Connect with us

Hi, what are you looking for?

သတင်း

ဆိုက်ဘာလုံခြုံရေးဥပဒေ​ကြောင့် ပြည်တွင်းအခြေစိုက် နိုင်ငံခြား ကုမ္ပဏီတွေ စိုးရိမ်နေ

VPN အသုံးပြုမှုတွေကို ပြစ်ဒဏ်ချမှတ်နိုင်တာ အပါအဝင် အွန်လိုင်း အသုံးပြုမှုတွေနဲ့ ပတ်သက်လို့ နည်းလမ်းမျိုးစုံနဲ့ ဖိနှိပ်နိုင်တဲ့ ဆိုက်ဘာ လုံခြုံရေး ဥပဒေကို အာဏာသိမ်း စစ်ကောင်စီက ပြဋ္ဌာန်းလိုက်တဲ့နောက် ပြည်တွင်း အခြေစိုက် နိုင်ငံခြား ကုမ္ပဏီတွေအတွက် အကျပ်ရိုက်စရာ ဖြစ်လာပါတယ်။

Freedom House ရဲ့ သတ်မှတ်ချက်အရ စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းအင်တာနက်လွတ်လပ်ခွင့်လုံးဝမရှိတဲ့ မြန်မာနိုင်ငံဟာ ဇန်နဝါရီ ၁ ရက်မှာစတင်တဲ့ ဆိုက်ဘာဥပ​ဒေ​ကြောင့် အင်တာနက်လွတ်လပ်ခွင့်အ​ခြေအ​နေဟာပိုဆိုးလာမှာဖြစ်ပါတယ်

VPN အသုံးပြုမှုတွေကို ပြစ်ဒဏ်ချမှတ်နိုင်တာ အပါအဝင် အွန်လိုင်း အသုံးပြုမှုတွေနဲ့ ပတ်သက်လို့ နည်းလမ်းမျိုးစုံနဲ့ ဖိနှိပ်နိုင်တဲ့ ဆိုက်ဘာ လုံခြုံရေး ဥပဒေကို အာဏာသိမ်း စစ်ကောင်စီက ပြဋ္ဌာန်းလိုက်တဲ့နောက် ပြည်တွင်း အခြေစိုက် နိုင်ငံခြား ကုမ္ပဏီတွေအတွက် အကျပ်ရိုက်စရာ ဖြစ်လာပါတယ်။

ဇန်နဝါရီ ၁ ရက်နေ့မှာ စတင် အသက်ဝင်တဲ့ ဥပဒေက ပြည်သူလူထုအတွက် မသင့်တော်ဘူးလို့ ယူဆရတဲ့ သတင်းမျိုးတွေ ဖြန့်ဝေသူတွေကိုပါ ပြစ်မှုထင်ရှားတယ်လို့ သတ်မှတ် အရေးယူနိုင်ကြောင်း ပြဋ္ဌာန်းထားပြီး ထောင်ဒဏ် ၆ လထိ ပြစ်ဒဏ်မျိုး ချမှတ်နိုင်တယ်လို့ ဆိုပါတယ်။

VPNအသုံးပြုမှုတွေကိုလည်း ပစ်မှတ်ထား ဖြိုခွင်းဖို့ ရည်ရွယ်ထားတဲ့ အဲဒီ ဥပဒေကြောင့် နိုင်ငံသားတွေရော၊ နိုင်ငံခြားသားတွေပါ စိုးရိမ်မှုတွေ ရှိနေတယ်လို့ Nikkei သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ အာဏာသိမ်း စစ်ကောင်စီဟာ လူမှုကွန်ရက် မီဒီယာတွေ အသုံးပြုမှုကို ပိတ်ပင်ထားတာကြောင့် လူထုကြားမှာ VPN အမျိုးမျိုးကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေရပြီး အခုလို ဥပဒေမျိုး ပြဋ္ဌာန်းလိုက်ခြင်းက စိတ်ပူစရာ အခြေအနေတွေ ဖြစ်လာပါတယ်။

ပြစ်မှုအဖြစ် သတ်မှတ်ချဲ့ အချက်အလက်အလိုက် ဘယ်လို ပြစ်ဒဏ်တွေ ခွဲခြား သတ်မှတ်ထားသလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရပေမယ့် ယေဘုယျ အနေနဲ့ကတော့ အမြင့်ဆုံး ထောင်ဒဏ် ၂ နှစ်ထိ ချမှတ်နိုင်ခြေမျိုး ရှိနေပါတယ်။ ဒါပေမဲ့ ဥပဒေမှာ VPN သုံးစွဲမှုတွေထက် VPN အထောက်အပံ့ ပေးမှုတွေက ခွင့်ပြုချက် လိုအပ်တယ် ဆိုတာမျိုး ပြဋ္ဌာန်းထားပြီး တစ်နည်းအားဖြင့် ခွင့်ပြုချက် မရဘဲ VPN အထောက်အပံ့ ပေးခြင်းဟာ ထောင်ဒဏ်၊ ဒါမှမဟုတ် ငွေဒဏ် ကျခံရမယ့် သဘော ဖြစ်နေပါတယ်။

