Connect with us

Hi, what are you looking for?

သတင်း

ဆီဆိုင်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းကို ကရင်နီတပ်ပေါင်းစု သိမ်းပိုက်၊ ကလေးစစ်သားများအပါအဝင် ပအိုဝ်းပြည်သူ့စစ် PNOတပ်သား ၁၀ဦးခန့် လက်နက်များနှင့် ဖမ်းမိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ရွှေတစ်ဂူကျေရွာအနီးရှိ စစ်ကောင်စီတပ်စခန်းကို ကရင်နီတပ်ပေါင်းစုက သိမ်းပိုက်ရရှိပြီး ကလေးစစ်သားများအပါအဝင် ပအိုဝ်းပြည်သူ့စစ် PNOတပ်သား ၁၀ဦးခန့် လက်နက်များနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

ဆီဆိုင်မြို့နယ် ရွှေတစ်ဂူကျေရွာအနီးရှိ စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲမှ ဖမ်းမိသော ကလေးစစ်သားတစ်ဦးအား တွေ့ရစဉ်

ရဲခေါင်/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ရွှေတစ်ဂူကျေရွာအနီးရှိ စစ်ကောင်စီတပ်စခန်းကို ကရင်နီတပ်ပေါင်းစုက သိမ်းပိုက်ရရှိပြီး ကလေးစစ်သားများအပါအဝင် ပအိုဝ်းပြည်သူ့စစ် PNOတပ်သား ၁၀ဦးခန့် လက်နက်များနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

ယနေ့(ဇန်နဝါရီ ၉ ရက်) နံနက်ပိုင်းက စစ်ကောင်စီတပ်နှင့် PNO ပူးပေါင်းတပ် မှ အင်အား ၅၀ခန့်ရှိသည့် ရွှေတစ်ဂူတပ်စခန်းကို ကရင်နီတပ်ပေါင်းစုက တိုက်ခိုက်နိုင်ခဲ့ခြင်းဟု ဆိုသည်။

“၁၀ ယောက်လောက်မိတယ်။ကလေး စစ်သားတွေရော PNO တွေရောပါတယ်။လက်နက်က ၃၀ကျော်ရရှိတယ်”ဟု ကရင်နီတပ်ပေါင်းစု မှ ရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဆီဆိုင်မြို့ဒေသခံတစ်ဦးကလည်း “စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်တို့ထိုင်ထားတဲ့ စခန်း။ သေနတ် ၃၀ကျော်၊ ၄၀နီးပါးသိမ်းရတယ်။ သေတာကလည်း အဲ့လောက်ရှိတယ်။ အဖမ်းခံရတာလည်းများတယ်ပြောတယ်။ ကရင်နီတပ်ပေါင်းစုက လာသိမ်းတာ”ဟု ပြောသည်။

ထို့အတူ ဒီးမော့ဆိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ ဆေးဘက်ဆိုင်ရာတာဝန်ယူထားသူ Chillux May ကလည်း “အားရစရာကောင်းသော အောင်ပွဲ မြင်ကွင်းများနှင့်အတူနာကျင်ရပါသော မြင်ကွင်းများက နောက်က တွဲပါလျက်။စကားမစပ် စစ်သုံ့ပန်းမှာ လနတွေနဲ့(ခ)တွေအတူ ၁၃၊၁၄ နှစ်ကလေးတွေပါ မိတာ။ပေါတာဆွဲခြင်းသည် ဟာသမဟုတ်ကြောင်း အသိပေးချင်တာပါ။လွတ်အောင်ရှောင် ၊မရှောင်နိုင်ရင် ငါတို့နဲ့လက်တွဲကြပေါ့။ဒီကာလကြီးမှာ ရွေးချယ်စရာ သိပ်မရှိကြပါဘူး”ဟု ၎င်း၏ လူမှုကွန်ယက်စာမျက်နှာမှတဆင့် အသိပေးထားသည်။

ထို့အပြင် တိုက်ပွဲတွင် ကရင်နီပူးပေါင်းတပ်မှ ထိ ခိုက်ကျဆုံးသူအချို့ရှိကြောင်းလည်း သိရသည်။

“ကလေးစစ်သားအသုံးပြုမှုသည် နိုင်ငံတကာမှာ ပြင်း ပြင်းထန်ထန်တားမြစ်ထားပါတယ်။နောက်ပြီး ILO မှာဆို အဆိုးရွားဆုံးကလေးအသုံးချမှု အဖြစ် ပြဌာန်းထားတယ်။အဲဒီ ၁၃၊ ၁၄ ၊၁၅ ဆိုတာ အရမ်းကို နုနယ်သေးတဲ့အရွယ်ဖြစ်တယ်။မိဘနဲ့ဝေးရာအရပ် အရမ်းကို အသက်အန္တရာယ်များတဲ့နေရာမှာ စေခိုင်းတယ်ဆိုတာ အရမ်းကို အဆိုးရွားဆုံးကလေးလုပ်သားစေခိုင်း ခြင်း ဒါမှမဟုတ် လူ့အခွင့်အရေးချိုးဖောက်တာဖြစ်တယ်လို့ ပြောလို့ရပါတယ်”ဟု စစ်ကောင်စီ၏ ကလေးစစ်သားအသုံးပြုမှုအပေါ် ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဦးဗညား ကလူထုနွေဦးသို့ပြောသည်။

ကရင်နီတပ်​ပေါင်းစုကမူ ယနေ့ တိုက်ပွဲနှင့်ပတ်သက်၍ မှတ်ချက်တစ်စုံတစ်ရာမပေးသေးပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သည် သံဃာတော်များလိုက်ပါလာသည့် ကားအားပစ်ခတ်ပြီး PDFနှင့် KNDFတို့က လုပ်ဆောင်သည်ဟု ဝါဒဖြန့်နေကြောင်း PNLAပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

သတင်း

လွိုင်ကော် - ဆီဆိုင်လမ်းပိုင်းကို ထိန်းချုပ်ရန်ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်သည် နိုဝင်ဘာ ၂၀ ရက်က ဆီဆိုင်မြို့နယ် တိုက်ပွဲအတွင်း PNLAတပ်၏ တိုက်ခိုက်မှုကို ခံခဲ့ရခြင်းဖြစ်သည်။

သတင်း

ဖားဆောင်းနှင့် ဘောလခဲမြို့နယ်ကြားရှိ စစ်ကောင်စီ​၏ ထူးချောင်း(ပွန်းချောင်း)တပ်စခန်းကုန်းကို ကရင်နီတပ်ပေါင်းစုက ယမန်နေ့ နံနက်တွင် သိမ်းပိုက်ရရှိခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့ရှိ စစ်ကောင်စီတပ် ကာကင်းစခန်းအချို့နှင့် ကချင်ပြည်နယ် ပန်ဝါဒေသရှိ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်စခန်း အချို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ယနေ့ သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။