဖြစ်ခဲ့ပြီးအချင်းချင်းပြန်လည်းဖမ်းဆီးမှုများဖြစ်ပွားခဲ့သည်။

စစ်​ကောင်စီတပ်ဖွဲ့ဝင်များ(ပုံ​ဟောင်း)

ကဖေး/People’s Spring

ရခိုင်ပြည်နယ်၊ ဂွမြို့မှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင့် ရွှေ‌သောင်ယံမြို့နယ်မှ စစ်ကောင်စီတပ်ဖွဲ့များ ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းနယ်စပ် မကျီးဇင်ကျေးရွာ၌ တိုက်ပွဲဖြစ်ခဲ့ပြီးအချင်းချင်းပြန်လည်းဖမ်းဆီးမှုများဖြစ်ပွားခဲ့သည်။

ရခိုင်ပြည်နယ် ဂွမြို့နှင့် ဧရာဝတီတိုင်း ရွှေ‌သောင်ယံမြို့နယ်စပ်အနီးရှိ မကျီးဇင်ကျေးရွာတွင် ဇန်နဝါရီလ၄ရက်နေ့၌ တိုက်ပွဲဖြစ်ခဲ့ပြီး အာရက္ခတပ်တော်(AA)နှင့်စစ်ကောင်စီတိုက်ပွဲဖြစ်ပွားခြင်းဟု သတင်းများထွက်ပေါ်ခဲ့သည်။

အမှန်တကယ်တွင် ဂွမြို့မှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ရွှေ‌သောင်ယံမြို့နယ်မှ စစ်ကောင်စီတပ်ဖွဲ့များက ပစ်ခတ်တားဆီးရာမှ အချင်းချင်းတိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်ဟု People’s Spring က စုံစမ်းသိရသည်။

Public Service Announcement

Public Service Announcement

ရွှေ​သောင်ယံနှင့် ဂွမြို့နယ်အနီးဝန်းကျင်ကို Google Earth တွင်​တွေ့ရမှု

“စစ်တပ်က အချင်းချင်းပစ်တာ။ သူတို့ချင်း ပစ်တဲ့အပြင်ဒေသခံတွေကိုပါ ရန်ရှာတယ်။ ဒေသခံတွေအကုန်ထွက်ပြေးရတယ်။ ရွာကဒေသခံတွေပိုင်ဆိုင်တဲ့ပစ္စည်းတွေကိုလည်း စစ်တပ်ကလုယူတာတွေရှိတယ်” ဟု People’s Spring ၏ သတင်းရင်းမြစ်ကပြောသည်။

စစ်ကောင်စီက အင်အား ၁၂၀၀ ခန့်ဖြင့် ခုခံခဲ့သည့် ဂွမြို့ကိုအာရက္ခတပ်တော်( AA)ကထိုးစစ်ဆင်ပြီး အပြီးသတ်သိမ်းပိုက်ရရှိကြောင်း ဒီဇင်ဘာလ၂၉ရက်နေ့တွင် ကြေညာခဲ့သည်။ဂွမြို့ ထိုးစစ်အစမှ အဆုံးအထိ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀၀ထက်မနည်း သေဆုံးနိုင်ကြောင်း မြေပြင်အလောင်းများ၊ ဖမ်းဆီးရမိသုံ့ပန်းများ၏ ထွက်ဆိုချက်၊ သိမ်းဆည်းရမိ စာရွက်စာတမ်းများအရ သိရှိရသည်ဟု AAက သတင်းထုတ်ပြန်ခဲ့သည်။

တိုက်ပွဲမှထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဧရာဝတီတိုင်းဘက်သို့ ဝင်ရောက်လာစဉ် ကြိုတင်ခံစစ်ပြင်ထား​သော စစ်သားများက တားဆီးခဲ့ပြီး ပစ်ခတ်ဖမ်းဆီးမှုများရှိနေသည်ဟု သတင်းရရှိသည်။

“သူတို့ဖမ်းထားတဲ့သူတွေကို ရွှေ သောင်ယံရိပ်သာမှာထားတာ။ လွတ်သွားတဲ့သူတွေကိုလိုက်ရှာရင်း ဒေသခံတွေရဲ့ အိမ်တွေကို ဖျက်ဆီးတာတွေလုပ်တယ်။ အိမ်ပေါ်တက်ပြီးဆန်အိတ်တွေကိုဓါးနဲ့ခွဲတယ်။ နွားလှည်းတွေကိုဖျက်ဆီးပစ်တယ်”ဟု အဆိုပါ ဖြစ်စဉ်ကိုသိရှိထားသူတစ်ဦးကပြောသည်။

ဂွမြို့နှင့် ရွှေသောင်ယံမြို့နယ်သည် ကျောက်ချွန်ရွာခြားလျက်တည်ရှိသည်။ ဂွမြို့ဘက်မှထွက်ပြေးလာသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရွှေသောင်ယံမြို့နယ် မကျီးဇင်အုပ်စုအတွင်း ပေါက်လှချိုင်၊ ကုလားချောင်း၊ ပေါက်တူးကွင်း၊ ချောင်းဝချိုင်ရွာတို့တွင် စစ်ကောင်စီကလိုက်လံရှာဖွေနေသည်။

ထို့အပြင် စစ်ကောင်စီသည် AAထိုးစစ်ကို ခုခံရန် ရွှေသောင်ယံမြို့တွင် ခံစစ်ပြင်ဆင်ထားကြောင်း သတင်းရရှိသည်။

ရွှေသောင်ယံမြို့နယ်သည် ပုသိမ်မြို့နယ်အတွင်းပါဝင်ပြီး ဘင်္ဂလားပင်လယ်အော်နှင့်ထိစပ်နေသည်။ လှပသည့်ကမ်းခြေရှိ၍ ရွှေသောင်ယံကမ်း‌ခြေအဖြစ်လူသိများသည်။ ရခိုင်-ဧရာဝတီကမ်းခြေပတ်လမ်းဖြတ်သွားသည့်မြို့နယ်လည်းဖြစ်သည်။ ၂၀၁၈ခုနှစ်က စစ်တပ် ကြည်း၊ရေ၊လေ ပူးပေါင်း စစ်‌‌ ရေးလေကျင့်မှု ပြုလုပ်ခဲ့သည့်ကမ်းခြေဖြစ်သည်။ ဂွမြို့နှင့် ကပ်လျက်ရှ်ိသော နေရာတွင် အင်အား ထောင်ချီသုံး၍ ကြည်း၊ရေ၊လေ ပူးပေါင်း စစ်‌‌ ရေးလေကျင့်ခဲ့သော်လည်း စစ်ကောင်စီသည် AA၏ ထိုးစစ်ကိုအရှုံးပေးခဲ့ရပြီး ဂွမြို့ကိုပါ လက်လွတ်ဆုံးရှုံးထားသည်။ထိုအပြင် အာရက္ခတပ်​​​တော် ဧရာဝတီတိုင်းဝင်လာမည်စိုး၍ခံစစ်ပြင်​နေရပြီဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။