Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီထောက်ပို့စစ်ကြောင်းတိုက်ခိုက်မှုတွင် ပြည်သူများပစ်ခတ်နေသည့် ဟောက်ဝစ်ဇာအမြောက်ကျည်များသိမ်းရမှု အဖိုးမဖြတ်နိုင်ဟု အရာတော်ပကဖ ပြော

အရာတော်မြို့ အမှတ်(၁၀)စစ်အခြေခံလေ့ကျင့်ရေးတပ်(စခတ-၁၀)သို့လာသည့် စစ်ကောင်စီ ထောက်ပို့စစ်ကြောင်းတိုက်ခိုက်ရာတွင် ပြည်သူများအားရမ်းသမ်းပစ်ခတ်နေသည့် ၁၂၂ မမ ဟောက်ဝစ်ဇာအမြောက်ကျည်များ သိမ်းပိုက်ရရှိမှုမှာ အဖိုးမဖြတ်နိုင်ကြောင်း အရာတော် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ယနေ့(ဇန်နဝါရီ ၁၁ရက်) ထုတ်ပြန်သည်။

စစ်ကောင်စီထောက်ပို့စစ်ကြောင်းတိုက်ခိုက်မှုတွင် သိမ်းရသော ဟောက်ဝစ်ဇာ အမြောက်ကျည်များ။ ဓာတ်ပုံ - အရာတော်ပကဖ

ဟန်နွေ/People’s Spring

အရာတော်မြို့ အမှတ်(၁၀)စစ်အခြေခံလေ့ကျင့်ရေးတပ်(စခတ-၁၀)သို့လာသည့် စစ်ကောင်စီ ထောက်ပို့စစ်ကြောင်းတိုက်ခိုက်ရာတွင် ပြည်သူများအားရမ်းသမ်းပစ်ခတ်နေသည့် ၁၂၂ မမ ဟောက်ဝစ်ဇာအမြောက်ကျည်များ သိမ်းပိုက်ရရှိမှုမှာ အဖိုးမဖြတ်နိုင်ကြောင်း အရာတော် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ယနေ့(ဇန်နဝါရီ ၁၁ရက်) ထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)စစ်ဒေသကွပ်ကဲမှုအောက်ရှိ PDF ၊ ပကဖ ပူးပေါင်းတပ်များသည် ဇန်နဝါရီ ၉ရက်တွင် စစ်ကောင်စီ၏ ထောက်ပို့ ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ဦး သေဆုံးပြီး ၇ဦး အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများ သိမ်းရခဲ့သည်။

သိမ်းရခဲ့သည့် လက်နက်ခဲယမ်းများတွင် ၁၂၂ မမ ဟောက်ဝစ်ဇာ ကျည် ၁၅လုံးပါရှိသည်ဟု စစ်ဒေသ(၁)က အသိပေးထားသည်။

Public Service Announcement

Public Service Announcement

“ပြီးခဲ့တဲ့ ၉ ရက်နေ့မှာဖြစ်ခဲ့တဲ့ နမခကနေ အရာတော် စခတ ၁၀ ခွေးထောက်ပို့စစ်ကြောင်းကို ဖြတ်တောက်တဲ့ တိုက်ပွဲမှာ ကျွန်တော်တို့အနေနဲ့ အဖိုးမဖြတ်နိုင်တာက ပြည်သူတွေကို ရမ်းသမ်းထုနေတဲ့ ဟောင်ဝပ်ဇာကျည်တွေကိုပါ သိမ်းဆည်းရမိလိုက်တာပဲဖြစ်ပါတယ်။ စခတ ၁၀က စခတွေဟာ ကြွက်မနိုင် ကျီမီးနဲ့ရှို့ဆိုသလို PDF တွေကို မနိုင်တိုင်း ညည အရာတော် ပြည်သူတွေကို အိပ်ကောင်းခြင်းမအိပ်ရ၊ စားကောင်းခြင်း မစားရအောင် နှိပ်စက်နေတာလဲ ဒီဟောင်ဝပ်ဇာပါပဲ” ဟု အရာတော် ပကဖက ထုတ်ပြန်သည်။

စစ်ကောင်စီထောက်ပို့စစ်ကြောင်းတိုက်ခိုက်မှုတွင် သိမ်းရသော ဟောက်ဝစ်ဇာ အမြောက်ကျည်များ။ ဓာတ်ပုံ – အရာတော်ပကဖ

မကြာသေးမီ ကာလအတွင်းကလည်း ဒေသတွင်းကျေးရွာအလှူပွဲကို စကတ-၁၀က ဟောက်ဝစ်ဇာဖြင့် ရမ်းသမ်းပစ်ခတ်ခှဲ့၍ ပြည်သူများ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း အသိပေးခဲ့သော်လည်း ဖြစ်စဉ်အသေးစိတ်ကို ဖော်ပြမထားပေ။

ဇန်နဝါရီ ၉ရက်က မုံရွာမြို့အခြေစိုက် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နမခ)မှ စစ်ကောင်စီ ထောက်ပို့စစ်ကြောင်း တိုက်ခိုက်မှုအတွင်း တော်လှန်ရေး ရဲဘော်တစ်ဦး ကျဆုံးခဲ့ရသည်ဟုလည်း အရာတော် ပကဖ အသိပေးသည်။

“ ပြည်သူ့အတွက် ထိုက်တန်ဂုဏ်ပြောင်စွာ အသက်ပေးလှူခဲ့တဲ့ ရဲဘော်ကို လေးစားဂုဏ်ယူလျှက်ပါ” ဟု အရာတော် ပကဖက ထုတ်ပြန်သည်။

အဆိုပါ စစ်ကောင်စီထောက်ပို့ စစ်ကြောင်းတွင် ထပရ (၉၂၉)တပ်ရင်း နှင့် တပ်မ (၇၇) လက်အောက်ခံ ထုတ်နုတ်အင်အားများပါသည့် Jammer ကား ၃စီး၊ ချောဆွဲခံထားရသည့် ရိက္ခာတင်ကုန်ကား ၇စီးအား မုံရွာခရိုင်တပ်ရင်းများ၊ ဒရုန်းတပ်ဖွဲ့၊ အရာတော်ပကဖ တပ်ဖွဲ့များ၊ ဒေသတွင်း တော်လှန်ရေးတပ်များ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီ ၁၁ရက်တွင်လည်း အရာတော် -မုံရွာ လမ်းပိုင်းတွင် စစ်ရေးတင်းမာနေဆဲအခြေအနေဖြစ်၍ ပြည်သူများ လုံခြုံရေးအတွက် အရာတော် – မုံရွာလမ်း အသုံးပြုခြင်းကို ရပ်နားထားပေးရန် အရာတော် ပကဖက ထုတ်ပြန်ထားသည်။ ထို့ပြင် ပြည်သူများ၏ ကာများချောဆွဲနေပြီး လမ်းပိုင်းပေါ် လှုပ်ရှားမှုများ ရှိနေဆဲဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသမှာ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့မှုအတွင်း ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊မတ္တရာမြို့နယ်အတွင်း စစ်တပ် တပ်စွဲထားတဲ့ကြိမ်တောရွာ နဲ့ ကုန်းတန်းကြီးရွာတို့ကိုတော်လှန်ရေးပူးပေါင်းတပ်တွေ ကဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား၆ဦး ထပ်မနည်း သေဆုံးခဲ့တယ်လို့ တော်လှန်ရေး တပ် တွေက ထုတ်ပြန်ထားပါတယ်။