Public Service Announcement

Public Service Announcement

ဥပဒေထဲမှာ VPN ဆိုတာမျိုးကို သတ်သတ်မှတ်မှတ် ဖော်ပြမထားဘဲ ခွင့်ပြုချက်မဲ့ softwareတွေလို့ ပြဋ္ဌာန်းထားကြောင်း၊ ဒါပေမဲ့ VPNတွေကို အဲဒီသတ်မှတ်ချက်ထဲ ထည့်သွင်းပြီး အရေးယူမယ် ဆိုရင်လည်း အံ့ဩစရာ မဟုတ်ကြောင်း ရန်ကုန်မှာ နေထိုင်တဲ့ ရှေ့နေ တစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီရဲ့ အရာရှိ တစ်ဦးကတော့ VPN အသုံးပြုမှုတွေဟာ နိုင်ငံလုံခြုံရေးကို ထိပါးလာပြီလို့ မယူဆမချင်း သုံးစွဲသူတွေကို ဖမ်းဆီး အရေးယူမှာ မဟုတ်ဘူးလို့ Nikkeiကို ပြောကြားထားခဲ့ပါတယ်။

နောက်ပြီး အခုဥပဒေကို ပြဋ္ဌာန်းလိုက်ခြင်းနဲ့အတူ စစ်ကောင်စီဟာ ဆက်သွယ်ရေး ကုမ္ပဏီတွေကို ပိုပြီး ထဲထဲဝင်ဝင် စွက်ဖက်လာနိုင်တယ်ဆိုတဲ့ ထောက်ပြမှုတွေလည်း ရှိနေပါတယ်။ အဲဒီလုပ်ရပ်တွေထဲမှာ သုံးစွဲသူတွေရဲ့ အချက်အလက်တွေနဲ့ မှတ်တမ်းတွေကို အတင်းအကျပ် တောင်းယူတာမျိုးတွေ ပါဝင်လာနိုင်ပြီး မြန်မာနိုင်ငံမှာရှိတဲ့ မိုဘိုင်း အော်ပရေတာ ကုမ္ပဏီတွေနဲ့ ဖက်စပ် လုပ်ကိုင်နေတဲ့ နိုင်ငံခြား ကုမ္ပဏီတွေအတွက် ခေါင်းခဲစရာ ဖြစ်လာပါတယ်။

၂၀၂၁ ခုနှစ်မှာ စစ်တပ် အာဏာသိမ်းပြီး ကတည်းက ဆိုက်ဘာလုံခြုံရေး ဥပဒေ ပြဋ္ဌာန်းရေးကို အကြိမ်ကြိမ် စီစဉ်ခဲ့ပေမယ့် ဆက်သွယ်ရေး ဝန်ဆောင်မှု ကုမ္ပ္ပဏီတွေနဲ့ နိုင်ငံတကာ အသိုက်အဝန်းရဲ့ ကန့်ကွက်မှုတွေကြောင့် ကြန့်ကြာနေခဲ့တာပါ။ မေလကစပြီး စစ်ကောင်စီဟာ VPN software တော်တော်များများကို ပိတ်ပင်ခဲ့တာကြောင့် ပြည်တွင်းမှာ အင်တာနက် ချိတ်ဆက်မှုတွေနဲ့ ပတ်သက်လို့ အခက်အခဲတွေ ရှုပ်ထွေးမှုတွေလည်း ကြုံတွေ့လာခဲ့ပါတယ်။

ကိုးကား- Nikkei

ဆက်စပ်သတင်းများ

သတင်း

ပြည်တွင်းမှာ လူသုံးများတဲ့ ဖေ့ဘွတ်ခ်ကိုစစ်ကောင်စီက ပိတ်ပင်ထားပြီးနောက် လူထုက ဖေ့ဘွတ်ခ်သုံးရာမှာ VPN ကိုကြားခံ အသုံးပြုနေရပါတယ်။

ဆောင်းပါး

စစ်​အုပ်စုသည်အာဏာသိမ်းသည့် ​ဖေ​ဖော်ဝါရီ ၁ ရက်မနက်အ​စောတွင် ဖုန်းနှင့် အင်တာနက်လိုင်းများပိတ်၍ အာဏာသိမ်းခဲ့သည်။

သတင်း

စစ်ဆေးခံရမှုအတွင်း လက်ကိုင်ဖုန်းများတွင် VPN ဆော့ဝဲလ်ထည့်သွင်းထား၍ ဖုန်းသိမ်း ဆည်းခံရသည့် ပြည်သူအများအပြားရှိပြီး အချို့မှာ ငွေကြေးတန်ဖိုးတစ်ခုဖြင့် ပြန်လည်ရွေးယူရသည်များလည်းရှိနေကြောင်း ၎င်းက ဆက်ပြောသည်။

သတင်း

ကိုယ်တိုင်ကြုံခဲ့ရသူတွေရဲ့ပြောပြချက်အရ ချမ်းအေးသာစံမြို့နယ် ၊ ချမ်းမြသာစည်မြို့နယ် နဲ့ ပြည်ကြီးတံခွန်မြို့နယ်တွေအတွင်း စစ်ဆေးခဲ့တာလို့သိရပါတယ်။