Connect with us

Hi, what are you looking for?

သတင်း

တိဘက်ငလျင် ကယ်ဆယ်ရေး လုပ်ငန်းတွေ ရပ်ဆိုင်း၊ ပြန်လည်ထူထောင်ရေးကို အာရုံစိုက်ဖို့ စီစဉ်

တိဘက် ငလျင်ကြီးအပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေကို အဆုံးသတ်လိုက်ပြီးတဲ့နောက် အသက်ရှင် ကျန်ရစ်သူတွေအတွက် ပြန်လည် ထူထောင်ရေးကို အာရုံစိုက်သွားမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

တိဘက် ငလျင်ကြီးအပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေကို အဆုံးသတ်လိုက်ပြီးတဲ့နောက် အသက်ရှင် ကျန်ရစ်သူတွေအတွက် ပြန်လည် ထူထောင်ရေးကို အာရုံစိုက်သွားမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ကမ္ဘာပေါ်မှာ အမြင့်ဆုံး နေရာတစ်ခုဖြစ်ပြီး အရမ်းအေးမြတဲ့ ရာသီဥတုမျိုး ရှိနေတဲ့ နေရာမှာ ပျောက်ဆုံးနေသူတွေ ဆက်ပြီး အသက်ရှင်ဖို့ မျှော်လင့်ချက်က မရှိသလောက် နည်းသွားတယ်လို့ ကယ်ဆယ်ရေးတွေက ဝန်ခံခဲ့ပါတယ်။ အမေရိကန် ငလျင်တိုင်းတာရေး အေဂျင်စီက ရစ်ချ်တာစကေး ၇.၁၊ တရုတ်က ရစ်ချ်တာစကေး ၆.၈ လို့ ကြေညာထားတဲ့ အင်အားပြင်း ငလျင်ကြီးဟာ ဇန်နဝါရီ ၇ ရက်နေ့က တိဘက်ရဲ့ ဘာသာရေး အထွဋ်အမြတ် မြို့တစ်ခုဖြစ်တဲ့ တင်ဂရီနားကို ဗဟိုပြု လှုပ်ခတ်သွားခဲ့တာ ဖြစ်ပါတယ်။

ကယ်ဆယ်ရေး အဖွဲ့တွေဟာ ငလျင်အပြီး အစောပိုင်း နာရီတွေမှာ အသက်ရှင်လျက် ပိတ်မိနေဖွယ် ရှိသူတွေကို အပူတပြင်း လိုက်လံ ရှာဖွေခဲ့ပေမယ့် ဇန်နဝါရီ ၉ ရက်မှာတော့ ရှာဖွေရေးကို ရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ်။ ငလျင်ကြောင့် တင်ဂရီမှာ နေအိမ် ၃၆၀၀ ကျော် ပြိုကျ ပျက်စီးခဲ့ပါတယ်။ ပျမ်းမျှအမြင့်က မီတာ ၄၀၀၀ လောက်ထိရှိတဲ့ နေရာမှာ အလုပ်လုပ်ရတာက ကယ်ဆယ်ရေး အဖွဲ့သားတွေအတွက် အရမ်းကြီးမားတဲ့ စိန်ခေါ်မှုမျိုး ဖြစ်စေခဲ့ပါတယ်။

ညပိုင်း အချိန်တွေဆိုရင် အနုတ် ၁၈ ဒီဂရီ ဆဲလ်ဆီးရပ်စ်ထိ အေးခဲနေတဲ့ ရာသီဥတုမှာ နောက်ထပ် အသက်ရှင်လျက် ပိတ်မိနေသူတွေ မရှိနိုင်တော့ဘူးလို့ ဆုံးဖြတ်ပြီးတဲ့နောက် ၄၈ နာရီ အကြာမှာ ငလျင် ကယ်ဆယ်ရေး လုပ်ငန်းတွေကို ရပ်နားလိုက်တာ ဖြစ်ပါတယ်။ ငလျင်ကြောင့် အနည်းဆုံး ၁၂၆ ဦး သေဆုံးပြီး ၁၈၈ ဦး ဒဏ်ရာရခဲ့တယ်လို့ တရုတ် အစိုးရ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ ကယ်ဆယ်ရေး အဖွဲ့တွေဟာ အဲဒီ ၄၈ နာရီအတွင်း လူပေါင်း ၄၀၀ ကျော်ကို အပျက်အစီးတွေ အောက်ကနေ ကယ်ထုတ်နိုင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အခုတော့ ကယ်ဆယ်ရေး လုပ်ငန်းတွေ ရပ်နားသွားပြီဖြစ်ပြီး ငလျင်အတွင်း ဒဏ်ရာရခဲ့သူတွေကို ဖိဖိစီးစီး ကုသပေးဖို့နဲ့ အိုးမဲ့အိမ်မဲ့ ဖြစ်သွားသူတွေကို ရွှေ့ပြောင်းပေးဖို့၊ နေရာထိုင်ခင်း စီစဉ်ပေးဖို့ ဦးစားပေး လုပ်ဆောင်မယ်လို့ တရုတ် အာဏာပိုင်တွေက ဆိုပါတယ်။

တိဘက်ဒေသကို နိုင်ငံခြား သတင်းထောက်တွေ သွားရောက်ဖို့အတွက် တရုတ် အစိုးရဆီကနေ ခွင့်ပြုချက် တောင်းခံဖို့ လိုအပ်ပါတယ်။ တိဘက်ဟာ ၁၉၅၉ ခုနှစ်တုန်းက မအောင်မြင်ခဲ့တဲ့ ပုန်ကန်ထကြွမှုအပြီး တရုတ်ရဲ့ ကြီးစိုးအုပ်ချုပ်မှုအောက် ကျရောက်နေခဲ့တာ ဖြစ်ပါတယ်။

ကိုးကား: CAN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ၊ တိဘက် ကုန်းမြင့်ဒေသမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် သေဆုံးသူ အရေအတွက် ၁၂၀ ကျော်လွန်လာပြီ ဖြစ်သလို ကယ်ဆယ်ရေး အဖွဲ့တွေဟာ ညလုံးပေါက် ရှာဖွေမှုတွေ အပူတပြင်း ဆက်လက် လုပ်ဆောင်နေပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံရဲ့ တောင်ထူထပ်ရာ တိဘက်ကုန်းမြင့် ဒေသမှာ အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ခဲ့တဲ့နောက် လူ ၅၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ပစိဖိတ် သမုဒ္ဒရာထဲက ကျွန်းနိုင်ငံငယ်လေး ဗန်နူရာတူရဲ့ ကမ်းလွန်မှာ ရစ်ချ်တာစကေး ၇.၃ အဆင့် အင်အားပြင်း ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တာကြောင့် ထိခိုက်ပျက်စီးမှုတွေ ကြီးကြီးမားမား ဖြစ်ပေါ်ခဲ့သလို ဆူနာမီ ရေလှိုင်း အန္တရာယ် သတိပေးချက်တွေပါ ထုတ်ပြန်ခဲ့ရပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ် မြောက်ပိုင်း ကမ်းလွန်မှာ ရစ်ချ်တာစကေး ၇.၀ အဆင့် အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေပါ ထုတ်ပြန်ခဲ့ရပါတယ်။

Facebook