Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲနဲ့ လွိုင်ကော်က စစ်တပ်ကာကင်းစခန်းတွေကို ကရင်နီတပ်ပေါင်းစု ထိုးစစ်ဆင်တိုက်ခိုက်ရာ သုံးပန်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းရ

ရှမ်း-ကရင်နီပြည်နယ်စပ် မိုးဗြဲနဲ့ လွိုင်ကော်မြို့နယ်က စစ်တပ်ကာကင်းစခန်းတွေကို ကရင်နီတပ်ပေါင်းစုက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းတွေနဲ့ သုံ့ပန်းတချို့ ဖမ်းဆီးရရှိတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

(တိုက်ပွဲအတွင်း ဖမ်းမိတဲ့ သုံ့ပန်းနဲ့ သိမ်းရတဲ့ လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ - CJ)

ဇွန် -၂၉၊၂၀၂၆။ဇော်၀င်း/People’s Spring

ရှမ်း-ကရင်နီပြည်နယ်စပ် မိုးဗြဲနဲ့ လွိုင်ကော်မြို့နယ်က စစ်တပ်ကာကင်းစခန်းတွေကို ကရင်နီတပ်ပေါင်းစုက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းတွေနဲ့ သုံ့ပန်းတချို့ ဖမ်းဆီးရရှိတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

ဇွန်လ၂၈ရက် မနက် ၄ နာရီခွဲ၀န်းကျင်ကစပြီး ကရင်နီ JOC တော်လှန်ရေးတပ်ပေါင်းစုက လွိုင်ကော်- မိုးဗြဲမြို့နယ်ကြားက စစ်တပ်ကာကင်းစခန်းတွေကို နေ့လယ်ပိုင်းအထိ ထိုးစစ်ဆင်ခဲ့တယ်လို့ ဆိုပါတယ်။

“နယ်‌မြေစိုးမိုးမှုကို ခြေကုတ်ယူထားတာဖြစ်တဲ့အတွက်ပြန်လည်ခြေမှုန်းတာဖြစ်ပါတယ်”လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီကာကင်းစခန်းတွေဟာ ဒီးမော့ဆိုမြို့နယ်၊နန်းမယ်ခုံမြို့ကို ထိုးစစ်ဆင်ဖို့ စစ်တပ်က ပြင်ဆင်စုဖွဲ့ထားတဲ့နေရာတွေလို့ အသိပေးပါတယ်။

“မိုးဗြဲ နဲ့ ဘုရားဖြူမှာ တိုက်ပွဲဖြစ်တယ်။ ကာကင်းတချို့ကို ချေမုန်းနိုင်ခဲ့တယ်။ ရန်သူ့သေဆုံး ထိခိုက်မှု့များပြီး ဆုတ်ခွါသွားတယ်။ လက်နက်ခဲယမ်းတချို့သိမ်းဆည်းရမိတယ်။သုံ့ပန်းနှစ်ယောက်မိတယ်”လို့ ကရင်နီတပ်ပေါင်းစု တာ၀န်ရှိသူက ပြောပါတယ်။

ဒါ့အပြင် ကရင်နီတပ်ပေါင်းစုဘက်ကလည်း ထိခိုက်မှုတချို့ရတယ်လို့ သူက ဆက်ပြောပါတယ်။

“ကာမီကာဇေနဲ့ လက်နက်ကြီးတွေနဲ့ ပြန်တိုက်ခိုက်တာတွေရှိတယ်”လို့ ကာကင်းစခန်းတချို့သိမ်းခံရပြီး နောက်ဆက်တွဲအခြေအနေကို မိုးဗြဲ မြို့မှာရှိတဲ့ ရဲဘော်တစ်ဦးက ရှင်းပြပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်တယ်လီဂရမ် အကောင့် တချို့မှာတော့ ဝါရီဆူးပလိုင်း၊ ဘုရားဖြူ နဲ့ ဘုရားနီရွာအနီးမှာ တိုက်ပွဲ ဖြစ်နေတယ်လို့ မနေ့က နေ့လယ်ပိုင်းမှာ ဖြန့်ဝေထားပါတယ်။

“အခုတိုက်ပွဲက အားကောင်းတဲ့တပ်ပေါင်းစုထိုးစစ်ပါ။လဝ(လျှို့ဝှက်) တဲ့ စစ်ဆင်ရေးလည်းဖြစ်တယ်”လို့ ရှမ်း-ကရင်နီပူးပေါင်းတပ်ဖွဲ့၀င်တစ်ဦးက ‌ပြောပါတယ်။

မိုးဗြဲမြို့မှာရှိတဲ့ တော်လှန်ရေးတပ်တွေရဲ့ ရှေ့တန်းကင်းစခန်းနေရာကို ထိုးစစ်ဆင်လာတဲ့ စစ်တပ်နဲ့ မေလ ၁၃ ရက်နဲ့ ဇွန်လ ၁၉ ရက်တွေမှာ တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ အမှတ် (၁) စစ်ဒေသ – အယ်လ်ဖာဇုန် (မိုးဗြဲဇုန်)က ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်ထားပါတယ်။

အဲဒီ တိုက်ပွဲတွေမှာလည်း စစ်တပ်က ၁၉ ဦး၀န်းကျင် သေဆုံးပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေ အပါအဝင် ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းတချို့သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့ရှိ စစ်တပ်ရဲ့ အရေးပါတဲ့ တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဒီကနေ့ သိမ်းပိုက်ရရှိခဲ့တယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့က စစ်တပ် နေရာယူနေတဲ့ စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ ဒေသက စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စွဲထားတဲ့ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းဟာ စစ်ရေးအရ အရေးပါတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဟာ ၃ကြိမ်တိုင်ထိုးစစ်ဆင်ခဲ့ရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Facebook